အတ်-တောင်ဘ · 90/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
وَجَاءَ الْمُعَذِّرُونَ مِنَ الْأَعْرَابِ لِيُؤْذَنَ لَهُمْ وَقَعَدَ الَّذِينَ كَذَبُوا اللَّهَ وَرَسُولَهُ ۚ سَيُصِيبُ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ ۝٩٠
Wa jaaa`al mu`az ziroona minal A`raabi liyu`zana lahum wa qa`adal lazeena kazabul laaha wa Rasoolah; sayuseebul lazeena kafaroo minhum `azaabun aleem
📖 မြန်မာဘာသာ
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ လိမ်လည်၍ အကြောင်းပြ သောသူတို့သည် မိမိတို့ခွင့်ပြုခြင်းခံကြရန်(အသင့်ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊မုသားပြောဆိုခဲ့သောသူတို့မူကား (လိမ်လည်၍ အကြောင်းပြရန်ပင်မလာကြဘဲ) ထိုင်၍ပင် နေရစ်ခဲ့ကြကုန်၏။ ၎င်းတို့အနက် ကာဖိရ် သွေဖည်ငြင်းပယ်ကြသောသူတို့၌ နာကျင်စေသောပြစ်ဒဏ်သည် မကြာမြင့်မီပင် ဆိုက်ရောက်ပေလိမ့်မည်ဖြစ်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်
  • الْمُعَذِّرُونَ (အလ်-မုအာဇ်ဇိရူန): ဆင်ခြေပေးသူများ။ အမှန်တကယ် ဆင်ခြေမရှိဘဲ ဆင်ခြေပေးဟန်ဆောင်သူများ သို့မဟုတ် အားနည်းချက်ကြောင့် ဆင်ခြေအမှန်ရှိသူများကို ဆိုလိုသည်။
  • الْأَعْرَابِ (အလ်-အာအ်ရာဗ်): မြို့ပြင်တွင် နေထိုင်သော အာရဗ်လူမျိုးများ (ဘက်ဒူဝီများ)။
  • لِيُؤْذَنَ لَهُمْ (လိ-ယူအ်ဇန လဟုမ်): သူတို့အား ခွင့်ပြုချက်ရရှိရန်။
  • وَقَعَدَ (ဝကအ်ဒ): ထိုင်နေခဲ့ကြသည်၊ နောက်တွင်ကျန်ရစ်ခဲ့ကြသည်။
  • كَذَبُوا اللَّهَ وَرَسُولَهُ (ကဇဗူ အလ္လာဟ ဝရစူလဟု): အလ္လာဟ်နှင့် သူ၏ရစူလ်ကို လိမ်လည်ခဲ့ကြသည်။
  • عَذَابٌ أَلِيمٌ (အဇာဗွန် အလီမ်): ပြင်းထန်နာကျင်ဖွယ်ရာ ပြစ်ဒဏ်။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မဒီနာမြို့နှင့် အနီးတစ်ဝိုက်ရှိ အာရဗ်မျိုးနွယ်စုများထဲမှ လူအုပ်စုတစ်စုသည် တမန်တော်မုဟမ္မဒ် (ဆွ) ထံသို့ လာရောက်၍ စစ်ပွဲအတွက် ထွက်ခွာနိုင်စွမ်းမရှိကြောင်း ဆင်ခြေပေးကာ ခွင့်ပြုချက်တောင်းခံကြသည်။ သို့သော် အချို့သောသူများမှာ မည်သည့်ဆင်ခြေကိုမျှ မပေးဘဲ အလ္လာဟ်နှင့် သူ၏ရစူလ်ကို မယုံကြည်သောကြောင့် နောက်တွင်ကျန်ရစ်ခဲ့ကြသည်။ ဤကဲ့သို့ ကုဖ်ရ်ကို ကျူးလွန်သော သူတို့အား ဤလောကတွင် သတ်ဖြတ်ခံရခြင်းကဲ့သို့သော ပြစ်ဒဏ်များဖြင့်လည်းကောင်း၊ နောင်တမလွန်ဘဝတွင် ငရဲမီးဖြင့်လည်းကောင်း ပြင်းထန်နာကျင်ဖွယ်ရာ ပြစ်ဒဏ်ခံရမည်ဖြစ်သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ စိတ်နှလုံးအတွင်းရှိ အမှန်တရားကို အသိဆုံးဖြစ်တော်မူသည်။ ဆင်ခြေပေးဟန်ဆောင်ခြင်းဖြင့် အရှင်မြတ်ကို လိမ်လည်၍ မရနိုင်ပါ။
  • တာဝန်ဝတ္တရားများမှ ရှောင်တိမ်းရန် မှားယွင်းသော ဆင်ခြေများပေး၍ နောက်တွင်ကျန်ရစ်ခြင်းသည် အပြစ်ဖြစ်သည်။
  • အီမာန်ယုံကြည်ခြင်းသည် စိတ်ရင်းမှန်ဖြင့် ဖြစ်ရမည်။ နှုတ်ဖြင့်သာ ယုံကြည်ဟန်ဆောင်ပြီး လက်တွေ့တွင် ကုဖ်ရ်ကို ကျူးလွန်ခြင်းသည် ပြင်းထန်သော အကျိုးဆက်များကို ခံစားရမည်။
  • အလ္လာဟ်အရှင်မြတ်နှင့် သူ၏ရစူလ်ကို လိမ်လည်ခြင်းသည် အကြီးမားဆုံးသော အပြစ်များထဲမှ တစ်ခုဖြစ်သည်။

-



📜 အာယာသ် 88-92 — စူရာ အတ်-တောင်ဘ

88لَٰكِنِ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ جَاهَدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ ۚ وَأُولَٰئِكَ لَهُمُ الْخَيْرَاتُ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့်ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသောသူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။
89أَعَدَّ اللَّهُ لَهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ-17)ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)
90وَجَاءَ الْمُعَذِّرُونَ مِنَ الْأَعْرَابِ لِيُؤْذَنَ لَهُمْ وَقَعَدَ الَّذِينَ كَذَبُوا اللَّهَ وَرَسُولَهُ ۚ سَيُصِيبُ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ လိမ်လည်၍ အကြောင်းပြ သောသူတို့သည် မိမိတို့ခွင့်ပြုခြင်းခံကြရန်(အသင့်ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊မုသားပြောဆိုခဲ့သောသူတို့မူကား (လိမ်လည်၍ အကြောင်းပြရန်ပင်မလာကြဘဲ) ထိုင်၍ပင် နေရစ်ခဲ့ကြကုန်၏။ ၎င်းတို့အနက် ကာဖိရ် သွေဖည်ငြင်းပယ်ကြသောသူတို့၌ နာကျင်စေသောပြစ်ဒဏ်သည် မကြာမြင့်မီပင် ဆိုက်ရောက်ပေလိမ့်မည်ဖြစ်သတည်း။
91لَّيْسَ عَلَى الضُّعَفَاءِ وَلَا عَلَى الْمَرْضَىٰ وَلَا عَلَى الَّذِينَ لَا يَجِدُونَ مَا يُنفِقُونَ حَرَجٌ إِذَا نَصَحُوا لِلَّهِ وَرَسُولِهِ ۚ مَا عَلَى الْمُحْسِنِينَ مِن سَبِيلٍ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အားအင်ချည့်နဲ့သူတို့အပေါ်၌ (စစ်တလင်းသို့မလိုက်ခဲ့ကြသောကြောင့်)အပြစ်တစ်စုံတစ်ရာမျှမရှိပြီ၊ ထို့အတူဝေဒနာရှင်တို့အပေါ်၌လည်း(အပြစ်)မရှိပြီ၊ ိုနည်းတူစွာ(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာမျှ မရရှိကြသောသူတို့အပေါ်၌လည်း ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်နှင့်ပတ်သက်၍လည်းကောင်း၊ သဒ္ဓါကြည်ဖြူသောစိတ်စေတနာထား ရှိကြပါလျှင် မည်သည့်အပြစ်မျှ မရှိချေ။ ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူတော်ကောင်းသူတော်စင်တို့ အပေါ်ဝယ် အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
92وَلَا عَلَى الَّذِينَ إِذَا مَا أَتَوْكَ لِتَحْمِلَهُمْ قُلْتَ لَا أَجِدُ مَا أَحْمِلُكُمْ عَلَيْهِ تَوَلَّوا وَّأَعْيُنُهُمْ تَفِيضُ مِنَ الدَّمْعِ حَزَنًا أَلَّا يَجِدُوا مَا يُنفِقُونَ
ထိုမှတစ်ပါး အကြင် သူတို့အပေါ်၌လည်း(အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ) မရှိချေ။ ထိုသူတို့သည်အသင့်ထံသို့ ၎င်းတို့အား အသင်သည် (တစ်စုံတစ်ရာ) အစီးအနင်းပေါ်သို့တင်ပေးရန် လာကြသောအခါ အသင်သည် ၎င်းတို့အား ငါ့ထံ၌ အသင်တို့အားတင်ပေးရန် အစီးအနင်း တစ်စုံတရာမရှိပါ ဟု ပြောခဲ့လေသည်။ (ထိုအခါ) ၎င်းတို့သည်(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာကိုမျှ မရရှိကြသောကြောင့်ဝမ်းနည်းပူဆွေး၍ မျက်စိများမှာ ၎င်းတို့မျက်ရည်များဖြင့်ပြည့်လျှံလျက် (ပြန်သွားခဲ့ကြရရှာလေသတည်း။)
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
90အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 90

စူရာ အတ်-တောင်ဘ အာယာသ် 90 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ လိမ်လည်၍ အကြောင်းပြ သောသူတို့သည် မိမိတို့ခွင့်ပြုခြင်းခံကြရန်(အသင့်ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏…

စူရာ အာယာသ် 90/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 88–92. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, October 20, 2026

Don't forget us in your sincere prayers