အလ်-အာအ်ရာဖ် · 95/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
ثُمَّ بَدَّلْنَا مَكَانَ السَّيِّئَةِ الْحَسَنَةَ حَتَّىٰ عَفَوا وَّقَالُوا قَدْ مَسَّ آبَاءَنَا الضَّرَّاءُ وَالسَّرَّاءُ فَأَخَذْنَاهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ ۝٩٥
Summa baddalnaa makaa nas saiyi`atil hasanata hattaa `afaw wa qaaloo qad massa aabaa`anad darraaa`u wassarraaa`u fa akhaznaahum baghtatanw wa hum laa yash`uroon
📖 မြန်မာဘာသာ
ထိုနောက် ငါအရှင်မြတ်သည် မကောင်းသောအခြေအနေ၏အစား ကောင်းသော အခြေအနေကို ပြောင်းလဲ၍ ပေးတော်မူခဲ့လေသည်။ နောက်ဆုံးတွင်မူ ထိုသူတို့သည်တိုးတက်ကြီးပွားလာ၍ ဆင်းရဲဒုက္ခ သည်လည်းကောင်း၊ သက်သာချောင်ချိမှုသည်လည်းကောင်း၊ ငါတို့၏ဘိုးဘေးဘီဘင်တို့၌လည်း သက်ရောက်မြဲပင် ဖြစ်ခဲ့သည်ဟူ၍ ပြောဆိုလာကြကုန်၏။နှိပ်ကွပ်တော်မူလေသည်။ ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ၎င်းတို့သတိမမူ အမှတ်မဲ့ဖြစ်နေခိုက် ရုတ်တရက်ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 93-97 — စူရာ အလ်-အာအ်ရာဖ်

93فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَاتِ رَبِّي وَنَصَحْتُ لَكُمْ ۖ فَكَيْفَ آسَىٰ عَلَىٰ قَوْمٍ كَافِرِينَ
ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)သည်၎င်းတို့ထံမှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်၊ ၎င်းပြင် အိုငါ၏အမျိုးသားတို့ ငါသည် ဧကန်စင်စစ် မိမိ အရှင်မြတ်ကမှာကြားတော်မူလိုက်သော အမိန့်ပညတ်တော်များကို အသင်တို့ထံအရောက် ပို့ဆောင် ခဲ့ချေပြီ။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုး ကိုလည်း (မုချ) သယ်ပိုးဆောင်ရွက်ခဲ့ပေပြီ။သို့ဖြစ်ပေရာ ငါသည် သွေဖည်ငြင်းပယ်ကြကုန်သော အမျိုးသားတို့ နှင့်ပက်သက်၍ အသို့လျှင် �မ်းနည်း ပူဆွေးရပါမည်နည်း ဟု ပြောကြားခဲ့လေသတည်း။(ရကူ)
94وَمَا أَرْسَلْنَا فِي قَرْيَةٍ مِّن نَّبِيٍّ إِلَّا أَخَذْنَا أَهْلَهَا بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَضَّرَّعُونَ
အမှန်သော်ကား၊ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာသို့မဆို နဗီတမန်တော် တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် ထိုမြို့သူရွာသားတို့အား မာန်မာနကျိုး၍ အောက်ကျို့လာကြရန် ဆင်းရဲဒုက္ခဖြင့်လည်းကောင်း၊ ရောဂါဝေဒနာဖြင့်လည်းကောင်း၊ နှိပ်ကွက်တော်မူခဲ့လေသတည်း။
95ثُمَّ بَدَّلْنَا مَكَانَ السَّيِّئَةِ الْحَسَنَةَ حَتَّىٰ عَفَوا وَّقَالُوا قَدْ مَسَّ آبَاءَنَا الضَّرَّاءُ وَالسَّرَّاءُ فَأَخَذْنَاهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ
ထိုနောက် ငါအရှင်မြတ်သည် မကောင်းသောအခြေအနေ၏အစား ကောင်းသော အခြေအနေကို ပြောင်းလဲ၍ ပေးတော်မူခဲ့လေသည်။ နောက်ဆုံးတွင်မူ ထိုသူတို့သည်တိုးတက်ကြီးပွားလာ၍ ဆင်းရဲဒုက္ခ သည်လည်းကောင်း၊ သက်သာချောင်ချိမှုသည်လည်းကောင်း၊ ငါတို့၏ဘိုးဘေးဘီဘင်တို့၌လည်း သက်ရောက်မြဲပင် ဖြစ်ခဲ့သည်ဟူ၍ ပြောဆိုလာကြကုန်၏။နှိပ်ကွပ်တော်မူလေသည်။ ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ၎င်းတို့သတိမမူ အမှတ်မဲ့ဖြစ်နေခိုက် ရုတ်တရက်ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသတည်း။
96وَلَوْ أَنَّ أَهْلَ الْقُرَىٰ آمَنُوا وَاتَّقَوْا لَفَتَحْنَا عَلَيْهِم بَرَكَاتٍ مِّنَ السَّمَاءِ وَالْأَرْضِ وَلَٰكِن كَذَّبُوا فَأَخَذْنَاهُم بِمَا كَانُوا يَكْسِبُونَ
အကယ်၍သာ (နဗီတမန်တော်များ ပွင့်ခဲ့ကြလေသော) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြ၍ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ခဲ့ကြပါမူ ငါအရှင်မြတ်သည် ထိုသူတို့အဖို့ မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ မင်္ဂလာအဖြာဖြာတို့ကို မုချဖွင့်ပေးတော်မူခဲ့အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (နဗီတမန်တော် အသီးသီးတို့အား)မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသည့်(ပြစ်မှုဒုစရိုက်များ)ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသတည်း။
97أَفَأَمِنَ أَهْلُ الْقُرَىٰ أَن يَأْتِيَهُم بَأْسُنَا بَيَاتًا وَهُمْ نَائِمُونَ
သို့ပါလျက် (မက္ကာဟ်မြို့နှင့်တကွ ပတ်ဝန်းကျင်)မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် ညအခါ၌ ၎င်းတို့အိပ်ပျော်နေကြစဉ် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (ရုတ်တရက်) ၎င်းတို့ထံ ရောက်ရှိလာမည်ကိုစိုးရိမ်ခြင်းကင်းမဲ့၍ စိတ်ချ၍နေကြပါသလော။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
95အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 95

စူရာ အလ်-အာအ်ရာဖ် အာယာသ် 95 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနောက် ငါအရှင်မြတ်သည် မကောင်းသောအခြေအနေ၏အစား ကောင်းသော အခြေအနေကို ပြောင်းလဲ၍ ပေးတော်မူခဲ့လေသည်။ နောက်ဆုံးတွင်မူ ထိုသူတို့သည်တိုးတက်ကြီးပွားလာ၍ ဆင်းရဲဒုက္ခ…

စူရာ အာယာသ် 95/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 93–97. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers