ယူနူစ် · 109/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ وَاصْبِرْ حَتَّىٰ يَحْكُمَ اللَّهُ ۚ وَهُوَ خَيْرُ الْحَاكِمِينَ ۝١٠٩
Qattabi` maa yoohaaa ilaika wasbir hattaa yahkumal laah; wa Huwa khairul haakimeen
📖 မြန်မာဘာသာ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်တော်မူခြင်းခံရသော (ဝဟီ)အမိန့် တော်ကိုသာလိုက်နာပါလေ။ ၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသည်အထိ သည်းခံ၍နေပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
  • ဝါတ္တဗိးအ် (وَاتَّبِعْ)။ ။ လိုက်နာပါ၊ နာခံပါ၊ လက်တွေ့ကျင့်သုံးပါ။
  • မာ ယူးဟာ အီလိုင်ကာ (مَا يُوحَىٰ إِلَيْكَ)။ ။ သင့်ထံ ဝဟီအဖြစ် ချပေးအပ်သော အရာ။
  • ဝါစ်ဗိရ် (وَاصْبِرْ)။ ။ ဇွဲရှိပါ၊ သည်းခံပါ၊ ခန္တီတရားထားပါ။
  • ဟတ္တာ ယဟ်ကုမာ လ္လာဟ် (حَتَّىٰ يَحْكُمَ اللَّهُ)။ ။ အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ်တော်မူသည်အထိ။
  • ခိုင်ရုလ် ဟာကိမီးန် (خَيْرُ الْحَاكِمِينَ)။ ။ အကောင်းဆုံး စီရင်ဆုံးဖြတ်သူ၊ အကောင်းမြတ်ဆုံး တရားစီရင်သူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို တမန်တော်မုဟမ္မဒ်၊ သင့်ထံ အလ္လာဟ်အရှင်မြတ်က ဝဟီအားဖြင့် ချပေးအပ်တော်မူသော ကုရ်အာန်နှင့် သွန်သင်ချက်များကို လိုက်နာပါ။ ထိုဝဟီအတိုင်း လက်တွေ့ကျင့်သုံးပါ၊ လူသားများထံ ပို့ချပါ။ ထိုသို့ လုပ်ဆောင်ရာတွင် အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်ခြင်း၌လည်းကောင်း၊ အပြစ်များမှ ရှောင်ကြဉ်ခြင်း၌လည်းကောင်း၊ သင့်ကို ဆန့်ကျင်သူများ၏ နှောင့်ယှက်ညှဉ်းပန်းမှုများကို ခံရပ်ခြင်း၌လည်းကောင်း ဇွဲရှိရှိ သည်းခံပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍လည်းကောင်း၊ သင့်နှင့်ပတ်သက်၍လည်းကောင်း စီရင်ဆုံးဖြတ်တော်မူသည်အထိ ဆက်လက်၍ သည်းခံပါ။ အကယ်၍ သူတို့သည် ကုဖ်ရ် (မယုံကြည်မှု) အပေါ် သေဆုံးသွားကြပါက နောင်တမလွန်ဘဝတွင် ပြစ်ဒဏ်ဖြင့် စီရင်တော်မူမည်။ လောကီဘဝတွင်လည်း သင့်အား သူတို့အပေါ် အောင်ပွဲပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အကောင်းမြတ်ဆုံး စီရင်ဆုံးဖြတ်သူဖြစ်တော်မူ၏။ အရှင်မြတ်၏ စီရင်ချက်သည် တရားမှုနှင့် မျှတမှုကို အပြည့်အဝ ပါဝင်ပြီး၊ အရှင်မြတ်သည် အမှန်တရားမှတစ်ပါး အခြားမည်သည့်အရာကိုမျှ စီရင်တော်မူသည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်၏ ဝဟီသည် လူသားတို့အတွက် အမှန်တရားလမ်းညွှန်ဖြစ်သည်။ ထိုဝဟီကို လိုက်နာခြင်းသည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံး၌ အောင်မြင်မှုကို ရရှိစေသည်။
  • ဒုက္ခအခက်အခဲများကြားတွင် သည


📜 အာယာသ် 107-109 — စူရာ ယူနူစ်

107وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يُرِدْكَ بِخَيْرٍ فَلَا رَادَّ لِفَضْلِهِ ۚ يُصِيبُ بِهِ مَن يَشَاءُ مِنْ عِبَادِهِ ۚ وَهُوَ الْغَفُورُ الرَّحِيمُ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
108قُلْ يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الْحَقُّ مِن رَّبِّكُمْ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَا أَنَا عَلَيْكُم بِوَكِيلٍ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုတရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအကျိုးငှာ တရားလမ်းမှန်ကိုရရှိခဲ့သည်ပင်။ ထိုနည်းတူစွာ မည်သူမဆို လမ်းမှားခဲ့ပါမူထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့သည်ပင်။စင်စစ် ငါသည် အသင်တို့အပေါ်၌ တာဝန်ခံ မဟုတ်ချေတကား။
109وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ وَاصْبِرْ حَتَّىٰ يَحْكُمَ اللَّهُ ۚ وَهُوَ خَيْرُ الْحَاكِمِينَ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်တော်မူခြင်းခံရသော (ဝဟီ)အမိန့် တော်ကိုသာလိုက်နာပါလေ။ ၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသည်အထိ သည်းခံ၍နေပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
109အာယာသ်

ဘာသာပြန် — ယူနူစ် 109

စူရာ ယူနူစ် အာယာသ် 109 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်တော်မူခြင်းခံရသော (ဝဟီ)အမိန့် တော်ကိုသာလိုက်နာပါလေ။ ၎င်း ပြင် အသင်သည်…

စူရာ အာယာသ် 109/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 107–109. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers