ဟူဒ် · 93/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ ۝٩٣
Wa yaa qawmi` maloo `alaa makaanatikum innee `aamilun sawfa ta`lamoona mai yaateehi `azaabuny yukhzeehi wa man huwa kaazib; wartaqibooo innnee ma`akum raqeeb
📖 မြန်မာဘာသာ
၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။ အသင်တို့သည် မည်သူ့ထံထိုသူအား အရှက်တကွဲ အကျိုးနည်းဖြစ်စေသော ပြစ်ဒဏ် ရောက်ရှိလာသည်ကိုလည်းကောင်း၊ မည်သူမုသာဝါဒီဖြစ် သည်ကိုလည်းကောင်း၊ မကြာမြင့်မီပင် သိရှိကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် စောင့်မျှော် ကြလေကုန်။ ဧကန်အမှန် ငါသည်လည်းအသင်တို့ နှင့်အတူ စောင့်မျှော်မည့်သူပင်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • يَا قَوْمِ — အို ကျွန်ုပ်၏ လူမျိုး။
  • اعْمَلُوا عَلَىٰ مَكَانَتِكُمْ — သင်တို့၏ အနေအထား၊ စွမ်းရည်၊ လမ်းစဉ်အတိုင်း လုပ်ဆောင်ကြပါ။
  • إِنِّي عَامِلٌ — ကျွန်ုပ်လည်း ကျွန်ုပ်၏ လမ်းစဉ်အတိုင်း လုပ်ဆောင်နေသူ ဖြစ်သည်။
  • سَوْفَ تَعْلَمُونَ — မကြာမီ သင်တို့ သိကြရလိမ့်မည်။
  • عَذَابٌ يُخْزِيهِ — ထိုသူအား အရှက်ရစေသော၊ ဂုဏ်သိက္ခာကျစေသော ပြစ်ဒဏ်။
  • كَاذِبٌ — မုသာပြောသူ။
  • وَارْتَقِبُوا — စောင့်ကြည့်ကြပါ၊ မျှော်ကြည့်ကြပါ။
  • رَقِيبٌ — စောင့်ကြည့်သူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ဟူဒ် (အလိုင်ဟိစ်စလာမ်) သည် သူ၏ လူမျိုးများအား ဤသို့ ပြောဆိုခဲ့သည် — အို ကျွန်ုပ်၏ လူမျိုး၊ သင်တို့သည် သင်တို့ နှစ်သက်သော လမ်းစဉ်အတိုင်း၊ သင်တို့၏ စွမ်းရည်အတိုင်း လုပ်ဆောင်ကြပါ။ ကျွန်ုပ်လည်း ကျွန်ုပ်၏ လမ်းစဉ်အတိုင်း — ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်း ကိုးကွယ်ရန် ဖိတ်ခေါ်ခြင်းလုပ်ငန်းကို — ဆက်လက် လုပ်ဆောင်နေမည် ဖြစ်သည်။ မကြာမီပင် ကျွန်ုပ်တို့ နှစ်ဖက်အနက် မည်သူသည် အရှက်ရဖွယ်၊ ဂုဏ်သိက္ခာကျဖွယ် ပြစ်ဒဏ်ကို ခံရမည်ကို လည်းကောင်း၊ မည်သူသည် မုသာပြောသူ ဖြစ်သည်ကို လည်းကောင်း သင်တို့ သိကြရလိမ့်မည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ စီရင်ချက်ကို စောင့်ကြည့်ကြပါ။ ကျွန်ုပ်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေသူ ဖြစ်သည်။ ဤသည် သူတို့အတွက် ပြင်းထန်သော သတိပေးချက် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်၏ တမန်တော်များသည် မိမိတို့၏ တာဝန်ကို အစဉ်တစိုက် ထမ်းဆောင်ကြပြီး၊ လူမျိုးများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်ရာတွင် စိတ်ရှည်သည်းခံကြသည်။
  • မှန်ကန်သော လမ်းစဉ်တွင် ရပ်တည်သူများသည် မည်သည့်အခြေအနေတွင်မဆို မိမိတို့၏ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ရမည်။
  • အမှန်တရားကို ငြင်းပယ်သူများသည် နောက်ဆုံးတွင် အရှက်ရဖွယ် ပြစ်ဒဏ်ကို ခံကြရမည်ဖြစ်ပြီး၊ မှန်ကန်သူများသည် အောင်မြင်ကြမည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စောင့်ကြည့်တော်မူပြီး၊ မည်သူမျှ အရှင်မြတ်၏ စီရင်ချ


📜 အာယာသ် 91-95 — စူရာ ဟူဒ်

91قَالُوا يَا شُعَيْبُ مَا نَفْقَهُ كَثِيرًا مِّمَّا تَقُولُ وَإِنَّا لَنَرَاكَ فِينَا ضَعِيفًا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَاكَ ۖ وَمَا أَنتَ عَلَيْنَا بِعَزِيزٍ
ယင်း(အမျိုးသား)တို့က (ဤသို့)ပြောဆိုကြိမ်းမောင်းခဲ့ကြလေသည်။ အို-ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်ပြောဆိုသောစကားများအနက် များစွာသော စကားများကိုလည်း နားမလည်နိုင်ကြပေ။ ထို့ပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် အသင့်အား မိမိ တို့အထဲတွင် အင်အားချိနဲ့သူတစ်ယောက် ဟူ၍သာ မြင်နေကြပေသည်။ စင်စစ်မူကား အသင်၏သားချင်းတို့သာ မရှိခဲ့ ကြပါလျှင် ကျွန်ုပ်တို့သည် အသင့်အားကျောက်ခဲများဖြင့် ပစ်သတ်ကြမည်မှာ ဧကန်မလွဲပင်။ စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အပေါ်ဝယ် လွှမ်းမိုးကြီးစိုးနေသူလည်း မဟုတ်ချေ။
92قَالَ يَا قَوْمِ أَرَهْطِي أَعَزُّ عَلَيْكُم مِّنَ اللَّهِ وَاتَّخَذْتُمُوهُ وَرَاءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّي بِمَا تَعْمَلُونَ مُحِيطٌ
(ထိုအခါ) ယင်း(နဗီတမန်တော်) ရှုအိုက်ဗ်က(ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊ငါ၏သားချင်းတို့သည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပင် ပို၍မြင့်မြတ်ကြပါသလော၊ စင်စစ်မှာမူကား အသင်တို့သည် ထိုအရှင်မြတ်ကိုပင် မိမိတို့၏ကျောနောက်တွင် အမှုမဲ့အမှတ်မဲ့ ပစ်ပယ်ထားခဲ့ကြကုန်၏။ ဧကန်မလွဲ ငါ၏အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက်ရှိကြသည်ကိုဝန်းခြုံထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
93وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ
၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။ အသင်တို့သည် မည်သူ့ထံထိုသူအား အရှက်တကွဲ အကျိုးနည်းဖြစ်စေသော ပြစ်ဒဏ် ရောက်ရှိလာသည်ကိုလည်းကောင်း၊ မည်သူမုသာဝါဒီဖြစ် သည်ကိုလည်းကောင်း၊ မကြာမြင့်မီပင် သိရှိကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် စောင့်မျှော် ကြလေကုန်။ ဧကန်အမှန် ငါသည်လည်းအသင်တို့ နှင့်အတူ စောင့်မျှော်မည့်သူပင်။
94وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِّنَّا وَأَخَذَتِ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
၎င်းနောက် ငါအရှင်မြတ်၏အမိန့်တော်သည်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့်(နဗီတမန်တော်)ရှုအိုက်ဗ်နှင့်တကွ ယင်း (နဗီတမန်တော်)ရှုအိုက်ဗ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့ကိုပါကယ်ဆယ်တော်မူခဲ့လေသည်။ သို့ရာတွင် မတရား ပြုကျင့်ခဲ့ကြကုန်သောသူတို့ကိုကား ကျယ်လောင်သော အသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေရာ ၎င်းတို့သည် နံနက်အချိန်တွင် မိမိတို့နေအိမ်များ၌ မှောက်လျက်သား ဖြစ်နေခဲ့ကြကုန်သတည်း။ (သေကြေပျက်စီး သွားခဲ့ကြလေသတည်း။)
95كَأَن لَّمْ يَغْنَوْا فِيهَا ۗ أَلَا بُعْدًا لِّمَدْيَنَ كَمَا بَعِدَتْ ثَمُودُ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင်။ သတိပြုကြလေကုန်၊ စမူဒ် အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ)ကင်းဝေးခဲ့ကြဘိသကဲ့သို့ပင် မဒ်ယန်(မြို့သူမြို့သား)တို့၌လည်း(ထိုအရှင်မြတ်၏ကရုဏာတော်မှ) ကင်းဝေးခြင်းသည် ရှိစေသတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
93အာယာသ်

ဘာသာပြန် — ဟူဒ် 93

စူရာ ဟူဒ် အာယာသ် 93 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။…

စူရာ အာယာသ် 93/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 91–95. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers