ယူနူစ် · 16/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
قُل لَّوْ شَاءَ اللَّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلَا أَدْرَاكُم بِهِ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِّن قَبْلِهِ ۚ أَفَلَا تَعْقِلُونَ ۝١٦
Qul law shaaa`al laahu maa talawtuhoo `alaikum wa laaa adraakum bihee faqad labistu feekum `umuram min qablih; afalaa ta`qiloon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည်မဟုတ်။ ထိုအရှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ်အာန်)နှင့်စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တစ်ဖန်ဧကန်စင်စစ် ငါသည် ထို(ကုရ်အာန်)မကျရောက်မီ အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • تَلَوْتُهُ: ငါဖတ်ကြားခဲ့သည်။
  • أَدْرَاكُم بِهِ: သင်တို့အား ထိုကုရ်အာန်ကို သိစေခဲ့သည်။
  • لَبِثْتُ فِيكُمْ عُمُرًا: ငါသည် သင်တို့အကြားတွင် အသက်တစ်သက်စာ နေထိုင်ခဲ့သည်။
  • أَفَلَا تَعْقِلُونَ: သင်တို့သည် မစဉ်းစားမဆင်ခြင်ကြသလော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ သင်သည် သူတို့အား ပြောကြားလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါက ငါသည် ဤကုရ်အာန်ကို သင်တို့အပေါ် ဖတ်ကြားခဲ့မည် မဟုတ်ပေ။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် ငါ၏လျှာဖြင့် သင်တို့အား ထိုကုရ်အာန်ကို သိစေတော်မူခဲ့မည် မဟုတ်ပေ။ သင်တို့သည် ကောင်းစွာသိရှိထားကြသည်မှာ ငါသည် ဤကုရ်အာန် မပေါ်ထွန်းမီ အချိန်ကာလအတော်ကြာသည်အထိ သင်တို့အကြားတွင် နေထိုင်ခဲ့သည်။ ထိုကာလတွင် ငါသည် မည်သည့်စာအုပ်ကိုမျှ မဖတ်ခဲ့ဖူးသလို မည်သည့်စာကိုမျှ မရေးခဲ့ဖူးပေ။ ဤကုရ်အာန်ကို တောင်းဆိုခြင်း၊ ရှာဖွေခြင်းလည်း မပြုခဲ့ဖူးပေ။ သို့ပါလျက် ယခုအခါ ငါသည် ထိုကုရ်အာန်ကို သင်တို့အား ဖတ်ကြားနေခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရသာ ဖြစ်သည်။ ဤအချက်ကို သင်တို့သည် မိမိတို့၏ ဉာဏ်ပညာဖြင့် မစဉ်းစားဆင်ခြင်ကြသလော။ ဤကုရ်အာန်သည် ငါ့ထံမှ မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်ကြောင်း သင်တို့ နားလည်သင့်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို မိမိအလိုတော်အတိုင်း စီမံခန့်ခွဲနိုင်သည်ကို သိရှိစေသည်။
  • တမန်တော်မုဟမ္မဒ် (ဆွ) သည် ကုရ်အာန် မပေါ်ထွန်းမီ အသက်လေးဆယ်အထိ မည်သည့်စာပေကိုမျှ မဖတ်မရေးခဲ့ဘဲ နေထိုင်ခဲ့သည်ကို သတိပြုမိစေသည်။
  • ဤအချက်သည် ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အမှန်တကယ် ဖြစ်ကြောင်း ခိုင်မာသော သက်သေအထောက်အထား ဖြစ်သည်။
  • လူသားများအနေဖြင့် မိမိတို့၏ ဉာဏ်ပညာကို အသုံးပြု၍ စဉ်းစားဆင်ခြင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။
  • အစ္စလာမ်နှင့် ကုရ်အာန်သည် လူသားတို့၏ ဉာဏ်ပညာနှင့် ကိုက်ညီသော၊ ဆင်ခြင်တုံတရားဖြင့် လက်ခံနိုင်သော သွန်သင်ချက်များ ပါဝင်ကြောင်း သိရှိစေသည်။
  • ဤအာယသ်တော်သည် ကုရ်အာန်


📜 အာယာသ် 14-18 — စူရာ ယူနူစ်

14ثُمَّ جَعَلْنَاكُمْ خَلَائِفَ فِي الْأَرْضِ مِن بَعْدِهِمْ لِنَنظُرَ كَيْفَ تَعْمَلُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့၏နောက်အသင်တို့ မည်သို့ပြုလုပ်ကြသည်ကို ကြည့်ရှုတော်မူရန် အသင်တို့အား ကမ္ဘာမြေပြင်ဝယ် ကိုယ်စားလှယ်များ ပြုလုပ် တော်မူသတည်း။
15وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِن تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
၎င်း ပြင် ထိုသူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားလှစွာသော အာယတ်တော်များကို ဖတ်ကြား ခဲ့သောအခါ၊ငါအရှင်မြတ်နှင့်တွေ့ဆုံရန် မမျှော်လင့်သောသူတို့က အသင်သည် ဤမှတစ်ပါးအခြား ကုရ်အာန်ကိုယူခဲ့ပါလေ။ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ပေးပါလေ ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်း တို့အား ဤသို့) ပြောကြားပါလေ။(ဟယ်-အချင်းတို့) ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ ၏စိတ်အလိုအလျောက် ပြောင်းလဲခွင့်မရှိချေ။ ငါသည် မိမိထံညွှန်ကြားခြင်းခံရသော အမိန့်ကိုသာလိုက်နာ၏။ အကယ်၍ ငါသည်မိမိအရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကျယ်သော (ကိယာမတ်)နေ့၏အပြစ်ဒဏ်ကို ငါစိုးရိမ်ရသည်။
16قُل لَّوْ شَاءَ اللَّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلَا أَدْرَاكُم بِهِ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِّن قَبْلِهِ ۚ أَفَلَا تَعْقِلُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည်မဟုတ်။ ထိုအရှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ်အာန်)နှင့်စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တစ်ဖန်ဧကန်စင်စစ် ငါသည် ထို(ကုရ်အာန်)မကျရောက်မီ အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။
17فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ إِنَّهُ لَا يُفْلِحُ الْمُجْرِمُونَ
သို့ဖြစ်ပေရာ အကြင်သူထက် ပိုမို၍ မတရားသောသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်လီဆယ်၍ စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့လေသည်။ ဧကန် စင်စစ် ပြစ်မှုကျူးလွန်သူတို့သည် အောင်မြင်မှုအလျင်းရရှိကြမည် မဟုတ်ပေတကား။
18وَيَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنفَعُهُمْ وَيَقُولُونَ هَٰؤُلَاءِ شُفَعَاؤُنَا عِندَ اللَّهِ ۚ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لَا يَعْلَمُ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပယ်၍ အကြင်အရာများကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထိုအရာများသည် ၎င်း တို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုအရာများသည်၎င်း တို့အား အကျိုး ဖြစ်ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ထိုမှတပါး ၎င်း တို့က ဤသည်တို့ကား ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြားဝင် အသနားခံပေးမည့်အရာများပင်ဖြစ်ကြသည်ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား ဤသို့)ပြောြားပါလေ။ (အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ထိုအရှင်မြတ်သိတော်မမူသောအရာနှင့်စပ်လျဉ်း၍ သတင်းပေးကြသလော။ ထိုအရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်း တို့တွဲဖက်နှ�ုင်းယှဉ် ကိုးကွယ်ကြကုန်သောအရာများထက် မြင့်မြတ်လှတော်မူ၏။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
16အာယာသ်

ဘာသာပြန် — ယူနူစ် 16

စူရာ ယူနူစ် အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်)…

စူရာ အာယာသ် 16/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 11, 2026

Don't forget us in your sincere prayers