အလ်-ဗကရ · 153/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
يَا أَيُّهَا الَّذِينَ آمَنُوا اسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ ۝١٥٣
Yaaa ayyuhal laazeena aamanus ta`eenoo bissabri was Salaah; innal laaha ma`as-saabireen
📖 မြန်မာဘာသာ
အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ) ကူညီထောက်ပံ့ စောင်မတော် မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင် မြတ်သည် ခန္တီတရားထားရှိသောသူ တို့နှင့်အတူတကွ (အမြဲ) ရှိတော်မူလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 151-155 — စူရာ အလ်-ဗကရ

151كَمَا أَرْسَلْنَا فِيكُمْ رَسُولًا مِّنكُمْ يَتْلُو عَلَيْكُمْ آيَاتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ الْكِتَابَ وَالْحِكْمَةَ وَيُعَلِّمُكُم مَّا لَمْ تَكُونُوا تَعْلَمُونَ
(ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။
152فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ
သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်းကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည်လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်းအားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြကုန်လော့။ အသင်တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။
153يَا أَيُّهَا الَّذِينَ آمَنُوا اسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ) ကူညီထောက်ပံ့ စောင်မတော် မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင် မြတ်သည် ခန္တီတရားထားရှိသောသူ တို့နှင့်အတူတကွ (အမြဲ) ရှိတော်မူလေသတည်း။
154وَلَا تَقُولُوا لِمَن يُقْتَلُ فِي سَبِيلِ اللَّهِ أَمْوَاتٌ ۚ بَلْ أَحْيَاءٌ وَلَٰكِن لَّا تَشْعُرُونَ
ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် လမ်းတော်၌ သတ်ဖြတ်ခြင်းခံရသူတို့ကို သူသေများဟူ၍ မပြောဆိုကြကုန်လင့်။ (ယင်းသူတို့ သည် သူသေများ) အလျင်းမဟုတ်� စင်စစ်မှာမူ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ အသက်ရှင်လျက်ပင် ရှိကြလေသည်။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆဆင်ခြင် မသိမမြင်နိုင်ကြချေ။
155وَلَنَبْلُوَنَّكُم بِشَيْءٍ مِّنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِّنَ الْأَمْوَالِ وَالْأَنفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ
ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်း အားဖြင့် သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်သေကြေပျက်စီးစေခြင်းဖြင့် သော်လည်းကောင်း၊ ကောက်ပဲသီးနှံများ ပျက်ပြားစေခြင်းဖြင့်သော်လည်း ကောင်း၊ [(တနည်း) သားသမီးများ သေဆုံးစေခြင်းဖြင့် သော်လည်းကောင်း၊] စမ်းသပ်တော် မူလတ္တံ့။ သို့ရာတွင် (ထိုကဲ့သို့ စမ်းသပ်သော ဘေးအန္တရာယ် များကို) ခန္တီတရားဖြင့် သည်းခံသူအပေါင်းအား ဝမ်းမြောက်ဘွယ်ရာ ကောင်းချီးမင်္ဂလာသတင်းကို [အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)] အသင်သည် ပြောကြားပါလေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
153အာယာသ်

ဘာသာပြန် — အလ်-ဗကရ 153

စူရာ အလ်-ဗကရ အာယာသ် 153 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ)…

စူရာ အာယာသ် 153/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 151–155. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers