အလ်-အစ်ရာ · 105/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
وَبِالْحَقِّ أَنزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا ۝١٠٥
Wa bilhaqqi anzalnaahu wa bilhaqqi nazal; wa maaa arsalnaaka illaa mubash shiranw wa nazeeraa
📖 မြန်မာဘာသာ
စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား သတင်းကောင်းပြောကြားသူအဖြစ်သာ လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်သာ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ လူသားတို့အတွက် လမ်းညွှန်အဖြစ် ဆင်းသက်လာခြင်းဖြစ်သည်။ ဤအယာသ်တော်တွင် ဖော်ပြထားသော အဓိကဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • "ဗိလ်ဟက္က်" (وَبِالْحَقِّ) ဆိုသည်မှာ အမှန်တရား၊ တရားမှတ်တရားနှင့်အညီ၊ မှန်ကန်သောနည်းလမ်းဖြင့် ဟူသောအဓိပ္ပာယ်ဖြစ်သည်။
  • "အန်ဇလ်နာဟု" (أَنزَلْنَاهُ) ဆိုသည်မှာ ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ဆင်းသက်စေတော်မူခဲ့သည် ဟူသောအဓိပ္ပာယ်ဖြစ်သည်။
  • "နဇလ" (نَزَلَ) ဆိုသည်မှာ ဆင်းသက်လာခဲ့သည် ဟူသောအဓိပ္ပာယ်ဖြစ်သည်။
  • "မုဗရှှိရန်" (مُبَشِّرًا) ဆိုသည်မှာ သတင်းကောင်းပြောကြားသူ၊ ဝမ်းမြောက်ဖွယ်ရာသတင်းကို ပေးပို့သူ ဟူသောအဓိပ္ပာယ်ဖြစ်သည်။
  • "နဇီရန်" (نَذِيرًا) ဆိုသည်မှာ သတိပေးနှိုးဆော်သူ၊ အန္တရာယ်ကို သတိပေးသူ ဟူသောအဓိပ္ပာယ်ဖြစ်သည်။
  1. ဤအယာသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်တရားနှင့်အညီ၊ တရားမှတ်တရားနှင့်အညီ ဆင်းသက်စေတော်မူခဲ့ကြောင်း မိန့်ကြားထားသည်။ ထိုကျမ်းတော်မြတ်သည် လူသားတို့အတွက် အမိန့်တော်များ၊ တားမြစ်ချက်များ၊ ဆုလာဘ်များနှင့် ပြစ်ဒဏ်များကို ဖော်ပြရန် အမှန်တရားနှင့်အညီ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့အပြင် ထိုကျမ်းတော်မြတ်သည် ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်းမရှိဘဲ အမှန်တရားနှင့်အညီ ဆင်းသက်လာခဲ့သည်။ တမန်တော်မုဟမ္မဒ် (ဆွ) အား အလ္လာဟ်အရှင်မြတ်သည် သတင်းကောင်းပြောကြားသူနှင့် သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့သည်။ ဆိုလိုသည်မှာ အရှင်မြတ်ကို ယုံကြည်ကိုးကွယ်၍ ကောင်းမှုကုသိုလ်ပြုသူများအား ဂျန္နတ်သုခဘုံ၏ သတင်းကောင်းကို ပေးပို့ရန်နှင့် မယုံကြည်သူများ၊ အပြစ်ပြုသူများအား ဂျဟန္နမ်ငရဲမီး၏ အန္တရာယ်ကို သတိပေးနှိုးဆော်ရန် ဖြစ်သည်။
  2. ဤအယာသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အမှန်တရားနှင့်အညီ ဆင်းသက်လာသော ကျမ်းတော်မြတ်ဖြစ်ကြောင်း သိရှိစေသည်။
  • ကုရ်အာန်ကျမ်းတော်မြတ်သည် ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်းမှ ကင်းဝေးပြီး အစဉ်အမြဲ တည်ရှိနေသော


📜 အာယာသ် 103-107 — စူရာ အလ်-အစ်ရာ

103فَأَرَادَ أَن يَسْتَفِزَّهُم مِّنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَن مَّعَهُ جَمِيعًا
ထိုအခါ ယင်းဖစ်ရ်အောင်န်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား ထို(အီဂျစ်)နိုင်ငံမှ ချွတ်ချော်တိမ်းပါးစေရန်ကြံရွယ်ခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)အားလည်းကောင်း၊ ယင်းဖိရ်အောင်(န်)နှင့်အတူရှိကြသူအားလုံးတို့ကိုလည်းကောင်း၊ (ပင်လယ်နီ)တွင် နှစ်မြှုပ်တော်မူခဲ့လေသတည်း။
104وَقُلْنَا مِن بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ကဲ့သို့ နှစ်မြှုပ်တော်မူပြီး)နောက်တွင် အစ္စရာအီလီမျိုးနွယ်တို့အား အသင်တို့သည် ဤကမ္ဘာမြေဝယ်(မိမိ ကြိုက်နှစ်သက်ရာနေရာ ၌)နေထိုင်မှီတင်းကြလေကုန်။ တစ်ဖန် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ ချိန်းချက်ထားသော အချိန်ကာလရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့ (အားလုံး)ကိုစုပေါင်းကာခေါ် ယူတော်မူအံ့ဟု မိန့်ကြားတော်မူခဲ့လေသတည်း။
105وَبِالْحَقِّ أَنزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား သတင်းကောင်းပြောကြားသူအဖြစ်သာ လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်သာ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသည်။
106وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنزِيلًا
ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ခြားနား၍ချပေးသနားတော်မူခဲ့၏။ အသင်သည် လူတို့ရှေ့ဝယ် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုင်းကာ (တစ်နည်း)ဆိုင်းငံ့ထားသော ကြားကာလ၌ ဖတ်ကြားနိုင်အံ့သောငှာ (ယင်းကဲ့သို့ ခြားနား၍ချပေးတော်မူခြင်း)ဖြစ်ပေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို အသင်တို့ထံ တဖြည်းဖြည်းအားဖြင့် ချပေးသနားတော် မူခဲ့ပေသတည်း။
107قُلْ آمِنُوا بِهِ أَوْ لَا تُؤْمِنُوا ۚ إِنَّ الَّذِينَ أُوتُوا الْعِلْمَ مِن قَبْلِهِ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြသည်ဖြစ်စေ၊ မယုံကြည်ကြသည်ဖြစ်စေ၊(အကြောင်းမထူးပေ) အသင်တို့ ယုံကြည်ကြသဖြင့်ယင်းကုရ်အာန်ကျမ်း တော်မြတ်သည် ပိုမို၍ ပြည့်စုံသွားမည်လည်းမဟုတ်။ အသင်တို့ မယုံကြည်သဖြင့် ချို့တဲ့နေမည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် ယင်းကုရ်အာန်မကျရောက်မီ အလျင်က အသိပညာကိုချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့မူကား ၎င်းတို့ရှေ့ဝယ် ယင်း(ကုရ်အာန် ကျမ်းတော်မြတ်)ကိုဖတ်ကြားလေသောအခါ ၎င်းတို့ သည် မျက်နှာအောက်ချလျက်ပျပ်ဝပ်ဦးချကြကုန်သည်။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
105အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 105

စူရာ အလ်-အစ်ရာ အာယာသ် 105 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်…

စူရာ အာယာသ် 105/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 103–107. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers