ဟူဒ် · 94/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِّنَّا وَأَخَذَتِ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ ۝٩٤
Wa lammaa jaaa`a amrunaa najjainaa shu`aibanw wal lazeena aamanoo ma`ahoo birahmatim minnaa wa akhazatil lazeena zalamus saihatu fa asbahoo fee diyaarihim jaasimeen
📖 မြန်မာဘာသာ
၎င်းနောက် ငါအရှင်မြတ်၏အမိန့်တော်သည်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့်(နဗီတမန်တော်)ရှုအိုက်ဗ်နှင့်တကွ ယင်း (နဗီတမန်တော်)ရှုအိုက်ဗ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့ကိုပါကယ်ဆယ်တော်မူခဲ့လေသည်။ သို့ရာတွင် မတရား ပြုကျင့်ခဲ့ကြကုန်သောသူတို့ကိုကား ကျယ်လောင်သော အသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေရာ ၎င်းတို့သည် နံနက်အချိန်တွင် မိမိတို့နေအိမ်များ၌ မှောက်လျက်သား ဖြစ်နေခဲ့ကြကုန်သတည်း။ (သေကြေပျက်စီး သွားခဲ့ကြလေသတည်း။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • أَمْرُنَا (အမ်ရုနာ) — ငါအရှင်မြတ်၏ အမိန့်တော်။ ဤနေရာတွင် အပြစ်ဒဏ်ချမှတ်ရန် အမိန့်တော်ကို ဆိုလိုသည်။
  • نَجَّيْنَا (နဂျ္ဂိုင်နာ) — ငါအရှင်မြတ်သည် ကယ်တင်တော်မူခဲ့သည်။
  • بِرَحْمَةٍ مِّنَّا (ဗိရဟ်မသင်မ်မင်နာ) — ငါအရှင်မြတ်ထံတော်မှ ကရုဏာတော်ဖြင့်။
  • الصَّيْحَةُ (ဆွိုင်ဟသွ်) — ကြီးမားသော အသံကြီး။ ဤနေရာတွင် အလွန်ပြင်းထန်သော အသံဖြင့် အပြစ်ဒဏ်ချမှတ်ခြင်းကို ဆိုလိုသည်။
  • جَاثِمِينَ (ဂျာသိမိန်န) — ဒူးထောက်လျက် မြေကြီးပေါ်တွင် လဲကျနေသူများ၊ လှုပ်ရှားနိုင်စွမ်းမရှိဘဲ သေဆုံးနေသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) ၏ လူမျိုးများကို အပြစ်ဒဏ်ချမှတ်ရန် ငါအရှင်မြတ်၏ အမိန့်တော် ရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် တမန်တော် ရှုအိုင်ဗ်နှင့် သူနှင့်အတူ ယုံကြည်သူများကို ငါအရှင်မြတ်ထံတော်မှ ကရုဏာတော်ဖြင့် ကယ်တင်တော်မူခဲ့သည်။ ထို့နောက် အပြစ်ကျူးလွန်ခဲ့ကြသော လူမျိုးများကို အလွန်ပြင်းထန်သော အသံကြီးက ဖမ်းဆုပ်ခဲ့သဖြင့် သူတို့သည် မိမိတို့နေအိမ်များတွင် ဒူးထောက်လျက် မြေကြီးပေါ်တွင် လဲကျသေဆုံးနေကြရှာသည်။ သူတို့သည် မည်သည့် လှုပ်ရှားမှုမျှ မပြုနိုင်တော့ဘဲ သေဆုံးသွားကြသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များနှင့် ယုံကြည်သူများကို အမြဲတမ်း ကယ်တင်တော်မူသည်။ ထို့ကြောင့် ယုံကြည်ခြင်းသည် လုံခြုံမှုနှင့် ကယ်တင်ခြင်း၏ အကြောင်းရင်း ဖြစ်သည်။
  • အပြစ်ကျူးလွန်သူများသည် မည်မျှပင် အင်အားကြီးမားစေကာမူ၊ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ မလွတ်မြောက်နိုင်ကြပါ။
  • အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်ဖြင့် ယုံကြည်သူများကို ကယ်တင်ပြီး၊ တရားမျှတမှုဖြင့် အပြစ်ကျူးလွန်သူများကို အပြစ်ဒဏ်ချမှတ်သည်။
  • ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ထံ ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းသို့ လူသားများကို ဖိတ်ခေါ်နေသည်။ အကြောင်းမှာ ယုံကြည်သူများသည် ဤလောကနှင့် နောင်လောကတွင် ကယ်တင်ခြင်းကို ရရှိမည် ဖြစ်သောကြ


📜 အာယာသ် 92-96 — စူရာ ဟူဒ်

92قَالَ يَا قَوْمِ أَرَهْطِي أَعَزُّ عَلَيْكُم مِّنَ اللَّهِ وَاتَّخَذْتُمُوهُ وَرَاءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّي بِمَا تَعْمَلُونَ مُحِيطٌ
(ထိုအခါ) ယင်း(နဗီတမန်တော်) ရှုအိုက်ဗ်က(ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊ငါ၏သားချင်းတို့သည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပင် ပို၍မြင့်မြတ်ကြပါသလော၊ စင်စစ်မှာမူကား အသင်တို့သည် ထိုအရှင်မြတ်ကိုပင် မိမိတို့၏ကျောနောက်တွင် အမှုမဲ့အမှတ်မဲ့ ပစ်ပယ်ထားခဲ့ကြကုန်၏။ ဧကန်မလွဲ ငါ၏အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက်ရှိကြသည်ကိုဝန်းခြုံထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
93وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ
၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။ အသင်တို့သည် မည်သူ့ထံထိုသူအား အရှက်တကွဲ အကျိုးနည်းဖြစ်စေသော ပြစ်ဒဏ် ရောက်ရှိလာသည်ကိုလည်းကောင်း၊ မည်သူမုသာဝါဒီဖြစ် သည်ကိုလည်းကောင်း၊ မကြာမြင့်မီပင် သိရှိကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် စောင့်မျှော် ကြလေကုန်။ ဧကန်အမှန် ငါသည်လည်းအသင်တို့ နှင့်အတူ စောင့်မျှော်မည့်သူပင်။
94وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِّنَّا وَأَخَذَتِ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
၎င်းနောက် ငါအရှင်မြတ်၏အမိန့်တော်သည်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့်(နဗီတမန်တော်)ရှုအိုက်ဗ်နှင့်တကွ ယင်း (နဗီတမန်တော်)ရှုအိုက်ဗ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့ကိုပါကယ်ဆယ်တော်မူခဲ့လေသည်။ သို့ရာတွင် မတရား ပြုကျင့်ခဲ့ကြကုန်သောသူတို့ကိုကား ကျယ်လောင်သော အသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေရာ ၎င်းတို့သည် နံနက်အချိန်တွင် မိမိတို့နေအိမ်များ၌ မှောက်လျက်သား ဖြစ်နေခဲ့ကြကုန်သတည်း။ (သေကြေပျက်စီး သွားခဲ့ကြလေသတည်း။)
95كَأَن لَّمْ يَغْنَوْا فِيهَا ۗ أَلَا بُعْدًا لِّمَدْيَنَ كَمَا بَعِدَتْ ثَمُودُ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင်။ သတိပြုကြလေကုန်၊ စမူဒ် အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ)ကင်းဝေးခဲ့ကြဘိသကဲ့သို့ပင် မဒ်ယန်(မြို့သူမြို့သား)တို့၌လည်း(ထိုအရှင်မြတ်၏ကရုဏာတော်မှ) ကင်းဝေးခြင်းသည် ရှိစေသတည်း။
96وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُّبِينٍ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာများနှင့် လည်းကောင်း၊ထင်ရှားစွာသောသက်သေခံတစ်ရပ်နှင့်လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
94အာယာသ်

ဘာသာပြန် — ဟူဒ် 94

စူရာ ဟူဒ် အာယာသ် 94 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းနောက် ငါအရှင်မြတ်၏အမိန့်တော်သည်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့်(နဗီတမန်တော်)ရှုအိုက်ဗ်နှင့်တကွ ယင်း (နဗီတမန်တော်)ရှုအိုက်ဗ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့ကိုပါကယ်ဆယ်တော်မူခဲ့လေသည်။…

စူရာ အာယာသ် 94/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 92–96. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers