အလ်-ဗကရ · 158/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
۞ إِنَّ الصَّفَا وَالْمَرْوَةَ مِن شَعَائِرِ اللَّهِ ۖ فَمَنْ حَجَّ الْبَيْتَ أَوِ اعْتَمَرَ فَلَا جُنَاحَ عَلَيْهِ أَن يَطَّوَّفَ بِهِمَا ۚ وَمَن تَطَوَّعَ خَيْرًا فَإِنَّ اللَّهَ شَاكِرٌ عَلِيمٌ ۝١٥٨
Innas Safaa wal-Marwata min sha`aaa`iril laahi faman hajjal Baita awi`tamara falaa junaaha `alaihi ai yattawwafa bihimaa; wa man tatawwa`a khairan fa innal laaha Shaakirun`Aleem
📖 မြန်မာဘာသာ
ဧကန်အမှန် ဆွဖာနှင့် မရ်ဝဟ်တောင်များသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသော သာသနာတော်၏အထိမ်းအမှတ်များအနက်မှ ဖြစ်သည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ဖြစ်သော ကအ်ဗဟ် ကျောင်းတော်သို့ ဟဂျ်ပြုရန် သွားရောက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် အွန်မ်ရဟ် ပြုသည်ဖြစ်စေ ထိုသူ၏အပေါ်၌ ထိုတောင် နှစ်လုံး အကြားတွင် သွားလာခြင်းသည် တစ်စုံတစ်ရာမျှ အပြစ်မရှိပြီ။ ထို့ပြင် အကြင်သူသည် မိမိ၏စိတ်စေတနာအလျောက် ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဆွဖာ (الصَّفَا): မakkah မြို့တော်ရှိ ကျောက်တောင်ငယ်တစ်ခု၏ အမည်။ ခိုင်မာပြီး ချောမွေ့သော ကျောက်သားကို ဆိုလိုသည်။
  • မာရ်ဝဟ် (الْمَرْوَة): ဆွဖာ၏ ဆန့်ကျင်ဘက်တွင် ရှိသော နောက်ထပ် ကျောက်တောင်ငယ်တစ်ခု၏ အမည်။ ပျော့သော ကျောက်သားကို ဆိုလိုသည်။
  • ရှာအာအိရ် (شَعَائِر): ရှာအီရဟ် ဟူသော ဝေါဟာရ၏ အများကိန်း။ အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာတော်၏ ထင်ရှားသော အမှတ်လက္ခဏာများ၊ ကိုးကွယ်မှုဆိုင်ရာ သင်္ကေတများကို ဆိုလိုသည်။
  • ဟဂျ် (حَجَّ): ကအ်ဗဟ် (ကအ်ဗသုလ္လာဟ်) ကို ရည်ရွယ်ချက်ဖြင့် သွားရောက်ခြင်း၊ ဟဂျ်ကျင့်သုံးခြင်း။
  • အီအ်သ�רာ (اعْتَمَرَ): အွမ်ရဟ် (ဟဂျ်သေးစား) ကို ကျင့်သုံးခြင်း။
  • ဂျုနာဟ် (جُنَاح): အပြစ်၊ ဒုစရိုက်။
  • ယသ်သွဝ်ဖ (يَطَّوَّفَ): လှည့်ပတ်သွားလာခြင်း၊ ဤနေရာတွင် ဆွဖာနှင့် မာရ်ဝဟ်ကြားတွင် သွားလာခြင်း (ဆအ်ယ်) ကို ဆိုလိုသည်။
  • သသွဝ်ဝအ (تَطَوَّعَ): မိမိဆန္ဒအလျောက် လုပ်ဆောင်ခြင်း၊ ဝတ္တရားမဟုတ်ဘဲ ကုသိုလ်ကောင်းမှုကို စေတနာဖြင့် ပြုလုပ်ခြင်း။
  • ရှာကိရ် (شَاكِر): ကျေးဇူးတုံ့ပြန်သော၊ ကုသိုလ်ကောင်းမှုကို အလွန်အကျွံ အကျိုးပေးသော။
  • အလီမ် (عَلِيم): အရာခပ်သိမ်းကို အသိပညာနှင့် ပြည့်စုံတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဧကန်စင်စစ် ဆွဖာနှင့် မာရ်ဝဟ် ဟူသော ကျောက်တောင်ငယ်နှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာတော်၏ ထင်ရှားသော အမှတ်လက္ခဏာများ၊ ကိုးကွယ်မှုဆိုင်ရာ သင်္ကေတများတွင် အပါအဝင် ဖြစ်သည်။ ထို့ကြောင့် မည်သူမဆို ကအ်ဗဟ်ကျောင်းတော်ကို ဟဂျ်ကျင့်သုံးရန် သို့မဟုတ် အွမ်ရဟ်ကျင့်သုံးရန် ရည်ရွယ်သွားရောက်ပါက ထိုကျောက်တောင်နှစ်ခုကြားတွင် သွားလာခြင်း (ဆအ်ယ်ပြုခြင်း) ၌ သူ့အပေါ် အပြစ်မရှိပေ။ ထိုသို့ အပြစ်မရှိဟု ဖော်ပြခြင်းသည် ဂျာဟိလီယျဟ်ခေတ်၏ အလေ့အထဟု ထင်မှတ်၍ ဆအ်ယ်ပြုခြင်းကို ရှောင်ကြဉ်ခဲ့သော မွတ်စ်လင်မ်များအတွက် စိတ်သက်သာမှုကို ပေးအပ်ခြင်း ဖြစ်သည်။ အမှန်စင်စစ် ထိုသို့ ဆအ်ယ်ပြုခြင်းသည် ဟဂျ်၏ ဝတ္တရားများတွင် အပါအဝင် ဖြစ်ကြောင်း အလ္လာဟ



📜 အာယာသ် 156-160 — စူရာ အလ်-ဗကရ

156الَّذِينَ إِذَا أَصَابَتْهُم مُّصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ
ထိုသူတို့သည် မိမိတို့အပေါ်၌ ဘေးဥပဒ်အန္တ ရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်လာသောအခါ ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အဖို့အရာသာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်၏ အထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်ဟု ဆိုလေ့ရှိကြကုန်၏။
157أُولَٰئِكَ عَلَيْهِمْ صَلَوَاتٌ مِّن رَّبِّهِمْ وَرَحْمَةٌ ۖ وَأُولَٰئِكَ هُمُ الْمُهْتَدُونَ
ထို(ဘေးအန္တရာယ်များကို ခန္တီတရားဖြင့် သည်းခံသော) ဤသူတို့အပေါ်၌သာလျှင် ယင်းသူတို့အား မွေးမြူတော်မူထသောအလ္လာဟ် အရှင်မြတ် အထံတော်မှ ကောင်းခြီးမင်္ဂလာများနှင့် မေတ္တာကရုဏာတော် သက်ရောက်ပေမည်။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့် မတ်မှန်ကန် သော တရားလမ်းစဉ်ကို ရရှိသူများ ဖြစ်ကြကုန် သတည်း။
158۞ إِنَّ الصَّفَا وَالْمَرْوَةَ مِن شَعَائِرِ اللَّهِ ۖ فَمَنْ حَجَّ الْبَيْتَ أَوِ اعْتَمَرَ فَلَا جُنَاحَ عَلَيْهِ أَن يَطَّوَّفَ بِهِمَا ۚ وَمَن تَطَوَّعَ خَيْرًا فَإِنَّ اللَّهَ شَاكِرٌ عَلِيمٌ
ဧကန်အမှန် ဆွဖာနှင့် မရ်ဝဟ်တောင်များသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသော သာသနာတော်၏အထိမ်းအမှတ်များအနက်မှ ဖြစ်သည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ဖြစ်သော ကအ်ဗဟ် ကျောင်းတော်သို့ ဟဂျ်ပြုရန် သွားရောက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် အွန်မ်ရဟ် ပြုသည်ဖြစ်စေ ထိုသူ၏အပေါ်၌ ထိုတောင် နှစ်လုံး အကြားတွင် သွားလာခြင်းသည် တစ်စုံတစ်ရာမျှ အပြစ်မရှိပြီ။ ထို့ပြင် အကြင်သူသည် မိမိ၏စိတ်စေတနာအလျောက် ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။
159إِنَّ الَّذِينَ يَكْتُمُونَ مَا أَنزَلْنَا مِنَ الْبَيِّنَاتِ وَالْهُدَىٰ مِن بَعْدِ مَا بَيَّنَّاهُ لِلنَّاسِ فِي الْكِتَابِ ۙ أُولَٰئِكَ يَلْعَنُهُمُ اللَّهُ وَيَلْعَنُهُمُ اللَّاعِنُونَ
ငါအရှင်မြတ်သည် (အတိတ်ခေတ်တွင်) ထင်ရှားသော သက်သေလက္ခဏာတော်များနှင့် တရားဓမ္မကို ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ ထို့နောက်တဖန် လူအများသိနား လည်စိမ့်သောငှာ ထိုသက်သေ လက္ခဏာနှင့် တရားဓမ္မများကို ငါအရှင်မြတ်သည် ကျမ်းဂန်၌ ပွင့်လင်းစွာ ဖွင့်ဟမွက်ကြား ထားသော တရားဒေသနာများကိုပင် အချို့လူများသည် ထိမ် ချန်ထားကြ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများ အား ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။ အခြား ကျိန်ဆဲသူများကလည်း ထိုသူတို့ကို ကျိန်ဆဲကြလေသည်။
160إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَبَيَّنُوا فَأُولَٰئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا التَّوَّابُ الرَّحِيمُ
သို့ရာတွင် အကြင်သူတို့သည် (မိမိတို့၏ ချွတ် ယွင်းမှုများကို) ဝန်ချတောင်းပန်ကြအံ့၊ ၎င်းပြင် မိမိတို့၏ အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလွဲပြီး ကုသိုလ်တ�ား ပွားများကြကုန်အံ့၊ ၎င်းပြင် (ကျမ်းလာအမိန့် ပညတ်များကိုလည်း မှန်ကန်စွာ) ထုတ်ဖော်ထင်ရှား စေကြကုန်အံ့။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ထိုသူတို့ဘက်သို့ (မိမိ ကရုဏာတော်ဖြင့်) ပြန်လှည့်တော်မူအံ့။ စင်စစ် တမူကား ငါအရှင် မြတ်သည် (ဝန်ချတောင်းပန် သူများဘက်သို့) အကြိမ်ကြိမ်အဖန်ဖန် ပြန်လှည့်တော်မူထသောအရှင်၊ မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အရှင်မြတ်ဖြစ်တော်မူ၏။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
158အာယာသ်

ဘာသာပြန် — အလ်-ဗကရ 158

စူရာ အလ်-ဗကရ အာယာသ် 158 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်အမှန် ဆွဖာနှင့် မရ်ဝဟ်တောင်များသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသော သာသနာတော်၏အထိမ်းအမှတ်များအနက်မှ ဖြစ်သည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ဖြစ်သော…

စူရာ အာယာသ် 158/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 156–160. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers