အတ်-တောင်ဘ · 20/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنفُسِهِمْ أَعْظَمُ دَرَجَةً عِندَ اللَّهِ ۚ وَأُولَٰئِكَ هُمُ الْفَائِزُونَ ۝٢٠
Allazeena aamanoo wa haajaroo wa jaahadoo fee sabeelil laahi bi amwaalihim wa anufsihim a`zamu darajatan `indal laah; wa ulaaa`ika humul faaa`izoon
📖 မြန်မာဘာသာ
အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည်အလ္လာဟ်ရှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် ‘အောင်မြင်မှု’ ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်များ
  • آمَنُوا: သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။
  • هَاجَرُوا: သူတို့သည် ဟိဂျ်ရသ် (ကုဖ်ရ်နယ်မြေမှ အစ္စလာမ်နယ်မြေသို့ ရွှေ့ပြောင်း) ပြုခဲ့ကြသည်။
  • جَاهَدُوا: သူတို့သည် ဂျိဟာဒ် (အလ္လာဟ်၏လမ်းတော်၌ ကြိုးပမ်းအားထုတ်) ပြုခဲ့ကြသည်။
  • بِأَمْوَالِهِمْ: သူတို့၏ ဥစ္စာပစ္စည်းများဖြင့်။
  • وَأَنفُسِهِمْ: နှင့် သူတို့၏ အသက်ဇီဝိန်များဖြင့်။
  • أَعْظَمُ دَرَجَةً: အဆင့်အတန်း အကြီးမြတ်ဆုံးဖြစ်သည်။
  • الْفَائِزُونَ: အောင်မြင်သူများ၊ ဆုလာဘ်ကို ရရှိသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အီမာန်ယုံကြည်မှု၊ ဟိဂျ်ရသ်ပြုခြင်းနှင့် အလ္လာဟ်၏လမ်းတော်၌ ဥစ္စာပစ္စည်းနှင့် အသက်ဇီဝိန်တို့ဖြင့် ဂျိဟာဒ်ပြုခြင်းတို့ကို ပေါင်းစပ်ကျင့်သုံးသူများ၏ ဂုဏ်ကျေးဇူးကို ဖော်ပြထားသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဆင့်အတန်း အမြင့်မြတ်ဆုံးဖြစ်ကြသည်။ အကြောင်းမှာ သူတို့သည် မိမိတို့၏ ချစ်မြတ်နိုးရာ နယ်မြေနှင့် ဥစ္စာပစ္စည်းများကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုကို ရှေးရှုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုနှင့် ဂျန္နသ်နိဗ္ဗာန်ကို ရရှိမည့် အောင်မြင်သူများဖြစ်ကြသည်။ ဤအဆင့်အတန်းသည် ကအ်ဗဟ်ကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဟဂျ်ဂျ်ဘုရားဖူးများကို ရေတိုက်ကျွေးခြင်းကဲ့သို့သော ကောင်းမှုများကို ပြုလုပ်သူများထက် ပို၍မြင့်မြတ်ကြောင်း သွယ်ဝိုက်၍ ဖော်ပြထားသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အီမာန်ယုံကြည်မှုသည် အခြားကောင်းမှုအားလုံး၏ အခြေခံဖြစ်သည်။ အီမာန်မရှိဘဲ မည်သည့်ကောင်းမှုမျှ အလ္လာဟ်အရှင်မြတ်ထံတော်၌ တန်ဖိုးမရှိပါ။
  • အလ္လာဟ်အရှင်မြတ်အတွက် မိမိ၏ ဥစ္စာပစ္စည်းနှင့် အသက်ဇီဝိန်ကို စွန့်လွှတ်ခြင်းသည် အလွန်မြင့်မြတ်သော ဂုဏ်ကျေးဇူးဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာအတွက် စွန့်လွှတ်အနစ်နာခံသူများကို အားပေးမြှင့်တင်ပေးသည်။
  • လောကီဂုဏ်အသရေထက် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရရှိမည့် အဆင့်အတန်းသည် အမှန်တကယ် တန်ဖိုးရှ


📜 အာယာသ် 18-22 — စူရာ အတ်-တောင်ဘ

18إِنَّمَا يَعْمُرُ مَسَاجِدَ اللَّهِ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَلَمْ يَخْشَ إِلَّا اللَّهَ ۖ فَعَسَىٰ أُولَٰئِكَ أَن يَكُونُوا مِنَ الْمُهْتَدِينَ
အလ္လာဟ်အရှင်မြတ်၏ ဗလီကျောင်းတော်များကို အကြင်သူတို့သည်သာလျှင် စည်ကားသာယာအောင် ပြုနိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း ကောင်း၊ ယုံကြည်ကြသည့်ပြင်ထိုသူတို့သည် စွဲမြဲစွာ ‘ဆွလာတ်’ ဝတ်ပြုမှုကိုလည်းကောင်း၊’ဇကာတ်’ တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း၊ပြုကြကုန်သည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ကြသည်လည်း မရှိချေ။သို့ဖြစ်ပေရာ ၎င်းတို့သည် တရားလမ်းမှန် ရရှိမျှော်လင့်ကြရာပေသတည်း။
19۞ أَجَعَلْتُمْ سِقَايَةَ الْحَاجِّ وَعِمَارَةَ الْمَسْجِدِ الْحَرَامِ كَمَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَجَاهَدَ فِي سَبِيلِ اللَّهِ ۚ لَا يَسْتَوُونَ عِندَ اللَّهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အသင်တို့သည် ဟာဂျီများအား ရေတိုက်ခြင်းကိုလည်းကောင်း၊ ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်ကို စည်ကားသာယာအောင် ပြုလုပ် ခြင်းကိုလည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်သည့်ပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သောသူ (၏ကောင်းမှုကုသိုလ်) နှင့်တူမျှသည်ဟု ထင်မြင်ယူဆထားကြလေသလော။ ထိုသူများသည်အလ္လာဟ်အရှင်မြတ်အထံတော်၌ (အဆင့်အတန်း ချင်း)မတူကြချေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သောသူတို့အား တရားလမ်းမှန်ကိုပြသတော်မူသည် မဟုတ်ပေ။
20الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنفُسِهِمْ أَعْظَمُ دَرَجَةً عِندَ اللَّهِ ۚ وَأُولَٰئِكَ هُمُ الْفَائِزُونَ
အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည်အလ္လာဟ်ရှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် ‘အောင်မြင်မှု’ ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။
21يُبَشِّرُهُمْ رَبُّهُم بِرَحْمَةٍ مِّنْهُ وَرِضْوَانٍ وَجَنَّاتٍ لَّهُمْ فِيهَا نَعِيمٌ مُّقِيمٌ
ထိုသူတို့ကား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထိုသူတို့ကို မိမိအထံတော်မှ ကရုဏာတော်ကို ခံစားကြရမည်ကိုလည်းကောင်း၊ (ထိုအရှင်မြတ်၏)နှစ်သက်မှုကို ရရှိကြမည်ကိုလည်းကောင်း၊ ထိုသူတို့အဖို့ ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ ရရှိကြမည်ကိုလည်းကောင်း၊ သတင်းကောင်း မိန့်ကြားတော်မူလေသတည်း။
22خَالِدِينَ فِيهَا أَبَدًا ۚ إِنَّ اللَّهَ عِندَهُ أَجْرٌ عَظِيمٌ
၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝရ နေထိုင်စံမြန်းကြပေမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးဆုလာဘ်သည် ရှိချေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
20အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 20

စူရာ အတ်-တောင်ဘ အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။…

စူရာ အာယာသ် 20/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, October 20, 2026

Don't forget us in your sincere prayers