အလ်-အစ်ရာ · 98/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
ذَٰلِكَ جَزَاؤُهُم بِأَنَّهُمْ كَفَرُوا بِآيَاتِنَا وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا ۝٩٨
Zaalika jazaa`uhum biannahum kafaroo bi aayaatinaa wa qaalooo `a izaa kunnaa `izaamanw wa rufaatan`a innaa lamaboosoona khalqan jadeedaa
📖 မြန်မာဘာသာ
ဤကား ၎င်းတို့၏အကျိုးတည်း။ အကြောင်းသော်ကား၊ ထိုသူတို့သည် ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များကို မယုံမကြည် ငြင်းဆိုခဲ့ကြခြင်း ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိပြီး၊ အပိုင်းပိုင်းအစစဖြစ်ကြသောအခါ အသစ်(ပြန်လည်) ဖန်ဆင်းခြင်းအားဖြင့် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လောဟု ပြောဆိုခဲ့ကြခြင်းကြောင့် လည်းကောင်း၊ ဖြစ်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 96-100 — စူရာ အလ်-အစ်ရာ

96قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့)အလ္လာဟ် အရှင်မြတ်သည်ပင် ငါနှင့်အသင်တို့၏ စပ်ကြားဝယ် သက်သေအဖြစ်လုံလောက်တော်မူ၏။ အကြောင်းမူကား ထိုအရှင်မြတ်သည်မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ အကြွင်းမဲ့သိတော်မူသော၊အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသောကြောင့်တည်း။
97وَمَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُمْ أَوْلِيَاءَ مِن دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَّأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။
98ذَٰلِكَ جَزَاؤُهُم بِأَنَّهُمْ كَفَرُوا بِآيَاتِنَا وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا
ဤကား ၎င်းတို့၏အကျိုးတည်း။ အကြောင်းသော်ကား၊ ထိုသူတို့သည် ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များကို မယုံမကြည် ငြင်းဆိုခဲ့ကြခြင်း ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိပြီး၊ အပိုင်းပိုင်းအစစဖြစ်ကြသောအခါ အသစ်(ပြန်လည်) ဖန်ဆင်းခြင်းအားဖြင့် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လောဟု ပြောဆိုခဲ့ကြခြင်းကြောင့် လည်းကောင်း၊ ဖြစ်သတည်း။
99۞ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ قَادِرٌ عَلَىٰ أَن يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَّا رَيْبَ فِيهِ فَأَبَى الظَّالِمُونَ إِلَّا كُفُورًا
ဧကန်စင်စစ် မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(အသစ်ပြန်လည်) ဖန်ဆင်းတော်မူရန် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ကို ၎င်းတို့သည် မသိမမြင်ကြလေသလော။ စင်စစ် ထိုအရှင်မြတ်သည် (သေဆုံးရန်နှင့် ရှင်ပြန်ထရန်) ယုံမှားသံသယ လုံးဝကင်းရှင်းသောကာလအပိုင်းအခြားတစ်ခုကို သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ သို့တစေလည်း မတရား ကျူးလွန်သူတို့မူကား မယုံမကြည် ငြင်းဆိုခြင်းမှတစ်ပါး အခြားကို မနှစ်သက်ခဲ့ကြပေ။
100قُل لَّوْ أَنتُمْ تَمْلِكُونَ خَزَائِنَ رَحْمَةِ رَبِّي إِذًا لَّأَمْسَكْتُمْ خَشْيَةَ الْإِنفَاقِ ۚ وَكَانَ الْإِنسَانُ قَتُورًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ အကယ်၍သာ အသင်တို့သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်၏ဘဏ္ဍာတော်များကို ပိုင်ဆိုင်ကြသည်ရှိသော်၊ အမှန်ပင် (ယင်းဘဏ္ဍာတော်များ) သုံးစွဲ၍ ကုန်ဆုံးသွားမည်ကိုစိုး၍ အသင်တို့စေးနှဲကြပေမည်။ စင်စစ် လူသားတို့သည် အလွန်စေးနှဲတွန့်တိုသူများပင် ဖြစ်ကြကုန်သတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
98အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 98

စူရာ အလ်-အစ်ရာ အာယာသ် 98 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤကား ၎င်းတို့၏အကျိုးတည်း။ အကြောင်းသော်ကား၊ ထိုသူတို့သည် ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များကို မယုံမကြည် ငြင်းဆိုခဲ့ကြခြင်း ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည်…

စူရာ အာယာသ် 98/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 96–100. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers