အလ်-ဗကရ · 155/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَنَبْلُوَنَّكُم بِشَيْءٍ مِّنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِّنَ الْأَمْوَالِ وَالْأَنفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ ۝١٥٥
Wa lanablu wannakum bishai`im minal khawfi waljoo`i wa naqsim minal amwaali wal anfusi was samaraat; wa bashshiris saabireen
📖 မြန်မာဘာသာ
ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်း အားဖြင့် သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်သေကြေပျက်စီးစေခြင်းဖြင့် သော်လည်းကောင်း၊ ကောက်ပဲသီးနှံများ ပျက်ပြားစေခြင်းဖြင့်သော်လည်း ကောင်း၊ [(တနည်း) သားသမီးများ သေဆုံးစေခြင်းဖြင့် သော်လည်းကောင်း၊] စမ်းသပ်တော် မူလတ္တံ့။ သို့ရာတွင် (ထိုကဲ့သို့ စမ်းသပ်သော ဘေးအန္တရာယ် များကို) ခန္တီတရားဖြင့် သည်းခံသူအပေါင်းအား ဝမ်းမြောက်ဘွယ်ရာ ကောင်းချီးမင်္ဂလာသတင်းကို [အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)] အသင်သည် ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 153-157 — စူရာ အလ်-ဗကရ

153يَا أَيُّهَا الَّذِينَ آمَنُوا اسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ) ကူညီထောက်ပံ့ စောင်မတော် မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင် မြတ်သည် ခန္တီတရားထားရှိသောသူ တို့နှင့်အတူတကွ (အမြဲ) ရှိတော်မူလေသတည်း။
154وَلَا تَقُولُوا لِمَن يُقْتَلُ فِي سَبِيلِ اللَّهِ أَمْوَاتٌ ۚ بَلْ أَحْيَاءٌ وَلَٰكِن لَّا تَشْعُرُونَ
ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် လမ်းတော်၌ သတ်ဖြတ်ခြင်းခံရသူတို့ကို သူသေများဟူ၍ မပြောဆိုကြကုန်လင့်။ (ယင်းသူတို့ သည် သူသေများ) အလျင်းမဟုတ်� စင်စစ်မှာမူ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ အသက်ရှင်လျက်ပင် ရှိကြလေသည်။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆဆင်ခြင် မသိမမြင်နိုင်ကြချေ။
155وَلَنَبْلُوَنَّكُم بِشَيْءٍ مِّنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِّنَ الْأَمْوَالِ وَالْأَنفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ
ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်း အားဖြင့် သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်သေကြေပျက်စီးစေခြင်းဖြင့် သော်လည်းကောင်း၊ ကောက်ပဲသီးနှံများ ပျက်ပြားစေခြင်းဖြင့်သော်လည်း ကောင်း၊ [(တနည်း) သားသမီးများ သေဆုံးစေခြင်းဖြင့် သော်လည်းကောင်း၊] စမ်းသပ်တော် မူလတ္တံ့။ သို့ရာတွင် (ထိုကဲ့သို့ စမ်းသပ်သော ဘေးအန္တရာယ် များကို) ခန္တီတရားဖြင့် သည်းခံသူအပေါင်းအား ဝမ်းမြောက်ဘွယ်ရာ ကောင်းချီးမင်္ဂလာသတင်းကို [အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)] အသင်သည် ပြောကြားပါလေ။
156الَّذِينَ إِذَا أَصَابَتْهُم مُّصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ
ထိုသူတို့သည် မိမိတို့အပေါ်၌ ဘေးဥပဒ်အန္တ ရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်လာသောအခါ ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အဖို့အရာသာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်၏ အထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်ဟု ဆိုလေ့ရှိကြကုန်၏။
157أُولَٰئِكَ عَلَيْهِمْ صَلَوَاتٌ مِّن رَّبِّهِمْ وَرَحْمَةٌ ۖ وَأُولَٰئِكَ هُمُ الْمُهْتَدُونَ
ထို(ဘေးအန္တရာယ်များကို ခန္တီတရားဖြင့် သည်းခံသော) ဤသူတို့အပေါ်၌သာလျှင် ယင်းသူတို့အား မွေးမြူတော်မူထသောအလ္လာဟ် အရှင်မြတ် အထံတော်မှ ကောင်းခြီးမင်္ဂလာများနှင့် မေတ္တာကရုဏာတော် သက်ရောက်ပေမည်။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့် မတ်မှန်ကန် သော တရားလမ်းစဉ်ကို ရရှိသူများ ဖြစ်ကြကုန် သတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
155အာယာသ်

ဘာသာပြန် — အလ်-ဗကရ 155

စူရာ အလ်-ဗကရ အာယာသ် 155 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊…

စူရာ အာယာသ် 155/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 153–157. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers