وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ لِمَ تُؤْذُونَنِي وَقَد تَّعْلَمُونَ أَنِّي رَسُولُ اللَّهِ إِلَيْكُمْ ۖ فَلَمَّا زَاغُوا أَزَاغَ اللَّهُ قُلُوبَهُمْ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ ٥
🔤 Transliteration
Wa iz qaala Moosa liqawmihee yaa qawmi lima tu`zoonanee wa qat ta`lamoona annee Rasoolul laahi ilaikum falammaa zaaghooo azaaghal laahu quloobahum; wallaahu laa yahdil qawmal faasiqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့်အတွက်ကြောင့် အသင်တို့သည် ငါ့အား ဒုက္ခပေးကြသနည်း"ဟု ပြောကြားခဲ့လေ၏။ သို့ပါလျက် ၎င်းတို့သည် လွဲချော် မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးကို လွဲချော် မှောက်မှားစေတော်မူခဲ့၏။ အမှန်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောလူမျိုးအား လမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပေ။
🌐 Additional reference in ภาษาไทย
၁) ဝေါဟာရအနက်ဖွင့်ဆိုချက် وَإِذْ — သတိရပါ၊ တစ်ချိန်ကာလကို ပြန်လည်အမှတ်ရစေသော စကားလုံး။لِمَ تُؤْذُونَنِي — အဘယ်ကြောင့် ကျွန်ုပ်ကို နှောင့်ယှက်ညှဉ်းပန်းကြသနည်း။ "အီဇာ" သည် စိတ်ပင်ပန်းစေခြင်း၊ နှောင့်ယှက်ခြင်းကို ဆိုလိုသည်။زَاغُوا — သူတို့သည် လမ်းမှန်မှ လွဲချော်သွားကြသည်၊ ကွေးကောက်သွားကြသည်။أَزَاغَ اللَّهُ قُلُوبَهُمْ — အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများကို လမ်းမှန်မှ လွဲစေတော်မူခဲ့သည်။الْفَاسِقِينَ — အမိန့်တော်ကို ဖီဆန်သူများ၊ နာခံမှုလမ်းမှ ထွက်သွားသူများ။၂) အာယသ်တော်၏ အနက်အဓိပ္ပာယ် အို တမန်တော်မုဟမ္မဒ်၊ တစ်ချိန်ကာလက တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) သည် သူ၏လူမျိုးဖြစ်သော အစ္စရေးအမျိုးသားတို့အား ဤသို့ဆိုခဲ့သည်ကို ပြန်လည်သတိရပါ။ အို ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် ကျွန်ုပ်အား အဘယ်ကြောင့် နှောင့်ယှက်ညှဉ်းပန်းကြသနည်း။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အဖြစ် သင်တို့ထံသို့ စေလွှတ်ခြင်းခံရသူဖြစ်ကြောင်း သင်တို့ကောင်းစွာသိရှိကြပါလျက်၊ တမန်တော်တစ်ပါးကို ရိုသေလေးစားရမည်ဖြစ်ပါလျက်၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။
ထို့နောက် သူတို့သည် မိမိတို့ဆန္ဒအလျောက် လမ်းမှန်မှ လွဲချော်သွားကြသောအခါ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများကို အီမာန်နှင့် ကောင်းမှုကုသိုလ်လမ်းမှ လွဲစေတော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို ဖီဆန်ပြီး လမ်းမှန်မှ ထွက်သွားသောလူမျိုးကို လမ်းမှန်သို့ ညွှန်ပြတော်မူသည် မဟုတ်ပါ။
ဤအာယသ်တော်တွင် တမန်တော်မူစာ၏လူမျိုးများသည် သူ့အား မည်သို့နှောင့်ယှက်ခဲ့ကြသည်ကို ဖော်ပြထားသည်။ သူတို့သည် သူ့ကို မဟုတ်မမှန်စွပ်စွဲခြင်း၊ ငြင်းပယ်ခြင်း၊ ဂျိဟာဒ်တွင် ပါဝင်ရန် ငြင်းဆန်ခြင်းတို့ဖြင့် နှောင့်ယှက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မိမိတို့ကိုယ်တိုင် လမ်းမှန်ကို ရွေးချယ်စွန့်လွှတ်သောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများကို လမ်းမှန်မှ လွဲစေတော်မူခဲ့သည်။ ဤသည်မှာ သူတို့၏ မကောင်းသောရွေးချယ်မှုအတွက် အကျိုးဆက်ဖြစ်သည်။
**၃) ဤအာယသ်တော်မှ ရရှိသော အကျ
وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦ يَٰقَوۡمِ لِمَ تُؤۡذُونَنِي وَقَد تَّعۡلَمُونَ أَنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡۖ فَلَمَّا زَاغُوٓاْ أَزَاغَ ٱللَّهُ قُلُوبَهُمۡۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ٥
၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့်အတွက်ကြောင့် အသင်တို့သည် ငါ့အား ဒုက္ခပေးကြသနည်း"ဟု ပြောကြားခဲ့လေ၏။ သို့ပါလျက် ၎င်းတို့သည် လွဲချော် မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးကို လွဲချော် မှောက်မှားစေတော်မူခဲ့၏။ အမှန်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောလူမျိုးအား လမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 3-7 — စူရာ အစ်-စဖ်
3 كَبُرَ مَقْتًا عِندَ اللَّهِ أَن تَقُولُوا مَا لَا تَفْعَلُونَ
အလ္လာဟ်အရှင်မြတ်အထံတော်တွင် အသင်တို့မပြုလုပ်ကြသော အမှုကိစ္စကို (ပြုလုပ်လေဟန်) ပြောဆိုခြင်းသည် လွန်စွာ မုန်းတီးစက်ဆုပ်ဖွယ်ကောင်းလှ၏၊
4 إِنَّ اللَّهَ يُحِبُّ الَّذِينَ يُقَاتِلُونَ فِي سَبِيلِهِ صَفًّا كَأَنَّهُم بُنْيَانٌ مَّرْصُوصٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်၏လမ်းတော်၌ စီတန်းလျက် လွန်စွာသိပ်သည်း ခိုင်ခံ့လှစွာသော အဆောက်အအုံကဲ့သို့ပင် (မဆုတ်မနစ်၊ စိတ်ဓာတ် တည်ကြည်ကြံ့ခိုင်စွာ) တိုက်ခိုက်ကြကုန်သော သူတို့အား နှစ်မြို့တော်မူပေသတည်း။
5 وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ لِمَ تُؤْذُونَنِي وَقَد تَّعْلَمُونَ أَنِّي رَسُولُ اللَّهِ إِلَيْكُمْ ۖ فَلَمَّا زَاغُوا أَزَاغَ اللَّهُ قُلُوبَهُمْ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့်အတွက်ကြောင့် အသင်တို့သည် ငါ့အား ဒုက္ခပေးကြသနည်း"ဟု ပြောကြားခဲ့လေ၏။ သို့ပါလျက် ၎င်းတို့သည် လွဲချော် မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးကို လွဲချော် မှောက်မှားစေတော်မူခဲ့၏။ အမှန်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောလူမျိုးအား လမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပေ။
6 وَإِذْ قَالَ عِيسَى ابْنُ مَرْيَمَ يَا بَنِي إِسْرَائِيلَ إِنِّي رَسُولُ اللَّهِ إِلَيْكُم مُّصَدِّقًا لِّمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَمُبَشِّرًا بِرَسُولٍ يَأْتِي مِن بَعْدِي اسْمُهُ أَحْمَدُ ۖ فَلَمَّا جَاءَهُم بِالْبَيِّنَاتِ قَالُوا هَٰذَا سِحْرٌ مُّبِينٌ
ထိုမှတစ်ပါး ပြန်လည် သတိရရှိကြလေကုန်။အခါတစ်ပါး၌ ‘မရ်ယမ်’၏သားတော် နဗီတမန်တော် ‘အီစာ’သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို-အစ္စရာအီလီ မျိုးနွယ်ဝင် အပေါင်းတို့။ ဧကန်မလွဲ ငါသည် မိမိအလျင်ရှိနေသော တောင်ရာတ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူ အဖြစ်လည်းကောင်း၊ ငါ၏နောက်တွင်’အဟ်မဒ်’ဟူသော အမည်နာမနှင့် ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်း ပြောကြားသူအဖြစ်လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။ သို့တစေလည်း ထို(နဗီတမန်တော်)သည် သက်သေလက္ခဏာတော်များနှင့်တကွ ၎င်းတို့ထံ ရောက်ရှိ၍ လာခဲ့သောအခါ ၎င်းတို့က ဤသည်ထင်ရှားစွာသော ပဉ္စလက်အတတ်ပင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသတည်း။
7 وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ وَهُوَ يُدْعَىٰ إِلَى الْإِسْلَامِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အမှန်စင်စစ်သော်ကား မိမိကိုယ်တိုင် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်ခြင်း ခံရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အပေါ်ဝယ် မုသားကို လီဆယ်စွပ်စွဲသောသူထက် ပိုမို၍မတရားသောသူကား အသူရှိအံ့နည်း။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မတရားသော လူမျိုးတို့အား တရားလမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပြီ။
ဘာသာပြန် — အစ်-စဖ် 5 စူရာ အစ်-စဖ် အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည်…
စူရာ အာယာသ် 5/14 — စူရာ အစ်-စဖ် الصف (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အစ်-စဖ် နားထောင်, စူရာ အစ်-စဖ် ဘာသာပြန်, စူရာ အစ်-စဖ် mp3, စူရာ အစ်-စဖ် pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.