အလ်-အစ်ရာ · 106/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنزِيلًا ۝١٠٦
Wa quraanan faraqnaahu litaqra ahoo `alan naasi `alaa muksinw wa nazzalnaahu tanzeelaa
📖 မြန်မာဘာသာ
ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ခြားနား၍ချပေးသနားတော်မူခဲ့၏။ အသင်သည် လူတို့ရှေ့ဝယ် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုင်းကာ (တစ်နည်း)ဆိုင်းငံ့ထားသော ကြားကာလ၌ ဖတ်ကြားနိုင်အံ့သောငှာ (ယင်းကဲ့သို့ ခြားနား၍ချပေးတော်မူခြင်း)ဖြစ်ပေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို အသင်တို့ထံ တဖြည်းဖြည်းအားဖြင့် ချပေးသနားတော် မူခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကလိမ္မသိသော ဝေါဟာရများ၏ အဓိပ္ပာယ်
  • ဖရက္နာဟု (فَرَقْنَاهُ) — ရှင်းလင်းစွာ ခွဲခြားဖော်ပြပြီး၊ အဓိပ္ပာယ်ကို ထင်ရှားစေပြီး၊ အမှန်နှင့်အမှား၊ လမ်းမှန်နှင့်လမ်းမှားကို ခွဲခြားပေးသော အနက်ဖြစ်သည်။
  • အလာ မုက္စ္ (عَلَىٰ مُكْثٍ) — အေးဆေးစွာ၊ လျင်လျင်မြန်မြန်မဟုတ်ဘဲ၊ ဖြည်းညှင်းစွာ ဖတ်ရွတ်ခြင်းကို ဆိုလိုသည်။
  • တန်ဇီလာ (تَنزِيلًا) — အဆင့်ဆင့်၊ အပိုင်းအပိုင်း၊ အခြေအနေအလိုက် ချပေးခြင်းကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ဆွ)ထံသို့ ကုရ်အာန်ကို ရှင်းလင်းပြတ်သားစွာ ခွဲခြားဖော်ပြပြီး ချပေးတော်မူကြောင်း မိန့်တော်မူသည်။ ယင်းကုရ်အာန်သည် အမှန်တရားနှင့် အမှားကို ခွဲခြားပေးသော၊ လမ်းမှန်နှင့် လမ်းမှားကို ထင်ရှားစေသော ကျမ်းတော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ယင်းကို လူသားတို့ထံ ဖြည်းညှင်းစွာ၊ အေးဆေးစွာ ဖတ်ရွတ်နိုင်ရန်၊ နားလည်သဘောပေါက်နိုင်ရန် ချပေးတော်မူခြင်းဖြစ်သည်။ ထို့ပြင် ကုရ်အာန်ကို တစ်ကြိမ်တည်း အတူတကွ မချပေးဘဲ အခြေအနေများ၊ ဖြစ်ရပ်များနှင့် အချိန်အခါအလိုက် အပိုင်းအပိုင်း၊ အဆင့်ဆင့် ချပေးတော်မူခဲ့သည်။ ဤနည်းဖြင့် ချပေးခြင်းသည် ဖတ်ရွတ်သူများနှင့် နားထောင်သူများအတွက် နားလည်ရလွယ်ကူစေရန်၊ စိတ်ထဲတွင် စွဲမြဲစေရန်၊ လက်တွေ့အသက်တာတွင် ကျင့်သုံးနိုင်ရန် အထောက်အကူဖြစ်စေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြည်းညှင်းစွာ၊ အဆင့်ဆင့် ချပေးထားသော ကျမ်းတော်ဖြစ်ခြင်းသည် လူသားတို့အတွက် ကြီးမားသော ကရုဏာတော်ဖြစ်သည်။ အကြောင်းမှာ လူသားတို့သည် တစ်ကြိမ်တည်း များစွာသော ပညတ်ချက်များကို ခံနိုင်ရည်မရှိနိုင်သောကြောင့် အဆင့်ဆင့် ချပေးခြင်းဖြင့် လိုက်နာကျင့်သုံးရလွယ်ကူစေသည်။
  • ကုရ်အာန်ကို ဖတ်ရွတ်ရာတွင် အေးဆေးစွာ၊ ဖြည်းညှင်းစွာ ဖတ်ရွတ်ခြင်းသည် အနှစ်သာရကို နားလည်ရန်၊ စိတ်နှလုံးထဲ စွဲမြဲရန် အထောက်အကူဖြစ်သည်။ ဤသည်က ကုရ်အာန်ကို လေးလေးစားစား ဆက်ဆံရမည်က


📜 အာယာသ် 104-108 — စူရာ အလ်-အစ်ရာ

104وَقُلْنَا مِن بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ကဲ့သို့ နှစ်မြှုပ်တော်မူပြီး)နောက်တွင် အစ္စရာအီလီမျိုးနွယ်တို့အား အသင်တို့သည် ဤကမ္ဘာမြေဝယ်(မိမိ ကြိုက်နှစ်သက်ရာနေရာ ၌)နေထိုင်မှီတင်းကြလေကုန်။ တစ်ဖန် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ ချိန်းချက်ထားသော အချိန်ကာလရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့ (အားလုံး)ကိုစုပေါင်းကာခေါ် ယူတော်မူအံ့ဟု မိန့်ကြားတော်မူခဲ့လေသတည်း။
105وَبِالْحَقِّ أَنزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား သတင်းကောင်းပြောကြားသူအဖြစ်သာ လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်သာ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသည်။
106وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنزِيلًا
ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ခြားနား၍ချပေးသနားတော်မူခဲ့၏။ အသင်သည် လူတို့ရှေ့ဝယ် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုင်းကာ (တစ်နည်း)ဆိုင်းငံ့ထားသော ကြားကာလ၌ ဖတ်ကြားနိုင်အံ့သောငှာ (ယင်းကဲ့သို့ ခြားနား၍ချပေးတော်မူခြင်း)ဖြစ်ပေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို အသင်တို့ထံ တဖြည်းဖြည်းအားဖြင့် ချပေးသနားတော် မူခဲ့ပေသတည်း။
107قُلْ آمِنُوا بِهِ أَوْ لَا تُؤْمِنُوا ۚ إِنَّ الَّذِينَ أُوتُوا الْعِلْمَ مِن قَبْلِهِ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြသည်ဖြစ်စေ၊ မယုံကြည်ကြသည်ဖြစ်စေ၊(အကြောင်းမထူးပေ) အသင်တို့ ယုံကြည်ကြသဖြင့်ယင်းကုရ်အာန်ကျမ်း တော်မြတ်သည် ပိုမို၍ ပြည့်စုံသွားမည်လည်းမဟုတ်။ အသင်တို့ မယုံကြည်သဖြင့် ချို့တဲ့နေမည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် ယင်းကုရ်အာန်မကျရောက်မီ အလျင်က အသိပညာကိုချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့မူကား ၎င်းတို့ရှေ့ဝယ် ယင်း(ကုရ်အာန် ကျမ်းတော်မြတ်)ကိုဖတ်ကြားလေသောအခါ ၎င်းတို့ သည် မျက်နှာအောက်ချလျက်ပျပ်ဝပ်ဦးချကြကုန်သည်။
108وَيَقُولُونَ سُبْحَانَ رَبِّنَا إِن كَانَ وَعْدُ رَبِّنَا لَمَفْعُولًا
၎င်းပြင် ထိုသူတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်း တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ကတိသည် အမှန်မလွဲဖြစ်ရမည့် ကိစ္စပင်ဖြစ်သည်ဟု (ဝန်ခံ)လျှောက်ထား ကြကုန်၏။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
106အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 106

စူရာ အလ်-အစ်ရာ အာယာသ် 106 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ခြားနား၍ချပေးသနားတော်မူခဲ့၏။ အသင်သည် လူတို့ရှေ့ဝယ် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုင်းကာ (တစ်နည်း)ဆိုင်းငံ့ထားသော ကြားကာလ၌…

စူရာ အာယာသ် 106/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 104–108. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers