အလ်-အာအ်ရာဖ် · 127/206
ဘာသာပြန် အသံနိုင်ငံ — အလ်-အာအ်ရာဖ်
وَقَالَ الْمَلَأُ مِن قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ ۝١٢٧
Wa qaalal mala-u min qawmi Fir`awna atazaru Moosaa wa qawmahoo liyufsidoo fil ardi wa yazaraka wa aalihatak; qaala sanuqattilu abnaaa `ahum wa nastahyee nisaaa`ahum wa innaa fawqahum qaahiroon
📖 မြန်မာဘာသာ
ထို့နောက် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အနက်မှ မှူးမတ်တို့က (ဤသို့)ပြောဆိုကြလေသည်။ အသင်သည် မူစာနှင့်ယင်း၏အမျိုးသားတို့ကို တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နိုင် ကြရန်လည်းကောင်း၊ ထိုတမန်တော်(မူစာ)သည် အသင်နှင့်တကွ အသင်၏ကိုးကွယ်ရာများကိုပါ စွန့်ပစ်ထားရန်လည်းကောင်း၊ (ဤအတိုင်းပင်)လွှတ်၍ထားပါမည်လော။ ထိုအခါ ယင်း(ဖစ်ရ်အောင်န်)က (ဤသို့ပြန်လည်)ပြောကြားလေသည်။ ငါတို့သည် မကြာမီ ၎င်းတို့၏သားယောက်ျားကလေးများကို သတ်ဖြတ်ကြမည်။ သို့ရာတွင်၎င်းတို့၏ အမျိုးသမီးများကိုမူကား (ခိုင်းစေနိုင်ရန်အတွက်သတ်ဖြတ်ခြင်းမပြုပဲ) အသက်ချမ်းသာခွင့် ပေးထားကြမည်။��မှန်သော်ကား ငါတို့သည် ၎င်းတို့အား(နိုင်နင်း လွှမ်းမိုးသူများပင် ဖြစ်ကြသည်။)

🎧 နားထောင်


📜 အာယာသ် 125-129 — အလ်-အာအ်ရာဖ်

125قَالُوا إِنَّا إِلَىٰ رَبِّنَا مُنقَلِبُونَ
ထိုအခါ ယင်း(ပဉ္စလက်ဆရာ)တို့က ကျွန်ုပ်တို့သည် ဧကန်မလွဲ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရမည့် သူများသာဖြစ်ကြသည်ဟု ပြောဆိုကြကုန်သည်။
126وَمَا تَنقِمُ مِنَّا إِلَّا أَنْ آمَنَّا بِآيَاتِ رَبِّنَا لَمَّا جَاءَتْنَا ۚ رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَتَوَفَّنَا مُسْلِمِينَ
စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အားကျွန်ုပ်တို့ထံ ကျွန်ုပ်တို့အသျှင်မြတ်၏ သက်သေ လက္ခဏာများရောက်ရှိလာသောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံကြသည်ကိုသာလျှင် တုံ့ပြန်လက်စား ချေသည်သာဖြစ်ပေသည်။ (ထို့နောက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ဆုမွန်ပတ္တနာ ပြုကြကုန်၏။) အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ။(ရကူ)
127وَقَالَ الْمَلَأُ مِن قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ
ထို့နောက် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အနက်မှ မှူးမတ်တို့က (ဤသို့)ပြောဆိုကြလေသည်။ အသင်သည် မူစာနှင့်ယင်း၏အမျိုးသားတို့ကို တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နိုင် ကြရန်လည်းကောင်း၊ ထိုတမန်တော်(မူစာ)သည် အသင်နှင့်တကွ အသင်၏ကိုးကွယ်ရာများကိုပါ စွန့်ပစ်ထားရန်လည်းကောင်း၊ (ဤအတိုင်းပင်)လွှတ်၍ထားပါမည်လော။ ထိုအခါ ယင်း(ဖစ်ရ်အောင်န်)က (ဤသို့ပြန်လည်)ပြောကြားလေသည်။ ငါတို့သည် မကြာမီ ၎င်းတို့၏သားယောက်ျားကလေးများကို သတ်ဖြတ်ကြမည်။ သို့ရာတွင်၎င်းတို့၏ အမျိုးသမီးများကိုမူကား (ခိုင်းစေနိုင်ရန်အတွက်သတ်ဖြတ်ခြင်းမပြုပဲ) အသက်ချမ်းသာခွင့် ပေးထားကြမည်။��မှန်သော်ကား ငါတို့သည် ၎င်းတို့အား(နိုင်နင်း လွှမ်းမိုးသူများပင် ဖြစ်ကြသည်။)
128قَالَ مُوسَىٰ لِقَوْمِهِ اسْتَعِينُوا بِاللَّهِ وَاصْبِرُوا ۖ إِنَّ الْأَرْضَ لِلَّهِ يُورِثُهَا مَن يَشَاءُ مِنْ عِبَادِهِ ۖ وَالْعَاقِبَةُ لِلْمُتَّقِينَ
ထို(နဗီတမန်တော်မူစာ)က မိမိအမျိုးသားတို့ အား(အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထံတော် မှအကူအညီကို အသနားခံကြလေကုန်။ ၎င်းပြင် အသင်တို့ သည်(ထိုအရှင်မြတ်၏ တရား လမ်းစဉ်၌) တည်ကြည်ကြံ့ခိုင် စွာရှိကြလေကုန်။ ဧကန်စင်စစ် (ဤ)ကမ္ဘာမြေသည် အလ္လာဟ်အရှင် မြတ်စိုးပိုင်တော်မူသော ကမ္ဘာမြေပြင်သာ ဖြစ်ချေသည်။ထိုအရှင်မြတ်သည် ယင်းကမ္ဘာမြေကို မိမိ၏ ကျွန်တို့အနက်အလိုရှိတော်မူသောသူအား စိုးပိုင်စေ တော်မူလေသည်။ သို့ရာတွင် နောက်ဆုံးအကျိုးသည် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသော သူတော်စင်များအဖို့သာဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။
129قَالُوا أُوذِينَا مِن قَبْلِ أَن تَأْتِيَنَا وَمِن بَعْدِ مَا جِئْتَنَا ۚ قَالَ عَسَىٰ رَبُّكُمْ أَن يُهْلِكَ عَدُوَّكُمْ وَيَسْتَخْلِفَكُمْ فِي الْأَرْضِ فَيَنظُرَ كَيْفَ تَعْمَلُونَ
ထိုအခါ ၎င်း(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့က အို-နဗီတမန်တော်(မူစာ) ကျွန်ုပ်တို့သည် အသင်ကျွန်ုပ်တို့ထံ မရောက်မီကလည်း ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။ အသင်ကျွန်ုပ်တို့ထံ ရောက်လာပြီးနောက်တွင်လည်းညှဉ်းပန်းနှိပ်စက်ခြင်း ကို ခံနေကြရပါသည်ဟု ပြောဆိုကြလေသည်။ (ထိုအခါ) နဗီတမန်တော်(မူစာ)က (အချင်းတို့)အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည်မကြာမီ အသင်တို့၏ရန်သူကို သေကျေပျက်စီးစေတော်မူ၍အသင်တို့အား တိုင်းပြည် တွင် အုပ်စိုးစေတော်မူမည်ဖြစ်သည်။ထို့နောက် အသင်တို့သည် မည်သို့ကျင့်မူကြသည်ကို ရှုစားတော်မူလိမ့်မည်ဟု ပြောကြားလေသည်။(ရကူ)
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
127အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 127

စူရာ အလ်-အာအ်ရာဖ် အာယာသ် 127 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အနက်မှ မှူးမတ်တို့က (ဤသို့)ပြောဆိုကြလေသည်။ အသင်သည် မူစာနှင့်ယင်း၏အမျိုးသားတို့ကို တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နိုင်…

စူရာ အာယာသ် 127/206 — အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အာအ်ရာဖ် နားထောင်, အလ်-အာအ်ရာဖ် ဘာသာပြန်, အလ်-အာအ်ရာဖ် mp3, အလ်-အာအ်ရာဖ် pdf. အာယာသ် 125–129. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers