အတ်-တောင်ဘ · 89/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
أَعَدَّ اللَّهُ لَهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ ۝٨٩
A`addal laahu lahum Jannaatin tajree min tahtihal anhaaru khaalideena feehaa; zaalikal fawzul `azeem
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ-17)ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဝေါဟာရအနက်ဖွင့်ဆိုချက်များ
  • أَعَدَّ (အအ်ဒ္ဒါ) — အသင့်ပြင်ဆင်ထားသည်၊ ဖန်တီးစီမံထားသည်။
  • جَنَّاتٍ (ဂျန်နာတ်) — ဥယျာဉ်များ၊ သုခဘုံများ။
  • تَجْرِي (တဂျ်ရီ) — စီးဆင်းသည်။
  • مِن تَحْتِهَا (မိန်သဟ်တိဟာ) — သူမ၏အောက်မှ၊ သူမ၏အောက်၌။
  • الْأَنْهَارُ (အလ်အန်ဟာရ်) — မြစ်များ၊ ချောင်းများ။
  • خَالِدِينَ (ခါလိဒီန) — အမြဲထာဝရနေထိုင်သူများ။
  • الْفَوْزُ (အလ်ဖောင်ဇ်) — အောင်မြင်မှု၊ ကယ်တင်ခြင်းရရှိမှု။
  • الْعَظِيمُ (အလ်အဇီမ်) — ကြီးမြတ်သော၊ မဟာဖြစ်သော။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ကို ယုံကြည်သူများ၊ အရှင့်လမ်းစဉ်တော်၌ မိမိတို့၏ဥစ္စာပစ္စည်းများနှင့် အသက်ဇီဝိန်များကို စွန့်လွှတ်ကာ စွန့်လွှတ်အနစ်နာခံခဲ့ကြသူများအတွက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်ဘုံဥယျာဉ်များကို အသင့်ပြင်ဆင်ထားတော်မူကြောင်း ဖော်ပြထားသည်။ ထိုဥယျာဉ်များ၏ အောက်မှ မြစ်ချောင်းများသည် အဆက်မပြတ် စီးဆင်းလျက်ရှိကြသည်။ ထိုသူများသည် ထိုဥယျာဉ်များ၌ ထာဝရကာလပတ်လုံး နေထိုင်ကြရမည်ဖြစ်ပြီး မည်သည့်အခါမျှ ကုန်ဆုံးခြင်း၊ ပျက်စီးခြင်း၊ ထွက်ခွာခြင်းမရှိဘဲ အမြဲတမ်းနေထိုင်ရမည်ဖြစ်သည်။ ဤသို့ရရှိခြင်းသည် အလွန်ကြီးမြတ်သော အောင်မြင်မှုဖြစ်ပြီး မည်သည့်အောင်မြင်မှုမျှ ဤအောင်မြင်မှုနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ ဤသည်ကား လောကီဘဝတွင် အလ္လာဟ်အရှင်မြတ်အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသူများအတွက် သူတို့၏ စွန့်လွှတ်မှုနှင့် ဇွဲလုံ့လများအတွက် အစားပေးတော်မူသော ဆုလာဘ်တော်ပင်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှုဖြစ်စေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် အရှင့်လမ်းစဉ်တော်၌ စွန့်လွှတ်အနစ်နာခံသူများအတွက် အလွန်ကြီးမြတ်သော ဆုလာဘ်များကို အသင့်ပြင်ဆင်ထားတော်မူကြောင်း သိရှိရခြင်းသည် ယုံကြည်သူများအတွက် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်ကို ဖြစ်စေသည်။
  • ကောင်းကင်ဘုံဥယျာဉ်များ၏ အောက်မှ မြစ်ချောင်းများ အမြဲစီးဆင်းနေခြင်းသည် ထိုဘုံဘဝ၏ သာယ


📜 အာယာသ် 87-91 — စူရာ အတ်-တောင်ဘ

87رَضُوا بِأَن يَكُونُوا مَعَ الْخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီးတို့နှင့်အတူနေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေသည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများအပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (ဂျိဟာဒ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏ သဘောတရား အစစ်အမှန်ကို အလျှင်း)သိမြင်နားလည်ကြသည် မဟုတ်ချေ။
88لَٰكِنِ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ جَاهَدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ ۚ وَأُولَٰئِكَ لَهُمُ الْخَيْرَاتُ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့်ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသောသူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။
89أَعَدَّ اللَّهُ لَهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ-17)ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)
90وَجَاءَ الْمُعَذِّرُونَ مِنَ الْأَعْرَابِ لِيُؤْذَنَ لَهُمْ وَقَعَدَ الَّذِينَ كَذَبُوا اللَّهَ وَرَسُولَهُ ۚ سَيُصِيبُ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ လိမ်လည်၍ အကြောင်းပြ သောသူတို့သည် မိမိတို့ခွင့်ပြုခြင်းခံကြရန်(အသင့်ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊မုသားပြောဆိုခဲ့သောသူတို့မူကား (လိမ်လည်၍ အကြောင်းပြရန်ပင်မလာကြဘဲ) ထိုင်၍ပင် နေရစ်ခဲ့ကြကုန်၏။ ၎င်းတို့အနက် ကာဖိရ် သွေဖည်ငြင်းပယ်ကြသောသူတို့၌ နာကျင်စေသောပြစ်ဒဏ်သည် မကြာမြင့်မီပင် ဆိုက်ရောက်ပေလိမ့်မည်ဖြစ်သတည်း။
91لَّيْسَ عَلَى الضُّعَفَاءِ وَلَا عَلَى الْمَرْضَىٰ وَلَا عَلَى الَّذِينَ لَا يَجِدُونَ مَا يُنفِقُونَ حَرَجٌ إِذَا نَصَحُوا لِلَّهِ وَرَسُولِهِ ۚ مَا عَلَى الْمُحْسِنِينَ مِن سَبِيلٍ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အားအင်ချည့်နဲ့သူတို့အပေါ်၌ (စစ်တလင်းသို့မလိုက်ခဲ့ကြသောကြောင့်)အပြစ်တစ်စုံတစ်ရာမျှမရှိပြီ၊ ထို့အတူဝေဒနာရှင်တို့အပေါ်၌လည်း(အပြစ်)မရှိပြီ၊ ိုနည်းတူစွာ(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာမျှ မရရှိကြသောသူတို့အပေါ်၌လည်း ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်နှင့်ပတ်သက်၍လည်းကောင်း၊ သဒ္ဓါကြည်ဖြူသောစိတ်စေတနာထား ရှိကြပါလျှင် မည်သည့်အပြစ်မျှ မရှိချေ။ ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူတော်ကောင်းသူတော်စင်တို့ အပေါ်ဝယ် အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
89အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 89

စူရာ အတ်-တောင်ဘ အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက်…

စူရာ အာယာသ် 89/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers