အန်-နဟ်လ် · 28/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنفُسِهِمْ ۖ فَأَلْقَوُا السَّلَمَ مَا كُنَّا نَعْمَلُ مِن سُوءٍ ۚ بَلَىٰ إِنَّ اللَّهَ عَلِيمٌ بِمَا كُنتُمْ تَعْمَلُونَ ۝٢٨
Allazeena tatawaf faahu mul malaaa`ikatu zaalimeee anfusihim fa alqawus salama maa kunnaa na`malu min sooo`; balaaa innal laaha `aleemum bimaa kuntum ta`maloon
📖 မြန်မာဘာသာ
ယင်းကာဖိရ်များသည် မိမိတို့ကိုယ်ကို နှိပ်စက်လျက်ရှိနေခဲ့ကြစဉ် ကောင်းကင်တမန်များသည် ၎င်းတို့၏အသက်များကိုနှုတ်ယူခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် ကျွန်တော်မျိုးတို့ မည်သည့်မကောင်းမှုကိုမျှ ပြုလုပ်လျက်ရှိခဲ့ကြသည်မဟုတ်ဟူ၍(ပြောဆိုကာ)ကျိုးနွံလာကြပေမည်။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား(၎င်းတို့သည် မကောင်းမှုများကိုအမှန်ပင် ပြုလုပ်လျက်ရှိခဲ့ကြကုန်၏) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက် ရှိခဲ့ကြသည်တို့ကိုအကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်ပေတော်မူတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ
  • تَتَوَفَّاهُمُ: သူတို့၏ အသက်ဝိညာဉ်များကို သိမ်းယူသည်။
  • ظَالِمِي أَنفُسِهِمْ: မိမိတို့ကိုယ်ကို မိမိတို့ ပြစ်မှားသူများ (ကုဖ်ရ်ဖြင့် မိမိကိုယ်ကို ပျက်စီးစေသူများ)။
  • فَأَلْقَوُا السَّلَمَ: ထိုအခါ သူတို့သည် အရှက်တကွဲ အလျှို့လျှို့ ဝန်ခံကာ လက်အောက်ခံကြသည်။
  • السَّلَمَ: လက်အောက်ခံခြင်း၊ ဝန်ခံခြင်း၊ ငြိမ်းချမ်းရေးကို လက်ခံခြင်း။
  • بَلَىٰ: ဟုတ်ပေသည် (သူတို့၏ ငြင်းဆိုချက်ကို ပယ်ရှားသည့် စကားလုံး)။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကုဖ်ရ်သမားများ၏ သေဆုံးချိန် အခြေအနေနှင့် ထိုအချိန်တွင် သူတို့၏ မိစ္ဆာမိုက်မှုကို ငြင်းဆိုရန် ကြိုးစားမှုအကြောင်းကို ဖော်ပြထားပါသည်။

မလာအိကဟ်များသည် ထိုသူတို့၏ အသက်ဝိညာဉ်များကို သိမ်းယူကြသောအခါ သူတို့သည် ကုဖ်ရ် (အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်ခြင်း) ဖြင့် မိမိတို့ကိုယ်ကို မိမိတို့ ပြစ်မှားနေကြသည့် အခြေအနေတွင် ရှိနေကြပါသည်။ သေခြင်းတရားကို မျက်မြင်တွေ့ကြရသောအခါ သူတို့သည် လက်အောက်ခံကြပြီး "ကျွန်ုပ်တို့သည် မည်သည့် မကောင်းမှုကိုမျှ မပြုလုပ်ခဲ့ကြပါ" ဟု ဆိုကြပါသည်။ သူတို့သည် ရှိရ်က် (အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း) နှင့် အခြားသော ပြစ်မှုများကို ငြင်းဆိုကြခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် ငြင်းဆိုခြင်းသည် သူတို့အတွက် အကျိုးမရှိပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ဆောင်ခဲ့သမျှကို အကြွင်းမဲ့ သိတော်မူသောကြောင့် "ဟုတ်ပေသည်၊ သင်တို့သည် ကုဖ်ရ်ပြုသူများအဖြစ် ပြစ်မှုများကို ပြုလုပ်ခဲ့ကြသည်" ဟု မိန့်တော်မူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လုပ်ရပ်အားလုံးကို ကောင်းစွာ သိတော်မူပြီး ထိုအတွက် အစားပေးတော်မူမည် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသောကြောင့် မည်သည့်အရာမျှ ကွယ်ဝှက်နိုင်မည် မဟုတ်ပါ။ လူသားသည် မည်သည့်အချိန်တွင်မဆို အရှင်မြတ်၏ အသိပညာအတွင်းတွင် ရှိနေသည်ကို သတိရသင့်ပါသည်။
  • သေခြင်းတရား ဆိုက်ရောက်လာသောအခါ နောင်တရခြင်း၊ ငြင်းဆိုခြင်းသည် အကျ


📜 အာယာသ် 26-30 — စူရာ အန်-နဟ်လ်

26قَدْ مَكَرَ الَّذِينَ مِن قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُم مِّنَ الْقَوَاعِدِ فَخَرَّ عَلَيْهِمُ السَّقْفُ مِن فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
ဧကန်အမှန် ၎င်းတို့အလျင်ရှိခဲ့ကြသောသူတို့သည် လျှို့ဝှက်ကြံစည်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် 4င်းတို့၏ အဆောက်အဦကို အခြေမမြစ်မှပြိုပျက်စေတော်မူခဲ့ရာ ၎င်းတို့ထက်မှ အိမ်ခေါင်မိုးသည် ၎င်းတို့အပေါ်၌ ပြိုကျလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ထံပြစ်ဒဏ်သည် ၎င်းတို့ မထင်သောနေရာမှ ဆိုက်ရောက်၍ လာခဲ့လေသည်။
27ثُمَّ يَوْمَ الْقِيَامَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنتُمْ تُشَاقُّونَ فِيهِمْ ۚ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ
ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် အရှက်တကွဲ ဖြစ်စေတော်မူမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူမည်။ ငါအရှင်မြတ်၏အကြင်တွဲဖက်ယှဉ်ဖက်များသည်အဘယ်မှာနည်း။ အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍(အမှန်ကိုလက်ခံနာယူသူတို့နှင့်)စိတ်သဘောကွဲလွဲ ပဋိပက္ခဖြစ်လျက် ရှိခဲ့ကြကုန်သည်။ (ထိုအခါ) အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရသောသူတို့က ယနေ့ အရှက်ကွဲမှုသည်လည်းကောင်း၊ ပြစ်ဒဏ်သည်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌သာ ရှိအံ့ဟုပြောဆိုကြပေမည်။
28الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنفُسِهِمْ ۖ فَأَلْقَوُا السَّلَمَ مَا كُنَّا نَعْمَلُ مِن سُوءٍ ۚ بَلَىٰ إِنَّ اللَّهَ عَلِيمٌ بِمَا كُنتُمْ تَعْمَلُونَ
ယင်းကာဖိရ်များသည် မိမိတို့ကိုယ်ကို နှိပ်စက်လျက်ရှိနေခဲ့ကြစဉ် ကောင်းကင်တမန်များသည် ၎င်းတို့၏အသက်များကိုနှုတ်ယူခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် ကျွန်တော်မျိုးတို့ မည်သည့်မကောင်းမှုကိုမျှ ပြုလုပ်လျက်ရှိခဲ့ကြသည်မဟုတ်ဟူ၍(ပြောဆိုကာ)ကျိုးနွံလာကြပေမည်။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား(၎င်းတို့သည် မကောင်းမှုများကိုအမှန်ပင် ပြုလုပ်လျက်ရှိခဲ့ကြကုန်၏) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက် ရှိခဲ့ကြသည်တို့ကိုအကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်ပေတော်မူတည်း။
29فَادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
သို့ဖြစ်ပေရာ (ယခုမူ) အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏ တံခါးပေါက်များသို့ ထိုဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင်သူများအဖြစ် ဝင်ကြလေကုန်။ စစ်စစ်မှာမူကား မောက်မာပလွှားသူတို့၏ ပြန်လည်ရာ ဌာနသည် အဘယ်မျှဆိုးရွားလှဘိသနည်း။
30۞ وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنزَلَ رَبُّكُمْ ۚ قَالُوا خَيْرًا ۗ لِّلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۚ وَلَدَارُ الْآخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ الْمُتَّقِينَ
သို့ရာတွင် (ရှရစ်က်စသည်တို့မှ)ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့ကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချပေးသနားတော်မူပါသနည်းဟု ပြောဆိုမေးမြန်းခဲ့သော်၊ ၎င်းတို့က အလွန်ကောင်းမွန်သောအရာကို(ချပေးသနားတော်မူပါသည်)ဟုပြောဆိုဖြေကြားကြပေသည်။ ကောင်းမှု ပြုလုပ်သူတို့အဖို့ ဤလောက၌လည်း ကောင်းကျိုးရှိပေသည်။ ထိုမှတစ်ပါး တမလွန်ဘဝ၏ ဗိမာန်သည်ကား အမှန်ပင် အကောင်းဆုံးဖြစ်၏။စင်စစ်သော်ကား သူတော်စင်တို့၏နေရာဌာနသည် အမှန်ပင်ကောင်းမြတ်လှပေသည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 28

စူရာ အန်-နဟ်လ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်းကာဖိရ်များသည် မိမိတို့ကိုယ်ကို နှိပ်စက်လျက်ရှိနေခဲ့ကြစဉ် ကောင်းကင်တမန်များသည် ၎င်းတို့၏အသက်များကိုနှုတ်ယူခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် ကျွန်တော်မျိုးတို့ မည်သည့်မကောင်းမှုကိုမျှ ပြုလုပ်လျက်ရှိခဲ့ကြသည်မဟုတ်ဟူ၍(ပြောဆိုကာ)ကျိုးနွံလာကြပေမည်။…

စူရာ အာယာသ် 28/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers