အလ်-ကဟ်ဖ် · 15/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
هَٰؤُلَاءِ قَوْمُنَا اتَّخَذُوا مِن دُونِهِ آلِهَةً ۖ لَّوْلَا يَأْتُونَ عَلَيْهِم بِسُلْطَانٍ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۝١٥
Haaa`ulaaa`i qawmunat takhazoo min dooniheee aalihatal law laa yaatoona `alaihim bisultaanim baiyin; faman azlamu mimmaniftaraa `alal laahi kazibaa
📖 မြန်မာဘာသာ
(ကျွန်ုပ်တို့၏)ဤအမျိုးသားတို့သည်ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ယင်း(ကိုးကွယ်ရာ) တို့(ကိုခဝပ်ကိုးကွယ်ခြင်း)နှင့်ပတ်သက်၍ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုအဘယ်ကြောင့် ယူဆောင်(တင်ပြ)ခြင်းကို မပြုကြသနည်း။သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားကို လီဆယ်စွပ်စွဲသောသူထက် သာလွန်မတရားသောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပေတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • هَٰؤُلَاءِ (ဟာဥုလာအိ) — ဤသူများ၊ ဤအုပ်စု
  • قَوْمُنَا (ကောင်မုနာ) — ငါတို့၏လူမျိုး၊ ငါတို့၏အမျိုးသားများ
  • اتَّخَذُوا (အစ်တခာဇူ) — သူတို့သည် ပြုလုပ်ယူကြသည်၊ သတ်မှတ်ယူကြသည်
  • مِن دُونِهِ (မိန်ဒူနိဟိ) — အလ္လာဟ်အရှင်မြတ်ကို စွန့်၍၊ အရှင်မြတ်မှလွဲ၍
  • آلِهَةً (အာလိဟာသန်) — ကိုးကွယ်ရာများ၊ ဘုရားများ
  • لَوْلَا (လောင်လာ) — အဘယ်ကြောင့်မလဲ၊ ဘာကြောင့်မလုပ်ကြသနည်း (တိုက်တွန်းမေးခွန်း)
  • بِسُلْطَانٍ بَيِّنٍ (ဗိစုလ်သွာနင်ဗိုင်ယီနင်) — ထင်ရှားသော သက်သေအထောက်အထား၊ ရှင်းလင်းသော အချေအတင်
  • أَظْلَمُ (အဇ်လမု) — ပို၍မတရားသော၊ အဆိုးဆုံးသော
  • افْتَرَىٰ (အစ်ဖ်သရာ) — လုပ်ကြံဖန်တီးသည်၊ မဟုတ်မမှန်လုပ်သည်
  • كَذِبًا (ကာဇိဗန်) — မုသား၊ မမှန်သောစကား
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ်-ကဟ်ဖ်စူရာတွင် ဖော်ပြထားသော လူငယ်အုပ်စုတစ်စု၏ စကားကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ထိုလူငယ်များသည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်သူများဖြစ်ပြီး၊ သူတို့၏လူမျိုးအုပ်စုသည် အလ္လာဟ်အရှင်မြတ်ကို စွန့်၍ အခြားကိုးကွယ်ရာများကို ကိုးကွယ်နေကြသည်ကို တွေ့မြင်ရသည်။ ထိုအခါ သူတို့သည် အချင်းချင်း ပြောဆိုကြသည်မှာ — ဤငါတို့၏လူမျိုးတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာများကို သတ်မှတ်ကိုးကွယ်ကြသည်။ သို့သော် ထိုကိုးကွယ်ရာများသည် ကိုးကွယ်ခံထိုက်သည်ဟု ထင်ရှားရှင်းလင်းသော သက်သေအထောက်အထား တစ်စုံတစ်ရာကို သူတို့မတင်ပြနိုင်ကြပေ။ အကယ်၍ ထိုကိုးကွယ်ရာများသည် အမှန်တကယ် ကိုးကွယ်ခံထိုက်သည်ဆိုလျှင် ထိုအတွက် ထင်ရှားသော အထောက်အထားကို အဘယ်ကြောင့် မတင်ပြနိုင်ကြသနည်း။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလုပ်ကြံ၍ အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ရာများ ရှိသည်ဟု ဆိုသူထက် ပို၍မတရားသော၊ ပို၍ဆိုးရွားသော သူတစ်ဦးမျှ မရှိနိုင်ပေ။ အကြောင်းမှာ ထိုသို့ပြုခြင်းသည် အကြီးမားဆုံးသော မတရားမှုဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်အပေါ် အကြီးမားဆုံးသော မုသားလုပ်ကြံမှုဖြစ်သောကြောင့်တည်း။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ခြ


📜 အာယာသ် 13-17 — စူရာ အလ်-ကဟ်ဖ်

13نَّحْنُ نَقُصُّ عَلَيْكَ نَبَأَهُم بِالْحَقِّ ۚ إِنَّهُمْ فِتْيَةٌ آمَنُوا بِرَبِّهِمْ وَزِدْنَاهُمْ هُدًى
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့၏အတ္ထုပတိ္တအကြောင်းကို မှန်ကန်စွာ ပြောပြတော်မူလေသည်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြကုန်သောလုလင်အချို့ပင် ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့၌ တရားလမ်းမှန်ရရှိမှုကို တိုးပွားများပြားစေတော်မူခဲ့ပေသည်။
14وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَن نَّدْعُوَ مِن دُونِهِ إِلَٰهًا ۖ لَّقَدْ قُلْنَا إِذًا شَطَطًا
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ဘုရင်၏ရှေ့ဝယ် သို့မဟုတ် လူများ၏ရှေ့ဝယ်) မားမားမတ်မတ် ရပ်တည်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးကိုကြံ့ခိုင်စေတော်မူခဲ့လေသည်။ ထိုအခါ ၎င်းတို့သည် (ဤသို့)ပြောကြားခဲ့ကြလေသည်။ ကျွန်ုပ်တို့၏အရှင်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ရာ)ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှကိုးကွယ်ရာအဖြစ် အလျှင်း ဟစ်ခေါ်(တသကိုးကွယ်ဆည်းကပ်)ကြမည်မဟုတ်ကြောင်း၊ ထိုသို့(ပြုခဲ့ကြသည်)ဖြစ်လျှင် ဧကန်မလွဲကျွန်ုပ်တို့သည် အလွန့်အလွန် လွန်ကဲသောအမှုကိစ္စကို၊ အမှန်တရားနှင့် အလွန်ဝေးကွာ ကမ်းလှမ်းသောစကားကို၊ ပြောဆို(ကျူးလွန်)သူများ ပင် ဖြစ်သွားကြမည်ဖြစ်ကြောင်း။
15هَٰؤُلَاءِ قَوْمُنَا اتَّخَذُوا مِن دُونِهِ آلِهَةً ۖ لَّوْلَا يَأْتُونَ عَلَيْهِم بِسُلْطَانٍ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا
(ကျွန်ုပ်တို့၏)ဤအမျိုးသားတို့သည်ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ယင်း(ကိုးကွယ်ရာ) တို့(ကိုခဝပ်ကိုးကွယ်ခြင်း)နှင့်ပတ်သက်၍ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုအဘယ်ကြောင့် ယူဆောင်(တင်ပြ)ခြင်းကို မပြုကြသနည်း။သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားကို လီဆယ်စွပ်စွဲသောသူထက် သာလွန်မတရားသောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပေတကား။
16وَإِذِ اعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا اللَّهَ فَأْوُوا إِلَى الْكَهْفِ يَنشُرْ لَكُمْ رَبُّكُم مِّن رَّحْمَتِهِ وَيُهَيِّئْ لَكُم مِّنْ أَمْرِكُم مِّرْفَقًا
ထို့နောက် (ယင်းလုလင်တို့အနက် အချို့ကအချို့အား) အသင်တို့သည် ယင်း(အမျိုးသား)တို့ထံ မှလည်းကောင်း၊ အလ္လာဟ်အရှင်မှတစ်ပါး ထိုသူတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ကိုးကွယ်ရာများထံ မှလည်းကောင်း၊ ခွဲခွာနောက်ဆုတ်ခဲ့ကြပြီးဖြစ်ပေရာ အသင်တို့သည် (ထို)ဥမင်လိုဏ်ခေါင်းသို့(သွားရောက်)ခိုလှုံကြလေကုန်။ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည် မိမိကရုဏာတော်ကို အသင်တို့အပေါ်ဝယ် ဖြန့်၍ပေးသနားတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အရေးကိစ္စကိုအထူး အကျိုးကျေးဇူးရှိစေရန် စီမံ၍ ပေးတော် မူမည် ဖြစ်သည်။
17۞ وَتَرَى الشَّمْسَ إِذَا طَلَعَت تَّزَاوَرُ عَن كَهْفِهِمْ ذَاتَ الْيَمِينِ وَإِذَا غَرَبَت تَّقْرِضُهُمْ ذَاتَ الشِّمَالِ وَهُمْ فِي فَجْوَةٍ مِّنْهُ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ ۗ مَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُ وَلِيًّا مُّرْشِدًا
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် နေထွက်သောအခါ ထိုနေသည် ထို(လုလင်)တို့၏လိုဏ်ဂူမှ လက်ယာဘက်သို့ ညွှတ်၍နေသည်ကိုလည်းကောင်း၊ တစ်ဖန်ထိုနေသည် (ပြန်)ဝင်သောအခါ လက်ဝဲဘက်သို့ (ကျော်ထွက်ကာ) ထိုသူတို့အား ရှောင်ကွင်း၍သွားသည်ကိုလည်းကောင်း၊တွေ့မြင်ရမည် ဖြစ်၏။ စင်စစ် ၎င်းတို့သည် ယင်းလိုဏ်ဂူတွင်ကျယ်ဝန်းသောနေရာ၌ပင် ရှိခဲ့ကြကုန်၏။ ဤသည်ကားအလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များအနက် လက္ခဏာတော်တစ်ရပ်ပင်ဖြစ်၏။ အလ္လာဟ်အရှင်မြတ် တရားလမ်းမှန်ကို ညွှန်ပြသောသူသည်သာလျှင် တရားလမ်းမှန်ကို ရရှိသူဖြစ်၏။ သို့ရာတွင် ထိုအရှင်မြတ်က လမ်းမှားစေတော်မူသောသူမှာမူကားထိုသူအား ကူညီရိုင်းပင်းမည်ဖြစ်သော၊ တရားလမ်းမှန်ညွှန်ပြသော အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မျှပင် အသင်အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေတကား။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 15

စူရာ အလ်-ကဟ်ဖ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ကျွန်ုပ်တို့၏)ဤအမျိုးသားတို့သည်ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ယင်း(ကိုးကွယ်ရာ) တို့(ကိုခဝပ်ကိုးကွယ်ခြင်း)နှင့်ပတ်သက်၍ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုအဘယ်ကြောင့် ယူဆောင်(တင်ပြ)ခြင်းကို မပြုကြသနည်း။သို့ဖြစ်ပေရာ…

စူရာ အာယာသ် 15/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers