အလ်-အာအ်ရာဖ် · 19/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَيَا آدَمُ اسْكُنْ أَنتَ وَزَوْجُكَ الْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ ۝١٩
Wa yaaa Aadamus kun anta wa zawjukal Jannata fakulaa min haisu shi`tumaa wa laa taqrabaa haazihish shajarata fatakoonaa minza zaalimeen
📖 မြန်မာဘာသာ
၎င်းပြင် အို-အာဒမ်၊ အသင်သည် မိမိကြင်ရာနှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်ပါလေ။ ထို့နောက်အသင်တို့နှစ်ဦးသည် မိမိတို့အလိုရှိရာ နေရာမှ စားသုံးကြလေကုန်။ သို့ရာတွင် ဤသစ်ပင်အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။သို့မဟုတ်လျှင် အသင်တို့နှစ်ဦးသည်(လည်း) နစ်နာဆုံးရှုံးသူတို့တွင်အပါအဝင် ဖြစ်သွားကြလတ္တံ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာဦးအဖ အာဒမ်နှင့် ဇနီး ဟဝါတို့အား ဂျန္နသ်ဥယျာဉ်တော်တွင် နေထိုင်ခွင့်ပြုခြင်း၊ ထိုဥယျာဉ်တော်အတွင်းရှိ အသီးအနှံများကို လွတ်လပ်စွာ စားသုံးခွင့်ပြုခြင်း၊ သို့သော် အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြထားသော သစ်ပင်တစ်ပင်မှ အသီးကို မစားရန် တားမြစ်ခြင်းတို့ ပါဝင်သည်။ "ဇာလိမ်မိန" (အမှောင်ချနိုင်သူများ) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ချိုးဖောက်သူများ၊ မိမိကိုယ်ကို ထိခိုက်နစ်နာစေသူများကို ဆိုလိုသည်။
  2. အလ္လာဟ်အရှင်မြတ်သည် အာဒမ်အလိုင်ဟိစ်စလာမ်အား မိန့်တော်မူခဲ့သည်။ အို အာဒမ်၊ သင်နှင့် သင့်ဇနီးတို့သည် ဂျန္နသ်ဥယျာဉ်တော်တွင် နေထိုင်ကြပါ။ ထိုဥယျာဉ်တော်အတွင်းရှိ သန့်ရှင်းသော အစားအသောက်များကို သင်တို့နှစ်ဦး လိုလားသည့်နေရာမှ စားသုံးနိုင်ကြသည်။ သို့သော် ဤသစ်ပင်ကို မချဉ်းကပ်ကြလေနှင့်။ အကယ်၍ သင်တို့နှစ်ဦး ထိုသစ်ပင်၏ အသီးကို စားသုံးမိပါက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ချိုးဖောက်သူများ၊ မိမိတို့ကိုယ်ကို နစ်နာဆုံးရှုံးစေသူများ ဖြစ်သွားကြမည်ဖြစ်သည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က အာဒမ်နှင့် ဟဝါတို့အား စမ်းသပ်ခြင်းဖြစ်ပြီး၊ လူသားတို့၏ ဘဝတွင် အမိန့်တော်ကို လိုက်နာခြင်း၏ အရေးပါမှုကို ဖော်ပြသည်။
  3. ဤအာယတ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား များစွာသော ခွင့်ပြုချက်များနှင့် ကောင်းချီးများကို ပေးသနားတော်မူသည်။ ထို့ကြောင့် ကျေးဇူးတင်ရမည်။
  • အရှင်မြတ်၏ တားမြစ်ချက်များကို လိုက်နာခြင်းသည် မိမိကိုယ်ကို ကာကွယ်ခြင်းဖြစ်သည်။
  • အမှားပြုမိပါက နောင်တရပြီး အရှင်မြတ်ထံ ပြန်လည်ခိုလှုံခြင်းဖြင့် ခွင့်လွှတ်ခြင်းကို ရရှိနိုင်သည်။
  • အစ္စလာမ်သည် လူသားတို့အတွက် လမ်းညွှန်မှုနှင့် ကရုဏာတော်ဖြစ်သည်။
  • ဤအာယတ်တော်သည် လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာရန် အားပေးတိုက်တွန်းပြီး၊ ကုရ်အာန်သည် လူသားတို့အတွက် လမ်းညွှန်စာအုပ်ဖြစ်ကြောင်း သိစေသည်။


📜 အာယာသ် 17-21 — စူရာ အလ်-အာအ်ရာဖ်

17ثُمَّ لَآتِيَنَّهُم مِّن بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَن شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
18قَالَ اخْرُجْ مِنْهَا مَذْءُومًا مَّدْحُورًا ۖ لَّمَن تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنكُمْ أَجْمَعِينَ
(ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-အစ်ဗ်လီးစ်) အသင်သည် ထို(ဂျန္နတ်အမတသုခဘုံ)မှ ဂုဏ်သရေသိမ်ဖျင်းစွာ နှင်ထုတ်ခြင်းခံရသူအဖြစ် ထွက်သွားလော့။ အမှန်စင်စစ်၊ ၎င်းတို့အနက် မည်သူမဆိုအသင်၏နောက်ကိုလိုက်ခဲ့ပါမူ ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို မလွဲဧကန် အသင်တို့အားလုံးဖြင့် ဖြည့်တော်မူအံ့။[အသင်ထိုမှထွက်လေ ဆိုလိုသည်ကား အသင်သည် ဂျန္နတ်မှထွက်လေ။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ထိုအရှင်မြတ်၏ ကောင်းကင်တမန်များ၏ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းခံရသူအဖြစ်’ဂျန္နတ်’မှ အနှင်ခံရသူအဖြစ်နှင့် ထွက်လေ။ဆိုလိုသည်ကား အခြားမုခပါဌ်တော်များတွင် ပါရှိသည့်အတိုင်း’အစ်ဗ်လစ်’ သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခဲ့ရသည်။ အပါးတော်မှ အနှင်ခံခဲ့ရသည်ဟူ၏။]
19وَيَا آدَمُ اسْكُنْ أَنتَ وَزَوْجُكَ الْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
၎င်းပြင် အို-အာဒမ်၊ အသင်သည် မိမိကြင်ရာနှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်ပါလေ။ ထို့နောက်အသင်တို့နှစ်ဦးသည် မိမိတို့အလိုရှိရာ နေရာမှ စားသုံးကြလေကုန်။ သို့ရာတွင် ဤသစ်ပင်အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။သို့မဟုတ်လျှင် အသင်တို့နှစ်ဦးသည်(လည်း) နစ်နာဆုံးရှုံးသူတို့တွင်အပါအဝင် ဖြစ်သွားကြလတ္တံ။
20فَوَسْوَسَ لَهُمَا الشَّيْطَانُ لِيُبْدِيَ لَهُمَا مَا وُورِيَ عَنْهُمَا مِن سَوْآتِهِمَا وَقَالَ مَا نَهَاكُمَا رَبُّكُمَا عَنْ هَٰذِهِ الشَّجَرَةِ إِلَّا أَن تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ الْخَالِدِينَ
ထို့နောက် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏စိတ်တွင်း၌၎င်းတို့မှ ဖုံးကွယ်လျက်ရှိသော ၎င်းတို့၏အရှက်ကို ၎င်းတို့၏ရှေ့ဝယ် ပေါ်လွင်စေရန်အကြံပေးလေ၏။ ထို့ပြင် (ဤသို့) ပြောဆိုခဲ့၏။ (အမှန်စင်စစ်)အသင်တို့၏အရှင်သည် အသင်တို့အား အသင်တို့နှစ်ဦးအပါးတော်စေတမန်များသော်လည်းကောင်း၊ ထာဝစဉ်အသက်ရှင်နေသူများသော်၎င်း၊ မဖြစ်နိုင်ကြရန်သာလျှင်ဤသစ်ပင်မှ တားမြစ်တော် မူခဲ့လေသည်။(တစ်နည်း)ထို့နောက် ရှိုင်တွာန်သည် ထိုနှစ်ဦးတို့ထံမှ ဖုံးကွယ်လျက်ရှိသော ထိုနှစ်ဦးတို့၏အရှက်ကို ပေါ် လွင်သွားစေရန် မကောင်းသောအကြံအစည်ကို ထိုနှစ်ဦးတို့(၏စိတ်)တွင်ဖြစ်ပေါ်စေ၏။ ၎င်းနောက် ထိုရှိုင်တွာန်က အသင်တို့နှစ်ဦးအား အသင်တို့နှစ်ဦး ၏အရှင်က ဤသစ်ပင်မှ တားမြစ်တော်မူခြင်းမှာ အသင်တို့နှစ်ဦး ကောင်းကင်တမန်များ(မ)ဖြစ်ကြရန်သို့မဟုတ် အသင်တို့နှစ်ဦး ထာဝစဉ် အသက်ရှင် နေသူများတွင်အပါအဝင် (မ)ဖြစ်ကြရန်အတွက်သာလျှင် ဖြစ်ချေသည်ဟုပြောဆိုလေ၏။
21وَقَاسَمَهُمَا إِنِّي لَكُمَا لَمِنَ النَّاصِحِينَ
၎င်းပြင် ယင်း(ရှိုင်တွာန်မိစ္ဆာကောင်သည်) ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏ရှေ့ဝယ် ဧကန်မလွဲ ကျွန်ုပ်သည်အသင်တို့နှစ်ဦး၏ ကောင်းရာကောင်း ကြောင်းကို လိုလားသူသာလျှင် ဖြစ်ပါသည် ဟု သစ္စာပြုကျိန်ဆိုလေ၏။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
19အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 19

စူရာ အလ်-အာအ်ရာဖ် အာယာသ် 19 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အို-အာဒမ်၊ အသင်သည် မိမိကြင်ရာနှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်ပါလေ။ ထို့နောက်အသင်တို့နှစ်ဦးသည် မိမိတို့အလိုရှိရာ နေရာမှ…

စူရာ အာယာသ် 19/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 17–21. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers