وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يُرِدْكَ بِخَيْرٍ فَلَا رَادَّ لِفَضْلِهِ ۚ يُصِيبُ بِهِ مَن يَشَاءُ مِنْ عِبَادِهِ ۚ وَهُوَ الْغَفُورُ الرَّحِيمُ ١٠٧
🔤 Transliteration
Wa iny yamsaskal laahu bidurrin falaa kaashifa lahoo illaa Huwa wa iny yuridka bikhairin falaa raaadda lifadlih; yuseebu bihee man yashaaa`u min `ibaadih; wa huwal Ghafoorur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်များ يَمْسَسْكَ (ယမ်စပ်စကာ) — သင့်အား ထိရောက်စေသည်၊ သင့်အပေါ် ကျရောက်စေသည်။ضُرٍّ (ဒုရ်ရ်) — ဘေးအန္တရာယ်၊ ဆင်းရဲဒုက္ခ၊ အန္တရာယ်ကျရောက်မှု။كَاشِفَ (ကာရှိဖ) — ဖယ်ရှားပေးသူ၊ ဖျောက်ဖျက်ပေးသူ။يُرِدْكَ (ယုရိဒ်ကာ) — သင့်အား ရည်ရွယ်သည်၊ သင့်အတွက် ဆန္ဒရှိသည်။رَادَّ (ရာဒ်ဒ) — တားဆီးသူ၊ ပိတ်ပင်သူ။فَضْلِهِ (ဖဒ်လိဟိ) — သူ၏ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာ။يُصِيبُ (ယုဆီးဗု) — ရောက်စေသည်၊ ပေးအပ်သည်။الْغَفُورُ (အလ်ဂဖူးရ်) — အလွန်ခွင့်လွှတ်တော်မူသောအရှင်။الرَّحِيمُ (အရ်ရဟီးမ်) — အလွန်ကရုဏာထားတော်မူသောအရှင်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် အသင်တမန်တော်မြတ်အား ဘေးအန္တရာယ် သို့မဟုတ် ဆင်းရဲဒုက္ခမျိုး ထိရောက်စေတော်မူလျှင် ထိုဘေးဒုက္ခကို ဖယ်ရှားပေးနိုင်သူမှာ အရှင်မြတ်တစ်ပါးတည်းသာ ဖြစ်တော်မူသည်။ အရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ ထိုဘေးကို ဖယ်ရှားနိုင်စွမ်းမရှိပေ။ ထို့အပြင် အရှင်မြတ်သည် အသင်တမန်တော်မြတ်အား ကောင်းချီးမင်္ဂလာ သို့မဟုတ် ကျေးဇူးတော်တစ်စုံတစ်ရာကို ပေးသနားတော်မူလိုလျှင်လည်း ထိုကျေးဇူးတော်ကို တားဆီးပိတ်ပင်နိုင်သူ မည်သူတစ်ဦးတစ်ယောက်မျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအနက် မိမိအလိုတော်ရှိသူအား ကောင်းကျိုးဖြစ်စေ၊ ဘေးအန္တရာယ်ဖြစ်စေ ရောက်ရှိစေတော်မူသည်။ အရှင်မြတ်သည် အပြစ်များမှ ဝန်ချတောင်းပန်သူများအား အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ မိမိအား ယုံကြည်ကိုးကွယ်၍ နာခံသူများအပေါ် အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အလ္လာဟ်အရှင်မြတ်သည် ဘေးအန္တရာယ်နှင့် ကောင်းချီးမင်္ဂလာ နှစ်မျိုးစလုံးကို အစိုးရတော်မူသော အရှင်ဖြစ်ကြောင်း သိရှိစေသည်။ မည်သည့်အရာမျှ အရှင်မြတ်၏ အလိုတော်မပါဘဲ ဖြစ်ပေါ်လာနိုင်ခြင်း မရှိပေ။
၂။ ဘေးဒုက္ခရောက်ချိန်တွင် အလ္လာဟ်အရှင်မြတ်ထံသာ ပြန်လည်ခိုလှုံရမည်ဖြစ်ပြီး အရှင်မြတ်သာလျှင် ဘေးကို ဖယ်ရှားပေးနိုင်သူ ဖြစ်တော်မူ
وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يُرِدۡكَ بِخَيۡرٍ فَلَا رَآدَّ لِفَضۡلِهِۦۚ يُصِيبُ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ ١٠٧
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 105-109 — စူရာ ယူနူစ်
105 وَأَنْ أَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ထို့ပြင် အသင်သည် မိမိမျက်နှာကို ဒီန်သာသနာတော်ဘက်သို့ သဒ္ဒါကြည်ဖြူစွာ လှည့်ထားပါလေ။ ထိုမှတစ်ပါး အသင်သည် မုရှ်ရစ်က် တို့တွင် အပါအဝင် မဖြစ်ပါလေနှင့် (ဟူ၍လည်း အမိန့်တော် ရရှိ၏။)
106 وَلَا تَدْعُ مِن دُونِ اللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَ ۖ فَإِن فَعَلْتَ فَإِنَّكَ إِذًا مِّنَ الظَّالِمِينَ
၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိအား အကျိုးလည်းမဖြစ်ထွန်းစေနိုင်သော အကျိုးယုတ်စေခြင်းကိုလည်း မပြုနိုင်စွမ်းနိုင်သော အရာများကို ဟစ်ခေါ်ခြင်း မပြုပါလေနှင့်။ တစ်ဖန် အကယ်၍ အသင်သည်ပြုမိခဲ့ပါသော် ဧကန်စင်စစ် အသင်သည် ထိုသို့ပြုမိသောကြောင့် (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းသူတို့တွင်အပါအဝင် ဖြစ်သွားပေမည်(ဟူ၍လည်း အမိန့်တော်ရရှိ၏။)
107 وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يُرِدْكَ بِخَيْرٍ فَلَا رَادَّ لِفَضْلِهِ ۚ يُصِيبُ بِهِ مَن يَشَاءُ مِنْ عِبَادِهِ ۚ وَهُوَ الْغَفُورُ الرَّحِيمُ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
108 قُلْ يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الْحَقُّ مِن رَّبِّكُمْ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَا أَنَا عَلَيْكُم بِوَكِيلٍ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုတရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအကျိုးငှာ တရားလမ်းမှန်ကိုရရှိခဲ့သည်ပင်။ ထိုနည်းတူစွာ မည်သူမဆို လမ်းမှားခဲ့ပါမူထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့သည်ပင်။စင်စစ် ငါသည် အသင်တို့အပေါ်၌ တာဝန်ခံ မဟုတ်ချေတကား။
109 وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ وَاصْبِرْ حَتَّىٰ يَحْكُمَ اللَّهُ ۚ وَهُوَ خَيْرُ الْحَاكِمِينَ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်တော်မူခြင်းခံရသော (ဝဟီ)အမိန့် တော်ကိုသာလိုက်နာပါလေ။ ၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသည်အထိ သည်းခံ၍နေပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — ယူနူစ် 107 စူရာ ယူနူစ် အာယာသ် 107 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ…
စူရာ အာယာသ် 107/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 105–109. မြန်မာဘာသာ: ภาษาไทย.