အလ်-အာအ်ရာဖ် · 44/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَن لَّعْنَةُ اللَّهِ عَلَى الظَّالِمِينَ ۝٤٤
Wa naadaa Ashaabul jannati ashaaban Naari an qad wajadnaa maa wa`adannaa Rabbunaa haqqan fahal wajattum maa wa`ada Rabbukum haqqan qaaloo na`am; fa azzana mu`azzinum bainahum al la`natul laahi `alaz zaalimeen
📖 မြန်မာဘာသာ
ထို့ပြင်တဝ ဂျန္နတ်အမတ သုခဘုံသားတို့သည်ဂျဟန္နမ်ငရဲသားတို့အား (ဤသို့)ဟစ်ခေါ် (ပြောဆို)ကြကုန်အံ့။ငါတို့သည် ငါတို့၏အရှင်မြတ် က ငါတို့နှင့်ထားရှိတော်မူခဲ့သော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီ။ အသင်တို့သည်လည်း အသင်တို့၏အရှင်မြတ်က အသင်တို့နှင့် ထားရှိတော်မူသော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီလော၊ထိုအခါ ၎င်း(ဂျဟန္နမ် ငရဲသား)တို့က ဟုတ်ကဲ့ (ရရှိကြပါပြီ)ဟု ဖြေကြားကြလတ္တံ့။ ထိုနောက် ဟစ်အော်သူတစ်ဦးက၎င်းတို့၏ စပ်ကြားတွင် (ဤသို့)ဟစ်အော်ပြောဆိုအံ့၊ မတရားကျူးလွန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးကြစေသား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 42-46 — စူရာ အလ်-အာအ်ရာဖ်

42وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် အကြင်သူတို့သည် သက်ဝင်ယုံကြည်ကြ၏။ ၎င်းပြင် ကောင်းမြတ်သော အကျင့် သီလများကိုလည်းဆောက်တည်ကြကုန်၏။ (အမှန်သော်ကား) ငါအရှင်မြတ်သည်မည်သူ့ကိုမဆို ၎င်း ၏အင်အားနှင့် အမျှသာလျှင် တာဝန်ပေးတော်မူ၏။ ထိုသူတို့သည်ပင်လျှင် ဂျန္နတ်အမတ သုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်းဂျန္နသ်အမတသုခဘုံ၌ပင် ထာဝစဉ် နေထိုင်စံမြန်းကြလတ္တံ့။
43وَنَزَعْنَا مَا فِي صُدُورِهِم مِّنْ غِلٍّ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَن تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်းဝယ် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကိုလည်း ထုတ်ပစ်တော်မူအံ့။ ၎င်းတို့၏အောက်တွင် စမ်းရေချောင်းများ စီးတွေလျက်ရှိအံ့။ ၎င်းပြင် ထိုသူတို့သည်(ဤသို့) ပြောဆို(ချီးကျူး)ကြလတ္တံ့။ ချီးမွမ်း ထောမနာအပေါင်းတို့ကို ကျွန်ုပ်တို့အား ဤသည့် (နေရာ) သို့ ပို့တော်မူသောအလ္လာဟ်အရှင်မြတ်သည်သာလျှင် ဆိုင်တော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သာလျှင် ကျွန်ုပ်တို့အားပို့တော်မမူပါလျှင် ကျွန်ုပ်တို့သည် (ဤနေရာသို့အလျင်း) ရောက်ရှိကြမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်များသည်အမှန်တရားကိုပင် ယူဆောင်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (ဤသို့)အသံပေးခြင်းကိုကြားကြရလတ္တံ့၊ ဤသည်အကြင်ဂျန္နတ် အမတသုခဘုံတည်း။ ထိုဂျန္နတ်အမတ သုခဘုံကို အသင်တို့သည် မိမိတို့ ပြုခဲ့ကြသည့် (ကောင်းမှု)များကြောင့်အမွေ ရရှိခဲ့ကြချေပြီ။
44وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَن لَّعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ထို့ပြင်တဝ ဂျန္နတ်အမတ သုခဘုံသားတို့သည်ဂျဟန္နမ်ငရဲသားတို့အား (ဤသို့)ဟစ်ခေါ် (ပြောဆို)ကြကုန်အံ့။ငါတို့သည် ငါတို့၏အရှင်မြတ် က ငါတို့နှင့်ထားရှိတော်မူခဲ့သော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီ။ အသင်တို့သည်လည်း အသင်တို့၏အရှင်မြတ်က အသင်တို့နှင့် ထားရှိတော်မူသော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီလော၊ထိုအခါ ၎င်း(ဂျဟန္နမ် ငရဲသား)တို့က ဟုတ်ကဲ့ (ရရှိကြပါပြီ)ဟု ဖြေကြားကြလတ္တံ့။ ထိုနောက် ဟစ်အော်သူတစ်ဦးက၎င်းတို့၏ စပ်ကြားတွင် (ဤသို့)ဟစ်အော်ပြောဆိုအံ့၊ မတရားကျူးလွန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးကြစေသား။
45الَّذِينَ يَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِالْآخِرَةِ كَافِرُونَ
အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် နောင်တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
46وَبَيْنَهُمَا حِجَابٌ ۚ وَعَلَى الْأَعْرَافِ رِجَالٌ يَعْرِفُونَ كُلًّا بِسِيمَاهُمْ ۚ وَنَادَوْا أَصْحَابَ الْجَنَّةِ أَن سَلَامٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ
၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
44အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 44

စူရာ အလ်-အာအ်ရာဖ် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ ဂျန္နတ်အမတ သုခဘုံသားတို့သည်ဂျဟန္နမ်ငရဲသားတို့အား (ဤသို့)ဟစ်ခေါ် (ပြောဆို)ကြကုန်အံ့။ငါတို့သည် ငါတို့၏အရှင်မြတ် က ငါတို့နှင့်ထားရှိတော်မူခဲ့သော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီ။…

စူရာ အာယာသ် 44/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers