ယူနူစ် · 108/109
ဘာသာပြန် အသံနိုင်ငံ — ယူနူစ်
قُلْ يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الْحَقُّ مِن رَّبِّكُمْ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَا أَنَا عَلَيْكُم بِوَكِيلٍ ۝١٠٨
Qul yaaa aiyuhan naasu qad jaaa`akumul haqqu mir Rabbikum famanih tadaa fa innamaa yahtadee linafsihee wa man dalla fa innamaa yadillu `alaihaa wa maaa ana `alaikum biwakeel
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုတရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအကျိုးငှာ တရားလမ်းမှန်ကိုရရှိခဲ့သည်ပင်။ ထိုနည်းတူစွာ မည်သူမဆို လမ်းမှားခဲ့ပါမူထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့သည်ပင်။စင်စစ် ငါသည် အသင်တို့အပေါ်၌ တာဝန်ခံ မဟုတ်ချေတကား။

🎧 နားထောင်


📜 အာယာသ် 106-109 — ယူနူစ်

106وَلَا تَدْعُ مِن دُونِ اللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَ ۖ فَإِن فَعَلْتَ فَإِنَّكَ إِذًا مِّنَ الظَّالِمِينَ
၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိအား အကျိုးလည်းမဖြစ်ထွန်းစေနိုင်သော အကျိုးယုတ်စေခြင်းကိုလည်း မပြုနိုင်စွမ်းနိုင်သော အရာများကို ဟစ်ခေါ်ခြင်း မပြုပါလေနှင့်။ တစ်ဖန် အကယ်၍ အသင်သည်ပြုမိခဲ့ပါသော် ဧကန်စင်စစ် အသင်သည် ထိုသို့ပြုမိသောကြောင့် (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းသူတို့တွင်အပါအဝင် ဖြစ်သွားပေမည်(ဟူ၍လည်း အမိန့်တော်ရရှိ၏။)
107وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يُرِدْكَ بِخَيْرٍ فَلَا رَادَّ لِفَضْلِهِ ۚ يُصِيبُ بِهِ مَن يَشَاءُ مِنْ عِبَادِهِ ۚ وَهُوَ الْغَفُورُ الرَّحِيمُ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
108قُلْ يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الْحَقُّ مِن رَّبِّكُمْ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَا أَنَا عَلَيْكُم بِوَكِيلٍ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုတရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအကျိုးငှာ တရားလမ်းမှန်ကိုရရှိခဲ့သည်ပင်။ ထိုနည်းတူစွာ မည်သူမဆို လမ်းမှားခဲ့ပါမူထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့သည်ပင်။စင်စစ် ငါသည် အသင်တို့အပေါ်၌ တာဝန်ခံ မဟုတ်ချေတကား။
109وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ وَاصْبِرْ حَتَّىٰ يَحْكُمَ اللَّهُ ۚ وَهُوَ خَيْرُ الْحَاكِمِينَ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်တော်မူခြင်းခံရသော (ဝဟီ)အမိန့် တော်ကိုသာလိုက်နာပါလေ။ ၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသည်အထိ သည်းခံ၍နေပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
108အာယာသ်

ဘာသာပြန် — ယူနူစ် 108

စူရာ ယူနူစ် အာယာသ် 108 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ…

စူရာ အာယာသ် 108/109 — ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ယူနူစ် နားထောင်, ယူနူစ် ဘာသာပြန်, ယူနူစ် mp3, ယူနူစ် pdf. အာယာသ် 106–109. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers