အစ်-စဖ် · 6/14
ဘာသာပြန် အသံနိုင်ငံ — စူရာ အစ်-စဖ်
وَإِذْ قَالَ عِيسَى ابْنُ مَرْيَمَ يَا بَنِي إِسْرَائِيلَ إِنِّي رَسُولُ اللَّهِ إِلَيْكُم مُّصَدِّقًا لِّمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَمُبَشِّرًا بِرَسُولٍ يَأْتِي مِن بَعْدِي اسْمُهُ أَحْمَدُ ۖ فَلَمَّا جَاءَهُم بِالْبَيِّنَاتِ قَالُوا هَٰذَا سِحْرٌ مُّبِينٌ ۝٦
Wa iz qaala `Eesab-nu-Mayama yaa Banee Israaa`eela innee Rasoolul laahi ilaikum musaddiqal limaa baina yadayya minat Tawraati wa mubashshiram bi Rasooliny yaatee mim ba`dis muhooo Ahmad; falammaa jaaa`ahum bil baiyinaati qaaloo haazaa sihrum mubeen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ပြန်လည် သတိရရှိကြလေကုန်။အခါတစ်ပါး၌ ‘မရ်ယမ်’၏သားတော် နဗီတမန်တော် ‘အီစာ’သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို-အစ္စရာအီလီ မျိုးနွယ်ဝင် အပေါင်းတို့။ ဧကန်မလွဲ ငါသည် မိမိအလျင်ရှိနေသော တောင်ရာတ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူ အဖြစ်လည်းကောင်း၊ ငါ၏နောက်တွင်’အဟ်မဒ်’ဟူသော အမည်နာမနှင့် ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်း ပြောကြားသူအဖြစ်လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။ သို့တစေလည်း ထို(နဗီတမန်တော်)သည် သက်သေလက္ခဏာတော်များနှင့်တကွ ၎င်းတို့ထံ ရောက်ရှိ၍ လာခဲ့သောအခါ ၎င်းတို့က ဤသည်ထင်ရှားစွာသော ပဉ္စလက်အတတ်ပင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁) အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဗနီအစ္စရာအီလ် (بَنِي إِسْرَائِيلَ) — အစ္စရာအီလ်၏ သားမြေးများ၊ ဆိုလိုသည်မှာ ယဟူဒီလူမျိုးများ။
  • တောင်ရသ် (التَّوْرَاةِ) — တမန်တော် မူစာ (အလိုင်ဟိစ္စလာမ်) ထံ ချပေးခဲ့သော ကျမ်းတော်။
  • မုစဒ္ဒိကန် (مُصَدِّقًا) — အတည်ပြုသူ၊ မှန်ကန်ကြောင်း ထောက်ခံသူ။
  • မုဗရှရန် (مُبَشِّرًا) — သတင်းကောင်း ပေးသူ။
  • အဟ်မဒ် (أَحْمَدُ) — တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ၏ နာမတော်တစ်ခု။
  • ဗိုင်ယိနာသ် (الْبَيِّنَاتِ) — ထင်ရှားသော သက်သေလက္ခဏာများ၊ အံ့ဖွယ်နိမိတ်များ။
  • သိဟ်ရုန် မုဗီန် (سِحْرٌ مُّبِينٌ) — ထင်ရှားသော မှော်ပညာ။

၂) အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အို တမန်တော်၊ အသင်သည် မိမိလူမျိုးတို့အား ပြန်လည် သတိရစေပါ။ တစ်ချိန်က မရ်ယမ်၏သား အီစာ (အလိုင်ဟိစ္စလာမ်) က မိမိလူမျိုးဖြစ်သော အစ္စရာအီလ် သားမြေးတို့အား ဤသို့ မိန့်ကြားခဲ့သည် — “အို အစ္စရာအီလ် သားမြေးတို့၊ ငါသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အဖြစ် သင်တို့ထံ စေလွှတ်ခြင်း ခံရသူ ဖြစ်သည်။ ငါသည် ငါ့အလျင် ရှိခဲ့သော တောင်ရသ်ကျမ်းတော်ကို အတည်ပြုသူလည်း ဖြစ်သည်။ ထို့အပြင် ငါ့နောက်တွင် ပေါ်ထွန်းလာမည့် တမန်တော်တစ်ပါးအကြောင်း သတင်းကောင်း ပေးသူလည်း ဖြစ်သည်။ ထိုတမန်တော်၏ နာမတော်မှာ အဟ်မဒ် ဖြစ်သည်။”

ထိုတမန်တော်မှာ တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ပင်ဖြစ်သည်။ အီစာ (အလိုင်ဟိစ္စလာမ်) သည် မိမိ၏ တမန်တော်ဖြစ်ကြောင်း ထင်ရှားသော သက်သေလက္ခဏာများနှင့်အတူ လူမျိုးတို့ထံ ရောက်ရှိလာသောအခါ သူတို့က “ဤသည် ထင်ရှားသော မှော်ပညာပင်” ဟု ဆိုကာ ငြင်းပယ်ခဲ့ကြသည်။

ဤအာယသ်တော်သည် အီစာ (အလိုင်ဟိစ္စလာမ်) ကိုယ်တိုင် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အကြောင်း သတင်းကောင်း ပေးခဲ့ကြောင်း ထင်ရှားစွာ ဖော်ပြထားသည်။ ထို့ကြောင့် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် အီစာ (အလိုင်ဟိစ္စလာမ်) ကြိုတင် ကြေညာခဲ့သော တမန်တော်ဖြစ်ကြောင်း ယုံကြည်ခြင်းသည် အီစာ (အလိုင်ဟိစ္စလာမ်) ၏ သွန်သင်ချက်နှင့် ကိုက်ည



📜 အာယာသ် 4-8 — စူရာ အစ်-စဖ်

4إِنَّ اللَّهَ يُحِبُّ الَّذِينَ يُقَاتِلُونَ فِي سَبِيلِهِ صَفًّا كَأَنَّهُم بُنْيَانٌ مَّرْصُوصٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်၏လမ်းတော်၌ စီတန်းလျက် လွန်စွာသိပ်သည်း ခိုင်ခံ့လှစွာသော အဆောက်အအုံကဲ့သို့ပင် (မဆုတ်မနစ်၊ စိတ်ဓာတ် တည်ကြည်ကြံ့ခိုင်စွာ) တိုက်ခိုက်ကြကုန်သော သူတို့အား နှစ်မြို့တော်မူပေသတည်း။
5وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ لِمَ تُؤْذُونَنِي وَقَد تَّعْلَمُونَ أَنِّي رَسُولُ اللَّهِ إِلَيْكُمْ ۖ فَلَمَّا زَاغُوا أَزَاغَ اللَّهُ قُلُوبَهُمْ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့်အတွက်ကြောင့် အသင်တို့သည် ငါ့အား ဒုက္ခပေးကြသနည်း"ဟု ပြောကြားခဲ့လေ၏။ သို့ပါလျက် ၎င်းတို့သည် လွဲချော် မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးကို လွဲချော် မှောက်မှားစေတော်မူခဲ့၏။ အမှန်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောလူမျိုးအား လမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပေ။
6وَإِذْ قَالَ عِيسَى ابْنُ مَرْيَمَ يَا بَنِي إِسْرَائِيلَ إِنِّي رَسُولُ اللَّهِ إِلَيْكُم مُّصَدِّقًا لِّمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَمُبَشِّرًا بِرَسُولٍ يَأْتِي مِن بَعْدِي اسْمُهُ أَحْمَدُ ۖ فَلَمَّا جَاءَهُم بِالْبَيِّنَاتِ قَالُوا هَٰذَا سِحْرٌ مُّبِينٌ
ထိုမှတစ်ပါး ပြန်လည် သတိရရှိကြလေကုန်။အခါတစ်ပါး၌ ‘မရ်ယမ်’၏သားတော် နဗီတမန်တော် ‘အီစာ’သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို-အစ္စရာအီလီ မျိုးနွယ်ဝင် အပေါင်းတို့။ ဧကန်မလွဲ ငါသည် မိမိအလျင်ရှိနေသော တောင်ရာတ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူ အဖြစ်လည်းကောင်း၊ ငါ၏နောက်တွင်’အဟ်မဒ်’ဟူသော အမည်နာမနှင့် ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်း ပြောကြားသူအဖြစ်လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။ သို့တစေလည်း ထို(နဗီတမန်တော်)သည် သက်သေလက္ခဏာတော်များနှင့်တကွ ၎င်းတို့ထံ ရောက်ရှိ၍ လာခဲ့သောအခါ ၎င်းတို့က ဤသည်ထင်ရှားစွာသော ပဉ္စလက်အတတ်ပင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသတည်း။
7وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ وَهُوَ يُدْعَىٰ إِلَى الْإِسْلَامِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အမှန်စင်စစ်သော်ကား မိမိကိုယ်တိုင် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်ခြင်း ခံရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အပေါ်ဝယ် မုသားကို လီဆယ်စွပ်စွဲသောသူထက် ပိုမို၍မတရားသောသူကား အသူရှိအံ့နည်း။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မတရားသော လူမျိုးတို့အား တရားလမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပြီ။
8يُرِيدُونَ لِيُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَاللَّهُ مُتِمُّ نُورِهِ وَلَوْ كَرِهَ الْكَافِرُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်ကို မိမိတို့၏ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြကုန်၏။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သောသူများ မနှစ်မြို့ကြငြားသော်လည်း အလ္လာဟ်အရှင်မြတ်မှာမူကား မိမိရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။
အစ်-စဖ်ကုရ်အာန် ညွှန်းကိန်း
14အာယာသ်
MedinanRevelation
6အာယာသ်

ဘာသာပြန် — အစ်-စဖ် 6

စူရာ အစ်-စဖ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ပြန်လည် သတိရရှိကြလေကုန်။အခါတစ်ပါး၌ ‘မရ်ယမ်’၏သားတော် နဗီတမန်တော် ‘အီစာ’သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို-အစ္စရာအီလီ မျိုးနွယ်ဝင် အပေါင်းတို့။…

စူရာ အာယာသ် 6/14 — စူရာ အစ်-စဖ် الصف (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အစ်-စဖ် နားထောင်, စူရာ အစ်-စဖ် ဘာသာပြန်, စူရာ အစ်-စဖ် mp3, စူရာ အစ်-စဖ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers