فَلَمَّا رَأَى الشَّمْسَ بَازِغَةً قَالَ هَٰذَا رَبِّي هَٰذَا أَكْبَرُ ۖ فَلَمَّا أَفَلَتْ قَالَ يَا قَوْمِ إِنِّي بَرِيءٌ مِّمَّا تُشْرِكُونَ ٧٨
🔤 Transliteration
Falammmaa ra ashshamsa baazighatan qaala haazaa Rabbee haazaaa akbaru falammaaa afalat qaala yaa qawmi innee bareee`um mimmaa tushrikoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဂ။ တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) သူရိယနေကို ထွန်းလင်းတောက်ပစွာ မြင်လေပြန်သောအခါ (အသင်တို့၏ထင်မြင်ယူဆချက်အရ) ဤသည်သာလျှင် ငါ့အား ဖန်ဆင်းတော်မူသောအရှင် ဤသည်သာလျှင် အကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ပြန်၏။ သို့ရာတွင် ထိုသူရိယနေသည်လည်းကွယ်ပျောက်သွားသောအခါ (တမန်တော် အစ်ဗ်ရဟီမ်က) အိုငါ၏အမျိုးသားအပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်လျက်ရှိကြသောအရာများမှ လုံးဝလွတ်ကင်းသည်ဟုပြောကြားခဲ့လေသည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ بَازِغَةً (ဗာဇိဂဟ်) — ပေါ်ထွက်နေသော၊ ထွန်းလင်းတောက်ပနေသော။أَفَلَتْ (အဖလသ်) — ကွယ်ပျောက်သွားသော၊ နစ်မြုပ်သွားသော။بَرِيءٌ (ဗရီအွန်) — ကင်းလွတ်သော၊ ဆက်စပ်မှုမရှိသော၊ ငါသည် သင်တို့၏ ရှိခိုးကိုးကွယ်မှုများနှင့် လုံးဝကင်းလွတ်သည်။مِمَّا تُشْرِكُونَ (မိမ်မာ တွရှ်ရိကူန်) — သင်တို့ ရှိခိုးကိုးကွယ်သည့် (အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သည့်) အရာများမှ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် နက္ခတ်တာရာများနှင့် လမင်းကို လေ့လာဆင်ခြင်ပြီးနောက် နေမင်းကြီး ထွန်းလင်းတောက်ပနေသည်ကို မြင်တော်မူသောအခါ “ဤသည်ကား ငါ၏ အရှင်သခင်ဖြစ်သည်၊ ဤသည်ကား (ကြယ်နက္ခတ်နှင့် လမင်းထက်) ပို၍ ကြီးကျယ်သည်” ဟု မိန့်ဆိုတော်မူသည်။ သို့သော် နေမင်းကြီး ကွယ်ပျောက်သွားသောအခါ ထိုအရာများသည် ဖန်ဆင်းခံပစ္စည်းများဖြစ်ကြောင်း၊ ပြောင်းလဲခြင်း၊ ကွယ်ပျောက်ခြင်းတို့ဖြင့် ပြည့်စုံကြောင်း သိမြင်တော်မူပြီး “အို ငါ၏လူမျိုးတို့၊ ငါသည် သင်တို့ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်နေကြသော အရာများမှ လုံးဝကင်းလွတ်ပါသည်” ဟု ကြေညာတော်မူသည်။
ဤအာယသ်တော်သည် တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) ၏ တောက်ပသော အတွေးအခေါ်နှင့် စူးစမ်းရှာဖွေမှုလမ်းစဉ်ကို ဖော်ပြသည်။ သူသည် နေ၊ လ၊ ကြယ်နက္ခတ်တို့ကို အစဉ်လိုက်၍ လေ့လာဆင်ခြင်ပြီး နောက်ဆုံးတွင် ထိုအရာများအားလုံးသည် ဖန်ဆင်းခံများဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သာလျှင် စစ်မှန်သော အရှင်သခင်ဖြစ်ကြောင်း သိမြင်တော်မူသည်။ ဤနည်းဖြင့် သူသည် ရှိရှိသမျှ ရုပ်တု၊ နေ၊ လ၊ ကြယ်နက္ခတ်များကို ကိုးကွယ်ခြင်းမှ လုံးဝကင်းလွတ်ကြောင်း ကြေညာပြီး အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ရှိတော်မူသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ ၁။ စူးစမ်းဆင်ခြင်ခြင်း၏ အရေးပါမှု — စကြဝဠာနှင့် သဘာဝဖြစ်ရပ်များကို လေ့လာဆင်ခြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်ကို သိမြင်ရန် လမ်းစဖြစ်သည်။ ဆင်ခြင်တတ်သူသည် ဖန်ဆင်းခံမျ
فَلَمَّا رَءَا ٱلشَّمۡسَ بَازِغَةً قَالَ هَٰذَا رَبِّي هَٰذَآ أَكۡبَرُۖ فَلَمَّآ أَفَلَتۡ قَالَ يَٰقَوۡمِ إِنِّي بَرِيٓءٌ مِّمَّا تُشۡرِكُونَ ٧٨
ဂ။ တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) သူရိယနေကို ထွန်းလင်းတောက်ပစွာ မြင်လေပြန်သောအခါ (အသင်တို့၏ထင်မြင်ယူဆချက်အရ) ဤသည်သာလျှင် ငါ့အား ဖန်ဆင်းတော်မူသောအရှင် ဤသည်သာလျှင် အကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ပြန်၏။ သို့ရာတွင် ထိုသူရိယနေသည်လည်းကွယ်ပျောက်သွားသောအခါ (တမန်တော် အစ်ဗ်ရဟီမ်က) အိုငါ၏အမျိုးသားအပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်လျက်ရှိကြသောအရာများမှ လုံးဝလွတ်ကင်းသည်ဟုပြောကြားခဲ့လေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 76-80 — စူရာ အလ်-အန်အာမ်
76 فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ رَأَىٰ كَوْكَبًا ۖ قَالَ هَٰذَا رَبِّي ۖ فَلَمَّا أَفَلَ قَالَ لَا أُحِبُّ الْآفِلِينَ
သို့ဖြစ်ပေရာ ညဉ့်(၏အမိုက်မှောင်)သည် ထို(အစ်ဗ်ရာဟီမ်)အား ဖုံးလွှမ်းသောအခါ ထို (တမန်တော်အစ်ဗ်ရာဟီမ်)သည် ကြယ်တစ်လုံးကို တွေ့မြင်လေ၏။ ထိုအခါတမန်တော်အစ်ဗ်ရာဟီမ်က ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်ဟုဆိုခဲ့၏။ တဖန် ထိုကြယ်ပျောက်ကွယ်သွားသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်)က ငါသည်ကွယ်ပျောက်သွားသောအရာများကို မနှစ်သက်ပေဟုပြောကြားခဲ့၏။
77 فَلَمَّا رَأَى الْقَمَرَ بَازِغًا قَالَ هَٰذَا رَبِّي ۖ فَلَمَّا أَفَلَ قَالَ لَئِن لَّمْ يَهْدِنِي رَبِّي لَأَكُونَنَّ مِنَ الْقَوْمِ الضَّالِّينَ
တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) လ ကိုလင်းဝင်း တောက်ပစွာ တွေ့မြင်သောအခါ ဤသည် ငါ့အားဖန်ဆင်းမွေးမြူသောအရှင် ဖြစ်သည် ဟုပြောဆိုပြန်၏။ သို့ရာတွင် ထို လ သည် ကွယ်ပျောက်သွားခဲ့ လေသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်က) အကယ်၍သာ ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည် ငါ့ကို တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခြင်း မရှိခဲ့ပါမူ၊ ကျွန်ုပ်သည် လမ်းမှားသောသူတို့တွင် မုချအပါအဝင်ဖြစ်သွားမည် ဟုပြောကြားခဲ့လေသည်။
78 فَلَمَّا رَأَى الشَّمْسَ بَازِغَةً قَالَ هَٰذَا رَبِّي هَٰذَا أَكْبَرُ ۖ فَلَمَّا أَفَلَتْ قَالَ يَا قَوْمِ إِنِّي بَرِيءٌ مِّمَّا تُشْرِكُونَ
ဂ။ တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) သူရိယနေကို ထွန်းလင်းတောက်ပစွာ မြင်လေပြန်သောအခါ (အသင်တို့၏ထင်မြင်ယူဆချက်အရ) ဤသည်သာလျှင် ငါ့အား ဖန်ဆင်းတော်မူသောအရှင် ဤသည်သာလျှင် အကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ပြန်၏။ သို့ရာတွင် ထိုသူရိယနေသည်လည်းကွယ်ပျောက်သွားသောအခါ (တမန်တော် အစ်ဗ်ရဟီမ်က) အိုငါ၏အမျိုးသားအပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်လျက်ရှိကြသောအရာများမှ လုံးဝလွတ်ကင်းသည်ဟုပြောကြားခဲ့လေသည်။
79 إِنِّي وَجَّهْتُ وَجْهِيَ لِلَّذِي فَطَرَ السَّمَاوَاتِ وَالْأَرْضَ حَنِيفًا ۖ وَمَا أَنَا مِنَ الْمُشْرِكِينَ
ဧကန်စင်စစ် ငါသည် မိမိမျက်နှာကို မိုးများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူသောအရှင်မြတ်ဖက်သို့သာလျှင်အာရုံစူးစိုက်လျက် လှည့်ခဲ့လေပြီ။ စင်စစ်သော်ကား ငါသည်(တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သော သူတို့အနက်မှာ မဟုတ်ပြီ။(တစ်နည်း။)မုချဧကန် ကျွန်ုပ်သည် (အခြားသောလမ်းစဉ်များကိုစွန့်လွှတ်၍) တစ်စိတ်တစ်လတ်တည်း ဖြောင့်မတ်တည်ကြည်သူအဖြစ်ဖြင့် မိမိမျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော အရှင်မြတ်ဖက်သို့လှည့်ပါပြီ။ ၎င်းပြင် ကျွန်ုပ်သည် မုရှ်ရစ်က်များတွင် အပါအဝင်မဟုတ်ပါ။
80 وَحَاجَّهُ قَوْمُهُ ۚ قَالَ أَتُحَاجُّونِّي فِي اللَّهِ وَقَدْ هَدَانِ ۚ وَلَا أَخَافُ مَا تُشْرِكُونَ بِهِ إِلَّا أَن يَشَاءَ رَبِّي شَيْئًا ۗ وَسِعَ رَبِّي كُلَّ شَيْءٍ عِلْمًا ۗ أَفَلَا تَتَذَكَّرُونَ
၎င်းနောက် ထို(တမန်တော် အစ်ဗ်ရာဟီမ်)၏အမျိုးသားများသည် ထို(တမန်တော် အစ်ဗ်ရာဟီမ်)နှင့် အငြင်းအခုံ ပြုကြလေသည်။ ထိုအခါ (တမန်တော် အစ်ဗ်ရာဟီမ်)ကအသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ပင် ငါနှင့်အငြင်းအခုံ ပြုလုပ်ကြသလော။ အမှန်မှာ ထိုအရှင်မြတ်သည်ငါ့အား တရားလမ်းမှန်ကို ပြတော်မူပြီးဖြစ်သည်။ ၎င်းပြင်ငါသည် အသင်တို့ ယှဉ်တွဲကိုးကွယ် ကြသောအရာများကိုမကြောက်ပေ။ သို့ရာတွင် ငါ၏အရှင်သည်ပင် တစ်စုံတစ်ရာကို အလိုရှိတော်မူပါသော် (ဖြစ်နိုင်၏။) ငါ၏အရှင်သည် အရာခပ်သိမ်းတို့ကို အသိပညာအားဖြင့် ဝန်းခြုံလျက်ရှိ တော်မူသည်။သို့ပါလျက် အသင်တို့သည် သတိမမူ ကြပါလော။
ဘာသာပြန် — အလ်-အန်အာမ် 78 စူရာ အလ်-အန်အာမ် အာယာသ် 78 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဂ။ တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) သူရိယနေကို ထွန်းလင်းတောက်ပစွာ မြင်လေပြန်သောအခါ (အသင်တို့၏ထင်မြင်ယူဆချက်အရ) ဤသည်သာလျှင် ငါ့အား ဖန်ဆင်းတော်မူသောအရှင်…
စူရာ အာယာသ် 78/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 76–80. မြန်မာဘာသာ: ภาษาไทย.