وَنَزَعْنَا مَا فِي صُدُورِهِم مِّنْ غِلٍّ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَن تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ ٤٣
🔤 Transliteration
Wa naza`naa maa fee sudoorihim min ghillin tajree min tahtihimul anhaaru wa qaalul hamdu lillaahil lazee hadaanaa lihaaza wa maa kunna linahtadiya law laaa ann hadaanal laahu laqad jaaa`at Rusulu Rabbinaa bilhaqq; wa noodoo an tilkumul jannnatu ooristumoohaa bimaa kuntum ta`maloon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်းဝယ် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကိုလည်း ထုတ်ပစ်တော်မူအံ့။ ၎င်းတို့၏အောက်တွင် စမ်းရေချောင်းများ စီးတွေလျက်ရှိအံ့။ ၎င်းပြင် ထိုသူတို့သည်(ဤသို့) ပြောဆို(ချီးကျူး)ကြလတ္တံ့။ ချီးမွမ်း ထောမနာအပေါင်းတို့ကို ကျွန်ုပ်တို့အား ဤသည့် (နေရာ) သို့ ပို့တော်မူသောအလ္လာဟ်အရှင်မြတ်သည်သာလျှင် ဆိုင်တော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သာလျှင် ကျွန်ုပ်တို့အားပို့တော်မမူပါလျှင် ကျွန်ုပ်တို့သည် (ဤနေရာသို့အလျင်း) ရောက်ရှိကြမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်များသည်အမှန်တရားကိုပင် ယူဆောင်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (ဤသို့)အသံပေးခြင်းကိုကြားကြရလတ္တံ့၊ ဤသည်အကြင်ဂျန္နတ် အမတသုခဘုံတည်း။ ထိုဂျန္နတ်အမတ သုခဘုံကို အသင်တို့သည် မိမိတို့ ပြုခဲ့ကြသည့် (ကောင်းမှု)များကြောင့်အမွေ ရရှိခဲ့ကြချေပြီ။
🌐 Additional reference in ภาษาไทย
ကမ္မဋ္ဌာန်းအခန်းတွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်များ: ဂိလ္လ် (غِلّ ): စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားသော ရန်ငြိုးထားမှု၊ မနာလိုမှု၊ မုန်းတီးမှု။ နဇအ်နာ (نَزَعْنَا ): ငါအရှင်မြတ်သည် ဖယ်ရှားပေးတော်မူခဲ့သည်၊ ထုတ်ယူပစ်တော်မူခဲ့သည်။ ဟဒါနာ (هَدَانَا ): ငါတို့အား လမ်းညွှန်ပေးတော်မူခဲ့သည်၊ မှန်ကန်သောလမ်းကို ညွှန်ပြတော်မူခဲ့သည်။ ဥရိစ္စတုမုဟာ (أُورِثْتُمُوهَا ): သင်တို့အား အမွေအဖြစ် ပေးအပ်ခြင်းခံရသည်၊ ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။ ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြသော သူများ၏ စိတ်နှလုံးများထဲတွင် လောကီဘဝက ရန်ငြိုးထားမှု၊ မနာလိုမှု၊ မုန်းတီးမှုများ ရှိခဲ့ပါက ထိုအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သည် ဖယ်ရှားပေးတော်မူမည်။ သူတို့၏ အောက်မှ မြစ်ချောင်းများ စီးဆင်းနေမည်။ ဤသည်မှာ သူတို့၏ သုခချမ်းသာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ထို့နောက် သူတို့က ဤသို့ ပြောဆိုကြမည်: "ချီးမွမ်းထောပနာအားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ပါသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား ဤသုခဘုံသို့ ရောက်စေသော ကောင်းမှုလုပ်ရပ်များကို လုပ်ဆောင်နိုင်ရန် လမ်းညွှန်ပေးတော်မူခဲ့သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းညွှန်ပေးတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် ထိုလမ်းကို ရှာတွေ့နိုင်မည် မဟုတ်ပါ။"
သူတို့သည် ဂျန္နသ်သုခဘုံတွင် ရစူလ်တမန်တော်များ ယူဆောင်လာခဲ့သော သတင်းစကားများ၏ မှန်ကန်မှုကို မျက်မြင်တွေ့ရသောအခါ "ကျွန်ုပ်တို့၏ အရှင်မြတ်၏ ရစူလ်တမန်တော်များသည် အမှန်တရားကို ယူဆောင်လာခဲ့ကြပါသည်" ဟု ဝမ်းမြောက်စွာ ပြောဆိုကြမည်။
ထိုအခါ သူတို့အား ဂုဏ်ပြုသောအားဖြင့် "ဤသည်ကား ဂျန္နသ်သုခဘုံဖြစ်သည်။ သင်တို့သည် လောကီဘဝတွင် ပြုလုပ်ခဲ့သော ကောင်းမှုလုပ်ရပ်များ၏ အကျိုးရလဒ်ကြောင့် ဤသုခဘုံကို အမွေအဖြစ် ရရှိခဲ့ကြခြင်း ဖြစ်သည်" ဟု ကြေညာခေါ်ဆိုခြင်းကို ခံကြရမည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ: အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံတွင် မုအ်မင်န်သူတော်စင်များ၏ စိတ်နှလ
وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلٍّ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُۖ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهۡتَدِيَ لَوۡلَآ أَنۡ هَدَىٰنَا ٱللَّهُۖ لَقَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّۖ وَنُودُوٓاْ أَن تِلۡكُمُ ٱلۡجَنَّةُ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ ٤٣
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်းဝယ် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကိုလည်း ထုတ်ပစ်တော်မူအံ့။ ၎င်းတို့၏အောက်တွင် စမ်းရေချောင်းများ စီးတွေလျက်ရှိအံ့။ ၎င်းပြင် ထိုသူတို့သည်(ဤသို့) ပြောဆို(ချီးကျူး)ကြလတ္တံ့။ ချီးမွမ်း ထောမနာအပေါင်းတို့ကို ကျွန်ုပ်တို့အား ဤသည့် (နေရာ) သို့ ပို့တော်မူသောအလ္လာဟ်အရှင်မြတ်သည်သာလျှင် ဆိုင်တော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သာလျှင် ကျွန်ုပ်တို့အားပို့တော်မမူပါလျှင် ကျွန်ုပ်တို့သည် (ဤနေရာသို့အလျင်း) ရောက်ရှိကြမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်များသည်အမှန်တရားကိုပင် ယူဆောင်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (ဤသို့)အသံပေးခြင်းကိုကြားကြရလတ္တံ့၊ ဤသည်အကြင်ဂျန္နတ် အမတသုခဘုံတည်း။ ထိုဂျန္နတ်အမတ သုခဘုံကို အသင်တို့သည် မိမိတို့ ပြုခဲ့ကြသည့် (ကောင်းမှု)များကြောင့်အမွေ ရရှိခဲ့ကြချေပြီ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 41-45 — စူရာ အလ်-အာအ်ရာဖ်
41 لَهُم مِّن جَهَنَّمَ مِهَادٌ وَمِن فَوْقِهِمْ غَوَاشٍ ۚ وَكَذَٰلِكَ نَجْزِي الظَّالِمِينَ
င်းတို့၌ ငရဲမီးအိပ်ယာပင်ရှိအံ့။ ထိုနည်းတူစွာ4င်းတို့အပေါ်၌(လည်းငရဲမီး၏)အဖုံးအအုပ်ပင်ရှိအံ့။ စင်စစ်မူကား ငါအရှင်မြတ်သည် မတရားကျူးလွန်သော သူတို့ အားဤနည်းအတိုင်းပင် ပြစ်ဒဏ်ပေးတော်မူပေသတည်း။
42 وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် အကြင်သူတို့သည် သက်ဝင်ယုံကြည်ကြ၏။ ၎င်းပြင် ကောင်းမြတ်သော အကျင့် သီလများကိုလည်းဆောက်တည်ကြကုန်၏။ (အမှန်သော်ကား) ငါအရှင်မြတ်သည်မည်သူ့ကိုမဆို ၎င်း ၏အင်အားနှင့် အမျှသာလျှင် တာဝန်ပေးတော်မူ၏။ ထိုသူတို့သည်ပင်လျှင် ဂျန္နတ်အမတ သုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်းဂျန္နသ်အမတသုခဘုံ၌ပင် ထာဝစဉ် နေထိုင်စံမြန်းကြလတ္တံ့။
43 وَنَزَعْنَا مَا فِي صُدُورِهِم مِّنْ غِلٍّ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَن تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်းဝယ် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကိုလည်း ထုတ်ပစ်တော်မူအံ့။ ၎င်းတို့၏အောက်တွင် စမ်းရေချောင်းများ စီးတွေလျက်ရှိအံ့။ ၎င်းပြင် ထိုသူတို့သည်(ဤသို့) ပြောဆို(ချီးကျူး)ကြလတ္တံ့။ ချီးမွမ်း ထောမနာအပေါင်းတို့ကို ကျွန်ုပ်တို့အား ဤသည့် (နေရာ) သို့ ပို့တော်မူသောအလ္လာဟ်အရှင်မြတ်သည်သာလျှင် ဆိုင်တော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သာလျှင် ကျွန်ုပ်တို့အားပို့တော်မမူပါလျှင် ကျွန်ုပ်တို့သည် (ဤနေရာသို့အလျင်း) ရောက်ရှိကြမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်များသည်အမှန်တရားကိုပင် ယူဆောင်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (ဤသို့)အသံပေးခြင်းကိုကြားကြရလတ္တံ့၊ ဤသည်အကြင်ဂျန္နတ် အမတသုခဘုံတည်း။ ထိုဂျန္နတ်အမတ သုခဘုံကို အသင်တို့သည် မိမိတို့ ပြုခဲ့ကြသည့် (ကောင်းမှု)များကြောင့်အမွေ ရရှိခဲ့ကြချေပြီ။
44 وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَن لَّعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ထို့ပြင်တဝ ဂျန္နတ်အမတ သုခဘုံသားတို့သည်ဂျဟန္နမ်ငရဲသားတို့အား (ဤသို့)ဟစ်ခေါ် (ပြောဆို)ကြကုန်အံ့။ငါတို့သည် ငါတို့၏အရှင်မြတ် က ငါတို့နှင့်ထားရှိတော်မူခဲ့သော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီ။ အသင်တို့သည်လည်း အသင်တို့၏အရှင်မြတ်က အသင်တို့နှင့် ထားရှိတော်မူသော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီလော၊ထိုအခါ ၎င်း(ဂျဟန္နမ် ငရဲသား)တို့က ဟုတ်ကဲ့ (ရရှိကြပါပြီ)ဟု ဖြေကြားကြလတ္တံ့။ ထိုနောက် ဟစ်အော်သူတစ်ဦးက၎င်းတို့၏ စပ်ကြားတွင် (ဤသို့)ဟစ်အော်ပြောဆိုအံ့၊ မတရားကျူးလွန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးကြစေသား။
45 الَّذِينَ يَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِالْآخِرَةِ كَافِرُونَ
အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် နောင်တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
ဘာသာပြန် — အလ်-အာအ်ရာဖ် 43 စူရာ အလ်-အာအ်ရာဖ် အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်းဝယ် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကိုလည်း ထုတ်ပစ်တော်မူအံ့။ ၎င်းတို့၏အောက်တွင် စမ်းရေချောင်းများ…
စူရာ အာယာသ် 43/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.