La sourate Al-Burooj en Birmane
(ငါအရှင်မြတ်သည်) ဒွါဒရာသီ (ဆယ့်နှစ်ရာသီ)အင်္သာစက်ရှိသော မိုးကောင်းကင်ကို သက်သေ ထူတော်မူ၏။ |
၎င်းပြင် ချိန်းချက်ပြီးဖြစ်သောနေ့ကို သက်သေထူတော်မူ၏။ |
ထို့ပြင် အသင့်ရောက်ရှိသောနေ့ကိုလည်းကောင်း၊ အသင့်ရောက်ရှိကြရမည့်နေ့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။ |
ကျင်းရှင်(တွင်းရှင်) ကျုံးတို့သည် ပျက်စီးခဲ့ကြရလေသည်။ |
ထင်းများစွာ (လောင်စာများစွာ)ရှိသော မီးရှင်တို့သည်။ |
အကြင်အခါဝယ် ၎င်းတို့သည် ထိုမီး၏အနီးပတ်ဝန်းကျင်၌ ထိုင်လျက်ရှိခဲ့ကြကုန်၏။ |
ထို့ပြင် ၎င်းတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့ပြုလျက်ရှိသော အမှုကိစ္စ (နှိပ်စက်ညှဉ်းပမ်းမှု)ကို ရှုစားလျက်ရှိခဲ့ကြကုန်၏။ |
وَمَا نَقَمُوا مِنْهُمْ إِلَّا أَن يُؤْمِنُوا بِاللَّهِ الْعَزِيزِ الْحَمِيدِ(8) စင်စစ် ၎င်းတို့သည် ထို"မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၌ တန်ခိုးကြီးမားတော်မူသော၊ ချီးမွမ်း ထောပနာအပေါင်းကို ခံယူထိုက်တော်မူသော အကြင်အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြသည် မှ�စ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တွေ့ရှိခဲ့ကြသည် မဟုတ်ပေ။ |
الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ(9) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။ |
ဧကန်မလွဲ အကြင်သူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော မိန်းမတို့အားလည်းကောင်း၊ နှိပ်စက်ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ။ ထိုသူတို့၌ "ဂျဟန္နမ်" ငရဲ၏ပြစ်ဒဏ် သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ပြစ်ဒဏ်သည် ရှိချေသတည်း။ |
ဧကန်မုချ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့ အကြင်ဥယျာဉ်များသည် ရှိပေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းချောင်းများသည် စီးတွေလျက်ရှိပေသည်။ ဤသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။ |
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဖမ်းဆီးမှု၊ (အရေးယူ)မှုသည် အမှန်ပင် ပြင်းထန်လှပေသည်။ |
ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် (ပထမအကြိမ်) စတင်ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည်သာလျှင်(ဒုတိယအကြိမ်)ပြန်လည် ဖန်ဆင်းတော်မူပေမည်။ |
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ချစ်မြတ်နိုးတော်မူသောအရှင်။ |
အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည်စုံတော်မူသောအရှင်။ |
မိမိ ရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင် ဖြစ်တော်မူ၏။ |
(အို-နဗီတမန်တော်) အသင့်ထံ ထိုတပ်များ၏အကြောင်း အတ္ထုပ္ပတ္တိသည် ရောက်ရှိခဲ့ပြီ မဟုတ်လော။ |
ဖစ်ရ်အောင်န်" ၏တပ်များ အကြောင်းသည်လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏အကြောင်းသည်လည်းကောင်း။ |
ထိုမျှမကသေးပေ၊ စင်စစ်မှာကား ကာဖိရ် သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် (ကုရ်အာန်ကျမ်းမြတ်ကိုပင်) မဟုတ်မမှန်ဟူ၍ ပြောဆိုငြင်းပယ်လျက် ရှိကြသေး၏။ |
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အဘက်ဘက်မှ ဝန်းဝိုင်းလျက် ရှိတော်မူ၏။ |
ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ဤသည် အထူးဂုဏ်ဝိသေသနှင့်ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။ |
လုံခြုံစွာ ထိန်းသိမ်း၍ထားသည့် သင်ပုန်း၌ရေးမှတ်ပြီးဖြစ်သော။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate Al-Burooj : choisissez le récitateur pour écouter et télécharger la sourate Al-Burooj complète en haute qualité.















Donnez-nous une invitation valide