ဟူဒ် · 90/123
ဘာသာပြန် အသံနိုင်ငံ — ဟူဒ်
وَاسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي رَحِيمٌ وَدُودٌ ۝٩٠
Wastaghfiroo Rabbakum summa toobooo ilaih; inna Rabbee Raheemunw Wadood
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ထို့နောက် အသင်တို့သည် (မိမိတို့၏အာရုံကို) ထိုအရှင်မြတ်ဖက်သို့သာလျှင် လှည့်ကြလေကုန်။ ဧကန်မလွဲ ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာ ချစ်ကြင်တော်မူသော အရှင်မြတ်ပင်တည်း။

🎧 နားထောင်


📜 အာယာသ် 88-92 — ဟူဒ်

88قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَرَزَقَنِي مِنْهُ رِزْقًا حَسَنًا ۚ وَمَا أُرِيدُ أَنْ أُخَالِفَكُمْ إِلَىٰ مَا أَنْهَاكُمْ عَنْهُ ۚ إِنْ أُرِيدُ إِلَّا الْإِصْلَاحَ مَا اسْتَطَعْتُ ۚ وَمَا تَوْفِيقِي إِلَّا بِاللَّهِ ۚ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
(ထိုအခါ) ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်က(မိမိအမျိုးသားတို့အား ဤသို့)ပြောဆို ဖြေကြားခဲ့ လေ၏။ အိုငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်ထံတော်မှသက်သေခံအပေါ်၌ တည်ရှိခဲ့ ပါလျှင်လည်းကောင်း၊ ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ ကောင်းမွန်မြင့်မြတ်သောစားနပ်ရိက္ခာကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြပါသနည်း။ ၎င်းပြင် ငါသည် မိမိကိုယ်တိုင် အသင်တို့အား တားမြစ်သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်၍ ကိုယ်တိုင်ပြုလုပ်ရန် ရည်စူးသည်မဟုတ်ပေ။ အမှန်စင်စစ် ငါသည် မိမိတတ်စွမ်းနိုင်သမျှ ကာလပတ်လုံး (အသင်တို့၏ဆိုးရွားနေသောအခြေအနေကို)ပြုပြင်ရန်သာလျှင် ရည်စူးလေသည်။ သို့ရာတွင် ငါ၏အောင်မြင်မှုကား အလ္လာဟ်အရှင်မြတ်၏ ကူညီမှုအပေါ်၌သာလျှင် ရှိနေပေရာ ငါသည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထား၏။ ထိုမှတစ်ပါး ငါသည်ထို အရှင်မြတ်ဖက်သို့သာလျှင် ပြန်လှည့်မည်ဖြစ်၏။
89وَيَا قَوْمِ لَا يَجْرِمَنَّكُمْ شِقَاقِي أَن يُصِيبَكُم مِّثْلُ مَا أَصَابَ قَوْمَ نُوحٍ أَوْ قَوْمَ هُودٍ أَوْ قَوْمَ صَالِحٍ ۚ وَمَا قَوْمُ لُوطٍ مِّنكُم بِبَعِيدٍ
အမှန်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါနှင့်စိတ်ဝမ်းကွဲပြားမှုသည် အသင်တို့၌(နဗီတမန်တော်)နူဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်)ဟူဒ်၏အမျိုးသားတို့၌သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်) ဆွာလိဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော် လည်းကောင်း၊ သက်ရောက်စေရန်အသင်တို့အား အလျဉ်းလှုံ့ဆော်ဖန်တီးသည် မရှိစေရ။ ၎င်းပြင်(နဗီတမန်တော်)လူ(တ်)၏အမျိုးသား တို့(၌သက်ရောက်ခဲ့သောပြစ်ဒဏ်)မှာလည်း သင်တို့နှင့် မဝေးလှပေ။
90وَاسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي رَحِيمٌ وَدُودٌ
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ထို့နောက် အသင်တို့သည် (မိမိတို့၏အာရုံကို) ထိုအရှင်မြတ်ဖက်သို့သာလျှင် လှည့်ကြလေကုန်။ ဧကန်မလွဲ ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာ ချစ်ကြင်တော်မူသော အရှင်မြတ်ပင်တည်း။
91قَالُوا يَا شُعَيْبُ مَا نَفْقَهُ كَثِيرًا مِّمَّا تَقُولُ وَإِنَّا لَنَرَاكَ فِينَا ضَعِيفًا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَاكَ ۖ وَمَا أَنتَ عَلَيْنَا بِعَزِيزٍ
ယင်း(အမျိုးသား)တို့က (ဤသို့)ပြောဆိုကြိမ်းမောင်းခဲ့ကြလေသည်။ အို-ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်ပြောဆိုသောစကားများအနက် များစွာသော စကားများကိုလည်း နားမလည်နိုင်ကြပေ။ ထို့ပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် အသင့်အား မိမိ တို့အထဲတွင် အင်အားချိနဲ့သူတစ်ယောက် ဟူ၍သာ မြင်နေကြပေသည်။ စင်စစ်မူကား အသင်၏သားချင်းတို့သာ မရှိခဲ့ ကြပါလျှင် ကျွန်ုပ်တို့သည် အသင့်အားကျောက်ခဲများဖြင့် ပစ်သတ်ကြမည်မှာ ဧကန်မလွဲပင်။ စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အပေါ်ဝယ် လွှမ်းမိုးကြီးစိုးနေသူလည်း မဟုတ်ချေ။
92قَالَ يَا قَوْمِ أَرَهْطِي أَعَزُّ عَلَيْكُم مِّنَ اللَّهِ وَاتَّخَذْتُمُوهُ وَرَاءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّي بِمَا تَعْمَلُونَ مُحِيطٌ
(ထိုအခါ) ယင်း(နဗီတမန်တော်) ရှုအိုက်ဗ်က(ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊ငါ၏သားချင်းတို့သည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပင် ပို၍မြင့်မြတ်ကြပါသလော၊ စင်စစ်မှာမူကား အသင်တို့သည် ထိုအရှင်မြတ်ကိုပင် မိမိတို့၏ကျောနောက်တွင် အမှုမဲ့အမှတ်မဲ့ ပစ်ပယ်ထားခဲ့ကြကုန်၏။ ဧကန်မလွဲ ငါ၏အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက်ရှိကြသည်ကိုဝန်းခြုံထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
90အာယာသ်

ဘာသာပြန် — ဟူဒ် 90

စူရာ ဟူဒ် အာယာသ် 90 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ထို့နောက် အသင်တို့သည် (မိမိတို့၏အာရုံကို) ထိုအရှင်မြတ်ဖက်သို့သာလျှင် လှည့်ကြလေကုန်။ ဧကန်မလွဲ…

စူရာ အာယာသ် 90/123 — ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ဟူဒ် နားထောင်, ဟူဒ် ဘာသာပြန်, ဟူဒ် mp3, ဟူဒ် pdf. အာယာသ် 88–92. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers