အလ်-မာအိဒ · 114/120
ဘာသာပြန် အသံနိုင်ငံ — အလ်-မာအိဒ
قَالَ عِيسَى ابْنُ مَرْيَمَ اللَّهُمَّ رَبَّنَا أَنزِلْ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِّأَوَّلِنَا وَآخِرِنَا وَآيَةً مِّنكَ ۖ وَارْزُقْنَا وَأَنتَ خَيْرُ الرَّازِقِينَ ١١٤
Transliteration
Qaala `Eesab nu Maryamal laahumma Rabbanaaa anzil `alainaa maaa`idatam minas samaaa`i takoonu lanaa `eedal li awwalinaa wa aakirinaa wa Aayatam minka warzuqnaa wa Anta khairur raaziqeen
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနားတော်မူပါ။ ထိုစားဖွယ်သောက်ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (ဝါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများအဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း ပျော်ရွှင်ဖွယ်ရာဖြစ်ပါစေ။ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်တစ်ပါးလည်း ဖြစ်ပါစေ။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသော ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 112-116 — အလ်-မာအိဒ
112إِذْ قَالَ الْحَوَارِيُّونَ يَا عِيسَى ابْنَ مَرْيَمَ هَلْ يَسْتَطِيعُ رَبُّكَ أَن يُنَزِّلَ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ ۖ قَالَ اتَّقُوا اللَّهَ إِن كُنتُم مُّؤْمِنِينَ
(အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။
113قَالُوا نُرِيدُ أَن نَّأْكُلَ مِنْهَا وَتَطْمَئِنَّ قُلُوبُنَا وَنَعْلَمَ أَن قَدْ صَدَقْتَنَا وَنَكُونَ عَلَيْهَا مِنَ الشَّاهِدِينَ
ထို (ဟဝါရီ) များက “ကျွန်တော်မျိုးတို့သည် ထို (စားပွဲတွင်ပါရှိလေသော) စားဖွယ်ကို (‘ဗရ်ကသ်’ မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊ အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား (မိမိ နဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန်စွာပြောဆိုခဲ့သည်ကို (ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ) နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာလည်းကောင်း ရည်စူးကြပါသည်” ဟု ပြန်ကြားကြကုန်၏။
114قَالَ عِيسَى ابْنُ مَرْيَمَ اللَّهُمَّ رَبَّنَا أَنزِلْ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِّأَوَّلِنَا وَآخِرِنَا وَآيَةً مِّنكَ ۖ وَارْزُقْنَا وَأَنتَ خَيْرُ الرَّازِقِينَ
မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနားတော်မူပါ။ ထိုစားဖွယ်သောက်ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (ဝါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများအဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း ပျော်ရွှင်ဖွယ်ရာဖြစ်ပါစေ။ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်တစ်ပါးလည်း ဖြစ်ပါစေ။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသော ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။
115قَالَ اللَّهُ إِنِّي مُنَزِّلُهَا عَلَيْكُمْ ۖ فَمَن يَكْفُرْ بَعْدُ مِنكُمْ فَإِنِّي أُعَذِّبُهُ عَذَابًا لَّا أُعَذِّبُهُ أَحَدًا مِّنَ الْعَالَمِينَ
အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ်သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန် ချပေးသနားတော်မူအံ့။ သို့ရာတွင် ထို (သို့ချပေးသနားတော်မူပြီး) နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲ ပေးတော်မူအံ့” ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (ရကူ)
116وَإِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ أَأَنتَ قُلْتَ لِلنَّاسِ اتَّخِذُونِي وَأُمِّيَ إِلَٰهَيْنِ مِن دُونِ اللَّهِ ۖ قَالَ سُبْحَانَكَ مَا يَكُونُ لِي أَنْ أَقُولَ مَا لَيْسَ لِي بِحَقٍّ ۚ إِن كُنتُ قُلْتُهُ فَقَدْ عَلِمْتَهُ ۚ تَعْلَمُ مَا فِي نَفْسِي وَلَا أَعْلَمُ مَا فِي نَفْسِكَ ۚ إِنَّكَ أَنتَ عَلَّامُ الْغُيُوبِ
(ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်” ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ “(အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။”
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
114အာယာသ်
ဘာသာပြန် — အလ်-မာအိဒ 114
စူရာ အလ်-မာအိဒ အာယာသ် 114 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို-…စူရာ အာယာသ် 114/120 — အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-မာအိဒ နားထောင်, အလ်-မာအိဒ ဘာသာပြန်, အလ်-မာအိဒ mp3, အလ်-မာအိဒ pdf. အာယာသ် 112–116. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








