အလ်-အာအ်ရာဖ် · 22/206
ဘာသာပြန် အသံနိုင်ငံ — အလ်-အာအ်ရာဖ်
فَدَلَّاهُمَا بِغُرُورٍ ۚ فَلَمَّا ذَاقَا الشَّجَرَةَ بَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ الْجَنَّةِ ۖ وَنَادَاهُمَا رَبُّهُمَا أَلَمْ أَنْهَكُمَا عَن تِلْكُمَا الشَّجَرَةِ وَأَقُل لَّكُمَا إِنَّ الشَّيْطَانَ لَكُمَا عَدُوٌّ مُّبِينٌ ۝٢٢
Fadallaahumaa bighuroor; falammaa zaaqash shajarata badat lahumaa saw aatuhumaa wa tafiqaa yakhsifaani `alaihimaa minw waraqil jannati wa naadaahumaa Rabbuhumaaa alam anhakumaa `an tilkumash shajarati wa aqul lakumaaa innash Shaitaana lakumaa `aduwwum mubeen
📖 မြန်မာဘာသာ
အဆုံးတွင် ထိုရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့နှစ်ဦးအား ပရိယာယ်မာယာဖြင့် (တဖြည်းဖြည်း)ဆွဲဆောင်လေသည်။ ထို့နောက် ထို(ဇနီးမောင်နှံ)နှစ်ဦးတို့သည် ထိုသစ်ပင်(၏အသီးအနှံ)ကို မြည်းစမ်းကြလေသောအခါ ၎င်းတို့၏ဖုံးကွယ်လျက်ရှိသော အရှက်သည် ၎င်းတို့၏ရှေ့ဝယ် ပေါ်၍သွားလေတော့၏။ ထို့နောက် ၎င်းတို့နှစ်ဦးသည် မိမိတို့ကိုယ်ကိုဂျန္နတ်အမတသုခဘုံမှ သစ်ရွက်(များ)ဖြင့် စတင်(တွယ်စပ်)ဖုံးအုပ်ခဲ့ကြလေသည်။ ထိုအခါ ထိုသူတို့၏အရှင်မြတ်သည်ထိုတို့အား (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ထိုသစ်ပင်မှတားမြစ် တော်မူခဲ့သည်မဟုတ်လော။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးစလုံးကို ဧကန်စင်စစ် ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့နှစ်ဦး၏ ထင်ရှားသော ရန်သူပင်ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သည် မဟုတ်လော။
🎧 နားထောင်

📜 အာယာသ် 20-24 — အလ်-အာအ်ရာဖ်

20فَوَسْوَسَ لَهُمَا الشَّيْطَانُ لِيُبْدِيَ لَهُمَا مَا وُورِيَ عَنْهُمَا مِن سَوْآتِهِمَا وَقَالَ مَا نَهَاكُمَا رَبُّكُمَا عَنْ هَٰذِهِ الشَّجَرَةِ إِلَّا أَن تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ الْخَالِدِينَ
ထို့နောက် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏စိတ်တွင်း၌၎င်းတို့မှ ဖုံးကွယ်လျက်ရှိသော ၎င်းတို့၏အရှက်ကို ၎င်းတို့၏ရှေ့ဝယ် ပေါ်လွင်စေရန်အကြံပေးလေ၏။ ထို့ပြင် (ဤသို့) ပြောဆိုခဲ့၏။ (အမှန်စင်စစ်)အသင်တို့၏အရှင်သည် အသင်တို့အား အသင်တို့နှစ်ဦးအပါးတော်စေတမန်များသော်လည်းကောင်း၊ ထာဝစဉ်အသက်ရှင်နေသူများသော်၎င်း၊ မဖြစ်နိုင်ကြရန်သာလျှင်ဤသစ်ပင်မှ တားမြစ်တော် မူခဲ့လေသည်။(တစ်နည်း)ထို့နောက် ရှိုင်တွာန်သည် ထိုနှစ်ဦးတို့ထံမှ ဖုံးကွယ်လျက်ရှိသော ထိုနှစ်ဦးတို့၏အရှက်ကို ပေါ် လွင်သွားစေရန် မကောင်းသောအကြံအစည်ကို ထိုနှစ်ဦးတို့(၏စိတ်)တွင်ဖြစ်ပေါ်စေ၏။ ၎င်းနောက် ထိုရှိုင်တွာန်က အသင်တို့နှစ်ဦးအား အသင်တို့နှစ်ဦး ၏အရှင်က ဤသစ်ပင်မှ တားမြစ်တော်မူခြင်းမှာ အသင်တို့နှစ်ဦး ကောင်းကင်တမန်များ(မ)ဖြစ်ကြရန်သို့မဟုတ် အသင်တို့နှစ်ဦး ထာဝစဉ် အသက်ရှင် နေသူများတွင်အပါအဝင် (မ)ဖြစ်ကြရန်အတွက်သာလျှင် ဖြစ်ချေသည်ဟုပြောဆိုလေ၏။
21وَقَاسَمَهُمَا إِنِّي لَكُمَا لَمِنَ النَّاصِحِينَ
၎င်းပြင် ယင်း(ရှိုင်တွာန်မိစ္ဆာကောင်သည်) ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏ရှေ့ဝယ် ဧကန်မလွဲ ကျွန်ုပ်သည်အသင်တို့နှစ်ဦး၏ ကောင်းရာကောင်း ကြောင်းကို လိုလားသူသာလျှင် ဖြစ်ပါသည် ဟု သစ္စာပြုကျိန်ဆိုလေ၏။
22فَدَلَّاهُمَا بِغُرُورٍ ۚ فَلَمَّا ذَاقَا الشَّجَرَةَ بَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ الْجَنَّةِ ۖ وَنَادَاهُمَا رَبُّهُمَا أَلَمْ أَنْهَكُمَا عَن تِلْكُمَا الشَّجَرَةِ وَأَقُل لَّكُمَا إِنَّ الشَّيْطَانَ لَكُمَا عَدُوٌّ مُّبِينٌ
အဆုံးတွင် ထိုရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့နှစ်ဦးအား ပရိယာယ်မာယာဖြင့် (တဖြည်းဖြည်း)ဆွဲဆောင်လေသည်။ ထို့နောက် ထို(ဇနီးမောင်နှံ)နှစ်ဦးတို့သည် ထိုသစ်ပင်(၏အသီးအနှံ)ကို မြည်းစမ်းကြလေသောအခါ ၎င်းတို့၏ဖုံးကွယ်လျက်ရှိသော အရှက်သည် ၎င်းတို့၏ရှေ့ဝယ် ပေါ်၍သွားလေတော့၏။ ထို့နောက် ၎င်းတို့နှစ်ဦးသည် မိမိတို့ကိုယ်ကိုဂျန္နတ်အမတသုခဘုံမှ သစ်ရွက်(များ)ဖြင့် စတင်(တွယ်စပ်)ဖုံးအုပ်ခဲ့ကြလေသည်။ ထိုအခါ ထိုသူတို့၏အရှင်မြတ်သည်ထိုတို့အား (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ထိုသစ်ပင်မှတားမြစ် တော်မူခဲ့သည်မဟုတ်လော။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးစလုံးကို ဧကန်စင်စစ် ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့နှစ်ဦး၏ ထင်ရှားသော ရန်သူပင်ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သည် မဟုတ်လော။
23قَالَا رَبَّنَا ظَلَمْنَا أَنفُسَنَا وَإِن لَّمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ
ထို(ဇနီးမောင်နှံ)နှစ်ဦးတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် (ဧကန်စင်စစ်)ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက် ညှဉ်းပန်းမိခဲ့ကြပါပြီ။ နစ်နာ ဆုံးရှုံးအောင် ပြုလုပ်မိကြပါပြီ။ထို့ပြင် အကယ်၍သာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူခြင်းမပြုပါလျှင်၊ ၎င်းပြင် ကျွန်တော်မျိုးတို့အပေါ်ဝယ် သနားညှာတာတော်မူခြင်းမပြုပါလျှင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် နစ်နာ ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်ကြ�ပါတော့အံ့ ဟု လျှောက်ထားအသနားခံကြလေသည်။
24قَالَ اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
(ထိုအခါ အလ္လာဟ်)အရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူလေ၏။ အသင်တို့သည် (ဤ ဂျန္နတ်အမတသုခဘုံမှ) ဆင်းကြလေကုန်။ အသင်တို့အနက် အချို့သည်အချို့၏ရန်သူပင် ဖြစ်ကြပေလိမ့်မည်။ ၎င်းပြင် အသင်တို့အဖို့ပထဝီမြေ၌ (ငါအရှင်မြတ်) သတ်မှတ်တော်မူအပ်သော သက်တမ်းတိုင်အောင် နေရာထိုင်ခင်းနှင့် အကျိုးခံစားခွင့်တို့သည်ရှိပေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 22

စူရာ အလ်-အာအ်ရာဖ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အဆုံးတွင် ထိုရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့နှစ်ဦးအား ပရိယာယ်မာယာဖြင့် (တဖြည်းဖြည်း)ဆွဲဆောင်လေသည်။ ထို့နောက် ထို(ဇနီးမောင်နှံ)နှစ်ဦးတို့သည် ထိုသစ်ပင်(၏အသီးအနှံ)ကို မြည်းစမ်းကြလေသောအခါ ၎င်းတို့၏ဖုံးကွယ်လျက်ရှိသော…

စူရာ အာယာသ် 22/206 — အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အာအ်ရာဖ် နားထောင်, အလ်-အာအ်ရာဖ် ဘာသာပြန်, အလ်-အာအ်ရာဖ် mp3, အလ်-အာအ်ရာဖ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers