وَقَطَّعْنَاهُمْ فِي الْأَرْضِ أُمَمًا ۖ مِّنْهُمُ الصَّالِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ ۖ وَبَلَوْنَاهُم بِالْحَسَنَاتِ وَالسَّيِّئَاتِ لَعَلَّهُمْ يَرْجِعُونَ ١٦٨
🔤 Transliteration
Wa qatta`naahum fil ardi umamam minhumus aalihoona wa min hum doona zaalika wa balawnaahum bilhasanaati wassaiyi aati la`allahum yarji`oon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားကမ္ဘာမြေဝယ် အုပ်စု(အမျိုးမျိုး) ကွဲပြားစေတော်မူခဲ့ လေသည်။၎င်းတို့အနက်အချို့သည် သူတော်ကောင်းများ ဖြစ်ကြသည်။ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ တစ်ပါးသောသူများလည်းရှိခဲ့ကြ၏။ ၎င်းပြင် ငါအရှင်မြတ်သည် သုခချမ်းသာများ(ကိုချီးမြှင့်ပေးသ နားတော်မူခြင်းအား) ဖြင့်လည်းကောင်း၊ဆင်းရဲဒုက္ခများ (သက်ရောက်စေခြင်းအား)ဖြင့်လည်းကောင်း၊စမ်းသပ်တော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုများမှ) ပြန်လှည့်လာကြတန်ရာသည်။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက် وَقَطَّعْنَاهُمْ — ငါအရှင်မြတ်သည် သူတို့ကို အပိုင်းပိုင်းခွဲခြားထားတော်မူခဲ့သည်။أُمَمًا — လူမျိုးအုပ်စုများ၊ အဖွဲ့အစည်းများ။الصَّالِحُونَ — ကောင်းမှုပြုသူများ၊ အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့် ကျေးကျွန်များ၏ အခွင့်အရေးများကို ကျေပွန်စွာ ထမ်းဆောင်သူများ။دُونَ ذَٰلِكَ — ထိုအဆင့်အောက် နိမ့်ကျသူများ။وَبَلَوْنَاهُمْ — ငါအရှင်မြတ်သည် သူတို့ကို စမ်းသပ်တော်မူခဲ့သည်။الْحَسَنَاتِ — ကောင်းမှုများ၊ ကောင်းချီးမင်္ဂလာများ၊ ချမ်းသာသုခများ။السَّيِّئَاتِ — မကောင်းမှုများ၊ ဘေးဒုက္ခများ၊ ဆင်းရဲဒုက္ခများ။يَرْجِعُونَ — သူတို့ပြန်လာကြမည်၊ လမ်းမှန်သို့ ပြန်လျှောက်ကြမည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်တို့ကို ကမ္ဘာမြေပြင်တွင် လူမျိုးအုပ်စုအမျိုးမျိုးအဖြစ် ကွဲပြားခွဲခြားထားတော်မူခဲ့သည်။ သူတို့ထဲတွင် အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့် ကျေးကျွန်များ၏ အခွင့်အရေးများကို ကျေပွန်စွာ ထမ်းဆောင်သော ကောင်းမှုပြုသူများလည်း ရှိကြသည်။ ထို့ပြင် ထိုအဆင့်အောက် နိမ့်ကျသော၊ မိမိကိုယ်ကို ပြစ်မှုဒုစရိုက်များဖြင့် နစ်နာဆုံးရှုံးစေသော သူများလည်း ရှိကြသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ကောင်းချီးမင်္ဂလာများ၊ ချမ်းသာသုခများဖြင့်လည်းကောင်း၊ ဘေးဒုက္ခများ၊ ဆင်းရဲဒုက္ခများဖြင့်လည်းကောင်း စမ်းသပ်တော်မူခဲ့သည်။ ဤသို့ စမ်းသပ်တော်မူခြင်း၏ ရည်ရွယ်ချက်မှာ သူတို့သည် မိမိတို့၏ မကောင်းမှုများမှ ပြန်လည်ရှောင်ကြဉ်ပြီး အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်လှည့်လာကြရန်၊ နောင်တရကြရန်နှင့် အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြရန် ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အလ္လာဟ်အရှင်မြတ်သည် လူသားများကို လူမျိုးအုပ်စုများအဖြစ် ကွဲပြားစေတော်မူခြင်းသည် အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် စီမံခန့်ခွဲမှုတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
၂။ လူသားများထဲတွင် ကောင်းမှုပြုသူများလည်း ရှိသကဲ့သို့ အောက်ကျသူများလည်း ရှိသည်။ ဤအချက်က လူ
وَقَطَّعۡنَٰهُمۡ فِي ٱلۡأَرۡضِ أُمَمًاۖ مِّنۡهُمُ ٱلصَّٰلِحُونَ وَمِنۡهُمۡ دُونَ ذَٰلِكَۖ وَبَلَوۡنَٰهُم بِٱلۡحَسَنَٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمۡ يَرۡجِعُونَ ١٦٨
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားကမ္ဘာမြေဝယ် အုပ်စု(အမျိုးမျိုး) ကွဲပြားစေတော်မူခဲ့ လေသည်။၎င်းတို့အနက်အချို့သည် သူတော်ကောင်းများ ဖြစ်ကြသည်။ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ တစ်ပါးသောသူများလည်းရှိခဲ့ကြ၏။ ၎င်းပြင် ငါအရှင်မြတ်သည် သုခချမ်းသာများ(ကိုချီးမြှင့်ပေးသ နားတော်မူခြင်းအား) ဖြင့်လည်းကောင်း၊ဆင်းရဲဒုက္ခများ (သက်ရောက်စေခြင်းအား)ဖြင့်လည်းကောင်း၊စမ်းသပ်တော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုများမှ) ပြန်လှည့်လာကြတန်ရာသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 166-170 — စူရာ အလ်-အာအ်ရာဖ်
166 فَلَمَّا عَتَوْا عَن مَّا نُهُوا عَنْهُ قُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
သို့ဖြစ်ပေရာ ထိုသူတို့သည် မိမိတို့ မြစ်တားခြင်းခံခဲ့ကြရသော အမှုကိစ္စနှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသောမျောက်တိရစ္ဆာန်များဖြစ်ကြလော့ဟူ၍ မိန့်ကြား တော်မူခဲ့လေသတည်း။
167 وَإِذْ تَأَذَّنَ رَبُّكَ لَيَبْعَثَنَّ عَلَيْهِمْ إِلَىٰ يَوْمِ الْقِيَامَةِ مَن يَسُومُهُمْ سُوءَ الْعَذَابِ ۗ إِنَّ رَبَّكَ لَسَرِيعُ الْعِقَابِ ۖ وَإِنَّهُ لَغَفُورٌ رَّحِيمٌ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်သတိရပါလေ)။ အခါတစ်ပါး၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်(ဤသို့)ကြေငြာတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အကြင်ကဲ့သို့သောသူများကို ကိယာမတ် နေ့တိုင်အောင် မလွဲဧကန် လွှမ်းမိုးစေတော်မူအံ့။ ထိုသူများသည် ပြင်းထန်လှသောပြစ်ဒဏ်ကို၎င်းတို့၌ သက်ရောက်ကြစေအံ့။ ဧကန်မလွဲ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အလွန် လျင်မြန်စွာအပြစ်ပေးတော်မူသောအသျှင်ဖြစ်တော် မူပေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် မုချစင်စစ် အလွန်ချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူသတည်း။
168 وَقَطَّعْنَاهُمْ فِي الْأَرْضِ أُمَمًا ۖ مِّنْهُمُ الصَّالِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ ۖ وَبَلَوْنَاهُم بِالْحَسَنَاتِ وَالسَّيِّئَاتِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားကမ္ဘာမြေဝယ် အုပ်စု(အမျိုးမျိုး) ကွဲပြားစေတော်မူခဲ့ လေသည်။၎င်းတို့အနက်အချို့သည် သူတော်ကောင်းများ ဖြစ်ကြသည်။ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ တစ်ပါးသောသူများလည်းရှိခဲ့ကြ၏။ ၎င်းပြင် ငါအရှင်မြတ်သည် သုခချမ်းသာများ(ကိုချီးမြှင့်ပေးသ နားတော်မူခြင်းအား) ဖြင့်လည်းကောင်း၊ဆင်းရဲဒုက္ခများ (သက်ရောက်စေခြင်းအား)ဖြင့်လည်းကောင်း၊စမ်းသပ်တော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုများမှ) ပြန်လှည့်လာကြတန်ရာသည်။
169 فَخَلَفَ مِن بَعْدِهِمْ خَلْفٌ وَرِثُوا الْكِتَابَ يَأْخُذُونَ عَرَضَ هَٰذَا الْأَدْنَىٰ وَيَقُولُونَ سَيُغْفَرُ لَنَا وَإِن يَأْتِهِمْ عَرَضٌ مِّثْلُهُ يَأْخُذُوهُ ۚ أَلَمْ يُؤْخَذْ عَلَيْهِم مِّيثَاقُ الْكِتَابِ أَن لَّا يَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ وَدَرَسُوا مَا فِيهِ ۗ وَالدَّارُ الْآخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ
တစ်ဖန် ၎င်းတို့မရှိသည့်နောက်တွင် အကြင်ယုတ်မာသ�ာ သားမြေးတို့က (၎င်းတို့၏)ရိုက်ရာ ဆက်ခံခဲ့ကြကုန်၏။ ထိုသူတို့သည် ကျမ်းဂန်ကို အမွေရယူခဲ့ကြကုန်၏။(သို့ရာတွင်) ၎င်းတို့သည် (ထိုကျမ်းဂန်လာ ဒေသနာတော်များ၏အစား) ဤလောကီပစ္စည်းများကို ယူကြလေသည်။ ထို့ပြင်၎င်းတို့က ကျွန်ုပ်တို့သည် (ဤကျမ်းဂန်လာ ဒေသနာတော်များကို ရောင်းစားခဲ့ကြသည့်အပြစ်မှ) မုချချမ်းသာခွင့် ပေးသနားတော်မူခြင်းခံကြရပေမည် ဟူ၍လည်း ပြောဆိုကြသေး၏။စင်စစ်သော်ကား ၎င်းတို့သည် အကယ်၍ (ယခုတဖန်) ထိုကဲ့သို့သော ဥစ္စာပစ္စည်းများသည် ၎င်းတို့ထံရောက်လာပါလျှင်ထိုပစ္စည်းများကို ယူကြဦးမည်သာတည်း။ (တောင်ရာတ်)ကျမ်းတော်တွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မှန်ရာကိုသာပြောဆိုကြရန် ၎င်းတို့ထံမှ ပဋိညာဉ်ယူထားပြီးဖြစ်သည်သာမက ၎င်းတို့သည် ယင်းကျမ်းဂန်လာ အမိန့်တော်များကိုဖတ်ခဲ့ပြီးလည်းဖြစ်ကြသည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝ၏ သုခချမ်းသာသည်(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသော(အားဖြင့် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်ကြကုန်သော)သူတို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့ပါလျက်အသင် တို့သည် (ဤမျှပင်) မသိနားမလည်ကြလေသလော။
170 وَالَّذِينَ يُمَسِّكُونَ بِالْكِتَابِ وَأَقَامُوا الصَّلَاةَ إِنَّا لَا نُضِيعُ أَجْرَ الْمُصْلِحِينَ
အကြင်သူတို့သည် ကျမ်းဂန် ဒေသနာတော်ကိုတည်ကြည်စွဲမြဲစွာ စောင့်ထိန်းကြ၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုခြင်းကိုလည်း အမြဲမပြတ် ဆောက်တည်ကြ၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) ပြုပြင်ကြကုန်သောသူတို့၏ အကျိုးကျေးဇူးကို ပျက်စီးစေတော်မူမည် မဟုတ်ပေ။
ဘာသာပြန် — အလ်-အာအ်ရာဖ် 168 စူရာ အလ်-အာအ်ရာဖ် အာယာသ် 168 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားကမ္ဘာမြေဝယ် အုပ်စု(အမျိုးမျိုး) ကွဲပြားစေတော်မူခဲ့ လေသည်။၎င်းတို့အနက်အချို့သည် သူတော်ကောင်းများ ဖြစ်ကြသည်။ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ…
စူရာ အာယာသ် 168/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 166–170. မြန်မာဘာသာ: ภาษาไทย.