ဟူဒ် · 91/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
قَالُوا يَا شُعَيْبُ مَا نَفْقَهُ كَثِيرًا مِّمَّا تَقُولُ وَإِنَّا لَنَرَاكَ فِينَا ضَعِيفًا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَاكَ ۖ وَمَا أَنتَ عَلَيْنَا بِعَزِيزٍ ۝٩١
Qaaloo yaa Shu`aibu maa nafqahu kaseeram mimmaa taqoolu wa innaa lanaraaka feenaa da`eefanw wa law laa rahtuka larajamnaaka wa maaa anta `alainaa bi`azeez
📖 မြန်မာဘာသာ
ယင်း(အမျိုးသား)တို့က (ဤသို့)ပြောဆိုကြိမ်းမောင်းခဲ့ကြလေသည်။ အို-ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်ပြောဆိုသောစကားများအနက် များစွာသော စကားများကိုလည်း နားမလည်နိုင်ကြပေ။ ထို့ပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် အသင့်အား မိမိ တို့အထဲတွင် အင်အားချိနဲ့သူတစ်ယောက် ဟူ၍သာ မြင်နေကြပေသည်။ စင်စစ်မူကား အသင်၏သားချင်းတို့သာ မရှိခဲ့ ကြပါလျှင် ကျွန်ုပ်တို့သည် အသင့်အားကျောက်ခဲများဖြင့် ပစ်သတ်ကြမည်မှာ ဧကန်မလွဲပင်။ စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အပေါ်ဝယ် လွှမ်းမိုးကြီးစိုးနေသူလည်း မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ် ဟူဒ် (အခန်း ၁၁)၊ အာယသ် ၉၁ တွင် ဖော်ပြထားသော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • နဖ်ကဟူ (نَفْقَهُ): နားလည်သဘောပေါက်ခြင်း၊ သိရှိခြင်း။
  • ရဟ်သွုက (رَهْطُكَ): သင့်၏ ဆွေမျိုးသားချင်းများ၊ မျိုးနွယ်စုဝင်များ။
  • လရဂျမ်နာက (لَرَجَمْنَاكَ): သင့်ကို ကျောက်ခဲများဖြင့် ပစ်သတ်ကြမည်။
  • အဇီဇ် (عَزِيزٍ): ဂုဏ်သတင်းကြီးမားသူ၊ လေးစားခံရသူ၊ အာဏာရှိသူ။
  1. ဤအာယသ်တော်တွင် ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) ၏ လူမျိုးများက သူ့အား ပြောဆိုခဲ့ကြသည်မှာ— "အို ရှုအိုင်ဗ်၊ သင်ပြောဆိုနေသည့် အကြောင်းအရာများထဲမှ အများအပြားကို ကျွန်ုပ်တို့ နားမလည်ကြပါ။ ကျွန်ုပ်တို့သည် သင့်ကို ကျွန်ုပ်တို့အကြားတွင် အားနည်းသူတစ်ဦးအဖြစ် မြင်ကြသည်။ သင့်၏ ဆွေမျိုးမျိုးနွယ်စုသားချင်းများ မရှိခဲ့လျှင် သင့်ကို ကျောက်ခဲများဖြင့် ပစ်သတ်ကြမည်ဖြစ်သည်။ သင်သည် ကျွန်ုပ်တို့အပေါ်၌ ဂုဏ်သတင်းကြီးမားသူ၊ လေးစားခံရသူ မဟုတ်ပါ။" ဟု ဆိုကြလေသည်။

ဤစကားများတွင် သူတို့၏ မာန်မာနထောင်လွှားမှု၊ အမှန်တရားကို လက်မခံလိုသော စိတ်ထားနှင့် တမန်တော်တစ်ပါးကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်းတို့ကို တွေ့မြင်နိုင်သည်။ သူတို့သည် ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) ၏ ဟောပြောချက်များကို နားလည်နိုင်စွမ်းမရှိဟု ဆိုခြင်းသည် အမှန်စင်စစ် နားလည်လိုစိတ်မရှိခြင်း၊ လက်ခံလိုစိတ်မရှိခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် သူ့အား အားနည်းသူအဖြစ် သတ်မှတ်ခြင်းမှာ သူ၏ မျက်စိအားနည်းမှု သို့မဟုတ် ခန္ဓာကိုယ်အားနည်းမှုကို ရည်ညွှန်းနိုင်သည်။ သူ့ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းသည် သူတို့၏ ရက်စက်ကြမ်းတမ်းမှုကို ထင်ဟပ်စေသည်။ သို့သော် သူ၏ မျိုးနွယ်စုသားချင်းများကို လေးစားသောအားဖြင့်သာ သူ့ကို မသတ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့အမြင်တွင် ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) သည် သူတို့အပေါ်၌ မည်သည့် ဂုဏ်သတင်း၊ အာဏာ၊ လေးစားမှုမျှ မရှိခဲ့ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်သည် အမှန်တရားကို ဖိတ်ခေါ်သော သာသနာဖြစ်သည်။ အမှန်တရားကို ငြင်းပယ်သူများသည်


📜 အာယာသ် 89-93 — စူရာ ဟူဒ်

89وَيَا قَوْمِ لَا يَجْرِمَنَّكُمْ شِقَاقِي أَن يُصِيبَكُم مِّثْلُ مَا أَصَابَ قَوْمَ نُوحٍ أَوْ قَوْمَ هُودٍ أَوْ قَوْمَ صَالِحٍ ۚ وَمَا قَوْمُ لُوطٍ مِّنكُم بِبَعِيدٍ
အမှန်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါနှင့်စိတ်ဝမ်းကွဲပြားမှုသည် အသင်တို့၌(နဗီတမန်တော်)နူဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်)ဟူဒ်၏အမျိုးသားတို့၌သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်) ဆွာလိဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော် လည်းကောင်း၊ သက်ရောက်စေရန်အသင်တို့အား အလျဉ်းလှုံ့ဆော်ဖန်တီးသည် မရှိစေရ။ ၎င်းပြင်(နဗီတမန်တော်)လူ(တ်)၏အမျိုးသား တို့(၌သက်ရောက်ခဲ့သောပြစ်ဒဏ်)မှာလည်း သင်တို့နှင့် မဝေးလှပေ။
90وَاسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي رَحِيمٌ وَدُودٌ
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ထို့နောက် အသင်တို့သည် (မိမိတို့၏အာရုံကို) ထိုအရှင်မြတ်ဖက်သို့သာလျှင် လှည့်ကြလေကုန်။ ဧကန်မလွဲ ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာ ချစ်ကြင်တော်မူသော အရှင်မြတ်ပင်တည်း။
91قَالُوا يَا شُعَيْبُ مَا نَفْقَهُ كَثِيرًا مِّمَّا تَقُولُ وَإِنَّا لَنَرَاكَ فِينَا ضَعِيفًا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَاكَ ۖ وَمَا أَنتَ عَلَيْنَا بِعَزِيزٍ
ယင်း(အမျိုးသား)တို့က (ဤသို့)ပြောဆိုကြိမ်းမောင်းခဲ့ကြလေသည်။ အို-ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်ပြောဆိုသောစကားများအနက် များစွာသော စကားများကိုလည်း နားမလည်နိုင်ကြပေ။ ထို့ပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် အသင့်အား မိမိ တို့အထဲတွင် အင်အားချိနဲ့သူတစ်ယောက် ဟူ၍သာ မြင်နေကြပေသည်။ စင်စစ်မူကား အသင်၏သားချင်းတို့သာ မရှိခဲ့ ကြပါလျှင် ကျွန်ုပ်တို့သည် အသင့်အားကျောက်ခဲများဖြင့် ပစ်သတ်ကြမည်မှာ ဧကန်မလွဲပင်။ စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အပေါ်ဝယ် လွှမ်းမိုးကြီးစိုးနေသူလည်း မဟုတ်ချေ။
92قَالَ يَا قَوْمِ أَرَهْطِي أَعَزُّ عَلَيْكُم مِّنَ اللَّهِ وَاتَّخَذْتُمُوهُ وَرَاءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّي بِمَا تَعْمَلُونَ مُحِيطٌ
(ထိုအခါ) ယင်း(နဗီတမန်တော်) ရှုအိုက်ဗ်က(ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊ငါ၏သားချင်းတို့သည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပင် ပို၍မြင့်မြတ်ကြပါသလော၊ စင်စစ်မှာမူကား အသင်တို့သည် ထိုအရှင်မြတ်ကိုပင် မိမိတို့၏ကျောနောက်တွင် အမှုမဲ့အမှတ်မဲ့ ပစ်ပယ်ထားခဲ့ကြကုန်၏။ ဧကန်မလွဲ ငါ၏အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက်ရှိကြသည်ကိုဝန်းခြုံထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
93وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ
၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။ အသင်တို့သည် မည်သူ့ထံထိုသူအား အရှက်တကွဲ အကျိုးနည်းဖြစ်စေသော ပြစ်ဒဏ် ရောက်ရှိလာသည်ကိုလည်းကောင်း၊ မည်သူမုသာဝါဒီဖြစ် သည်ကိုလည်းကောင်း၊ မကြာမြင့်မီပင် သိရှိကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် စောင့်မျှော် ကြလေကုန်။ ဧကန်အမှန် ငါသည်လည်းအသင်တို့ နှင့်အတူ စောင့်မျှော်မည့်သူပင်။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
91အာယာသ်

ဘာသာပြန် — ဟူဒ် 91

စူရာ ဟူဒ် အာယာသ် 91 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်း(အမျိုးသား)တို့က (ဤသို့)ပြောဆိုကြိမ်းမောင်းခဲ့ကြလေသည်။ အို-ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်ပြောဆိုသောစကားများအနက် များစွာသော စကားများကိုလည်း နားမလည်နိုင်ကြပေ။ ထို့ပြင် ဧကန်အမှန်…

စူရာ အာယာသ် 91/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 89–93. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, November 8, 2026

Don't forget us in your sincere prayers