وَمَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُمْ أَوْلِيَاءَ مِن دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَّأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا ٩٧
🔤 Transliteration
Wa mai yahdil laahu fahuwal muhtad; wa mai yudlil falan tajida lahum awliyaaa`a min doonih; wa nahshuruhum Yawmal Qiyaamati `alaa wujoohihim umyanw wa bukmanw wa summaa; maa waahum Jahannamu kullamaa khabat zidnaahum sa`eeraa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။
🌐 Additional reference in ภาษาไทย
ကမ္မသဒ္ဒါပဒ အနက်အဓိပ္ပာယ်များ ယဟ်ဒိလ္လာဟု (يَهْدِ اللَّهُ ): အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်ပေးတော်မူ၏။ အလ်မုဟ်သဒိ (الْمُهْتَدِ ): တရားလမ်းကို ရရှိသူ၊ လမ်းမှန်ကို လိုက်နာသူ။ ယုဒ်လိလ် (يُضْلِلْ ): လမ်းမှားစေတော်မူ၏၊ လမ်းလွဲစေတော်မူ၏။ အူလိယာအာ (أَوْلِيَاءَ ): ကူညီစောင့်ရှောက်သူများ၊ မိတ်ဆွေများ။ နဟ်ရှုရုဟုမ်း (نَحْشُرُهُمْ ): ငါအရှင်မြတ်သည် သူတို့ကို စုရုံးတော်မူ၏။ အုမ်ယန် (عُمْيًا ): မျက်စိကန်းသူများအဖြစ်။ ဗုက္ကမ် (بُكْمًا ): စကားမပြောနိုင်သူ (ဆွံ့အသူ) များအဖြစ်။ ဆွမ်မာ (صُمًّا ): နားမကြားသူများအဖြစ်။ မအ်ဝါဟုမ်း (مَأْوَاهُمْ ): သူတို့၏ ခိုလှုံရာနေရာ။ ခဗတ် (خَبَتْ ): မီးလျှံငြိမ်းသွား၏၊ အေးသွား၏။ ဆအီရာ (سَعِيرًا ): တောက်လောင်သောမီး၊ မီးတောက်မီးလျှံ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် မည်သူကို တရားလမ်းမှန်သို့ ညွှန်ပြတော်မူသည်ဖြစ်အံ့၊ ထိုသူသာလျှင် တရားလမ်းမှန်ကို ရရှိသူ၊ လမ်းမှန်ကို လိုက်နာသူ ဖြစ်ပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မည်သူကို လမ်းလွဲစေတော်မူသည်ဖြစ်အံ့၊ ထိုသူတို့အတွက် အရှင်မြတ်မှလွဲ၍ ၎င်းတို့ကို ကူညီစောင့်ရှောက်မည့် မိတ်ဆွေများကို အသင်သည် မည်သည့်အခါမျှ တွေ့ရမည် မဟုတ်ပေ။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုလမ်းလွဲသူများကို ကိယာမသ်နေ့တွင် စုရုံးတော်မူမည်ဖြစ်ပြီး သူတို့ကို မျက်နှာများပေါ်တွင် (မှောက်လျက်) ဆွဲငင်ကာ စုရုံးတော်မူမည်။ ထိုအခါ သူတို့သည် မျက်စိကန်းသူများ၊ စကားမပြောနိုင်သူများ၊ နားမကြားသူများ အဖြစ်ဖြင့် ရှိကြမည်။ သူတို့၏ ခိုလှုံရာနေရာသည် ဂျဟန်နမ် (ငရဲမီး) ဖြစ်ပေသည်။ ထိုငရဲမီး၏ မီးလျှံသည် ငြိမ်းသွားသည့်အခါတိုင်း ငါအရှင်မြတ်သည် သူတို့အတွက် မီးတောက်မီးလျှံကို ထပ်မံတိုးပွားစေတော်မူမည်။
ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်ပေးတော်မူသူသာလျှင် တရားလမ်းမှန်ကို ရရှိမည်ဖြစ်ကြောင်း၊ လမ်းလွဲစေတော်မူခြင်းခံရသူများအတွက် အရှင်မြတ်မှလွဲ၍ ကူညီစောင့်ရှောက်မည့်သူ မရှိကြောင်း၊ ကိယာမသ်နေ့တွင် ထိုသူများကို အလွ
وَمَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِۖ وَمَن يُضۡلِلۡ فَلَن تَجِدَ لَهُمۡ أَوۡلِيَآءَ مِن دُونِهِۦۖ وَنَحۡشُرُهُمۡ يَوۡمَ ٱلۡقِيَٰمَةِ عَلَىٰ وُجُوهِهِمۡ عُمۡيًا وَبُكۡمًا وَصُمًّاۖ مَّأۡوَىٰهُمۡ جَهَنَّمُۖ كُلَّمَا خَبَتۡ زِدۡنَٰهُمۡ سَعِيرًا ٩٧
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 95-99 — စူရာ အလ်-အစ်ရာ
95 قُل لَّوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِم مِّنَ السَّمَاءِ مَلَكًا رَّسُولًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ (အချင်းတို့) အကယ်၍ ပထဝီမြေ၌ ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြပါလျှင် ဧကန်မလွှဲ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကောင်းကင်မှ ကောင်းကင်တမန်တော်တစ်ပါးကိုပင်ရစူလ်တမန်တော်အဖြစ်ချပေး(စေလွှတ်)တော် မူခဲ့အံ့သတည်း။
96 قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့)အလ္လာဟ် အရှင်မြတ်သည်ပင် ငါနှင့်အသင်တို့၏ စပ်ကြားဝယ် သက်သေအဖြစ်လုံလောက်တော်မူ၏။ အကြောင်းမူကား ထိုအရှင်မြတ်သည်မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ အကြွင်းမဲ့သိတော်မူသော၊အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသောကြောင့်တည်း။
97 وَمَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُمْ أَوْلِيَاءَ مِن دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَّأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။
98 ذَٰلِكَ جَزَاؤُهُم بِأَنَّهُمْ كَفَرُوا بِآيَاتِنَا وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا
ဤကား ၎င်းတို့၏အကျိုးတည်း။ အကြောင်းသော်ကား၊ ထိုသူတို့သည် ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များကို မယုံမကြည် ငြင်းဆိုခဲ့ကြခြင်း ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိပြီး၊ အပိုင်းပိုင်းအစစဖြစ်ကြသောအခါ အသစ်(ပြန်လည်) ဖန်ဆင်းခြင်းအားဖြင့် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လောဟု ပြောဆိုခဲ့ကြခြင်းကြောင့် လည်းကောင်း၊ ဖြစ်သတည်း။
99 ۞ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ قَادِرٌ عَلَىٰ أَن يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَّا رَيْبَ فِيهِ فَأَبَى الظَّالِمُونَ إِلَّا كُفُورًا
ဧကန်စင်စစ် မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(အသစ်ပြန်လည်) ဖန်ဆင်းတော်မူရန် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ကို ၎င်းတို့သည် မသိမမြင်ကြလေသလော။ စင်စစ် ထိုအရှင်မြတ်သည် (သေဆုံးရန်နှင့် ရှင်ပြန်ထရန်) ယုံမှားသံသယ လုံးဝကင်းရှင်းသောကာလအပိုင်းအခြားတစ်ခုကို သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ သို့တစေလည်း မတရား ကျူးလွန်သူတို့မူကား မယုံမကြည် ငြင်းဆိုခြင်းမှတစ်ပါး အခြားကို မနှစ်သက်ခဲ့ကြပေ။
ဘာသာပြန် — အလ်-အစ်ရာ 97 စူရာ အလ်-အစ်ရာ အာယာသ် 97 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး…
စူရာ အာယာသ် 97/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 95–99. မြန်မာဘာသာ: ภาษาไทย.