အရ်-ရာအ်ဒ် · 42/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
وَقَدْ مَكَرَ الَّذِينَ مِن قَبْلِهِمْ فَلِلَّهِ الْمَكْرُ جَمِيعًا ۖ يَعْلَمُ مَا تَكْسِبُ كُلُّ نَفْسٍ ۗ وَسَيَعْلَمُ الْكُفَّارُ لِمَنْ عُقْبَى الدَّارِ ۝٤٢
Wa qad makaral lazeena min qablihim falillaahil makru jamee`aa; ya`lamu maa taksibu kullu nafs; wa sa ya`lamul kuffaaru liman `uqbad daar
📖 မြန်မာဘာသာ
အမှန်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား အလုံးစုံသော အကြံအစည်တို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်သည် လူတိုင်းလူတိုင်း ပြုလုပ်သမျှတို့ကိုသိတော်မူ၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆက်သည် မည်သူတို့အဖို့ရှိသည်ကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့သည် မကြာမြင့်မီ သိရှိသွားကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • မကရ (مَكَرَ): လျှို့ဝှက်စွာ ကြံစည်ခြင်း၊ သူတစ်ပါးကို မသိလိုက်မသိဘာသာ ဒုက္ခရောက်စေရန် လျှို့ဝှက်ကြံစည်ခြင်း ဖြစ်သည်။
  • အုက္က္ဗာ (عُقْبَى): အဆုံးသတ် ရလဒ်၊ နောက်ဆုံးအကျိုးဆက် ဖြစ်သည်။
  • ဒါရ် (الدَّارِ): ဤနေရာတွင် အာခိရသ် (နောင်တမလွန်ဘဝ) ကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ရှေးခေတ်က လူမျိုးများသည် မိမိတို့ထံ ရောက်ရှိလာသော တမန်တော်များကို လျှို့ဝှက်ကြံစည်မှုများ ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့သော ကြံစည်မှုများသည် အလ္လာဟ်အရှင်မြတ်၏ အစီအစဉ်တော်ကို မည်သည့်အခါမျှ မနိုင်နင်းနိုင်ပါ။ အကြောင်းမှာ လျှို့ဝှက်ကြံစည်မှုအားလုံး၏ အစစ်အမှန်ပိုင်ရှင်သည် အလ္လာဟ်အရှင်မြတ်သာ ဖြစ်တော်မူသည်။ အရှင်မြတ်သည် လူသားတိုင်း ပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုအားလုံးကို အသေးစိတ် သိတော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်ထံမှ လျှို့ဝှက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကာဖိရ်များသည် နောင်တမလွန်ဘဝတွင် အလ္လာဟ်အရှင်မြတ်ထံ ပြန်ရောက်သောအခါ မည်သူသည် ကောင်းမွန်သော အဆုံးသတ်ကို ရရှိမည်ကို ကောင်းစွာ သိရှိလာကြမည် ဖြစ်သည်။ ထိုအခါ မုအ်မင်န်များသည် ဂျန္နသ်သုခဘုံကို ရရှိကြမည်ဖြစ်ပြီး ကာဖိရ်များသည် ငရဲမီးကို ခံစားရမည် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို သိတော်မူသော အရှင်ဖြစ်သည်။ မည်သူမျှ အရှင်မြတ်ကို လှည့်စားနိုင်မည် မဟုတ်ပါ။ ဤအချက်သည် အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှုကို ခိုင်မာစေသည်။
  • မကောင်းမှုပြုသူများသည် ဤလောကတွင် ယာယီအောင်မြင်နေပုံရသော်လည်း နောက်ဆုံးအဆုံးသတ်တွင် ရှုံးနိမ့်ကြရမည် ဖြစ်သည်။ ဤအချက်သည် မုအ်မင်န်များအတွက် စိတ်သက်သာမှုနှင့် မျှော်လင့်ချက်ကို ပေးသည်။
  • ကောင်းမှုနှင့် မကောင်းမှုတိုင်းကို အလ္လာဟ်အရှင်မြတ်သည် မှတ်တမ်းတင်ထားတော်မူသည်။ ဤအချက်သည် လူသားများအား ကောင်းမှုပြုရန် လှုံ့ဆော်ပေးပြီး မကောင်းမှုမှ ရှောင်ကြဉ်ရန် သတိပေးသည်။

-



📜 အာယာသ် 40-43 — စူရာ အရ်-ရာအ်ဒ်

40وَإِن مَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ الْبَلَاغُ وَعَلَيْنَا الْحِسَابُ
အမှန်သော်ကား အကယ်၍ ငါအရှင်မြတ်သည်အသင်အား ငါအရှင်မြတ် ၎င်းတို့ကို ကတိပေးတော်မူရာအချို့ကိုပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ကွယ်လွန်စေတော်မူသည်ဖြစ်စေ၊ (မည်သို့ပင်ဖြစ်စေ) အသင့် အပေါ်၌မူကား (ငါအရှင်မြတ် အမိန့်ပညတ်တော်များကိုလူတို့ထံ)ပို့ဆောင်ရုံမျှပင် ထာဝန်ရှိပေသည်။ ငါအရှင်မြတ်အပေါ်၌မူကား စစ်ဆေးရန်တာဝန်သည် ရှိပေသတည်း။
41أَوَلَمْ يَرَوْا أَنَّا نَأْتِي الْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَا ۚ وَاللَّهُ يَحْكُمُ لَا مُعَقِّبَ لِحُكْمِهِ ۚ وَهُوَ سَرِيعُ الْحِسَابِ
ငါအရှင်မြတ်သည် မြေကိုဘေးပတ်ဝန်းကျင်များမှ(တဖြည်းဖြည်း)ယုတ်လျော့စေအောင်ပြုလုပ် လာတော်မူသည်ကို ၎င်းတို့သည် မမြင်ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် (မိမိအလိုရှိတော်မူသည်ကို) အမိန့်တော်ချမှတ်တော်မူလေသည်။ ထိုအရှင်မြတ်၏အမိန့်တော်ကို ရွှေ့ဆိုင်းနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိပေ။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
42وَقَدْ مَكَرَ الَّذِينَ مِن قَبْلِهِمْ فَلِلَّهِ الْمَكْرُ جَمِيعًا ۖ يَعْلَمُ مَا تَكْسِبُ كُلُّ نَفْسٍ ۗ وَسَيَعْلَمُ الْكُفَّارُ لِمَنْ عُقْبَى الدَّارِ
အမှန်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား အလုံးစုံသော အကြံအစည်တို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်သည် လူတိုင်းလူတိုင်း ပြုလုပ်သမျှတို့ကိုသိတော်မူ၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆက်သည် မည်သူတို့အဖို့ရှိသည်ကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့သည် မကြာမြင့်မီ သိရှိသွားကြပေမည်။
43وَيَقُولُ الَّذِينَ كَفَرُوا لَسْتَ مُرْسَلًا ۚ قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ وَمَنْ عِندَهُ عِلْمُ الْكِتَابِ
၎င်းပြင် ကာဖိရ် သွေဖည် ငြင်းပယ်ကုန် သောသူတို့က အသင်သည် ရစူလ်တမန်တော်မဟုတ်ဟု ပြောဆိုကြပေသည်။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့)ငါနှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် အလ္လာဟ်အရှင်မြတ်သည်လည်း ကောင်း၊ ဒေသနာတော် ကျမ်းဂန်၏ အသိပညာရှိသောသူတို့သည်လည်းကောင်း၊ လုံလောက်ပေသတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
42အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 42

စူရာ အရ်-ရာအ်ဒ် အာယာသ် 42 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား အလုံးစုံသော အကြံအစည်တို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်သည် လူတိုင်းလူတိုင်း…

စူရာ အာယာသ် 42/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 40–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers