အလ်-ဗကရ · 162/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
خَالِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنظَرُونَ ۝١٦٢
khaalideena feeha laa yukhaffafu `anhumul `azaabu wa laa hum yunzaroon
📖 မြန်မာဘာသာ
(ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ခွင့်လည်း ရရှိကြမည်မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 160-164 — စူရာ အလ်-ဗကရ

160إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَبَيَّنُوا فَأُولَٰئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا التَّوَّابُ الرَّحِيمُ
သို့ရာတွင် အကြင်သူတို့သည် (မိမိတို့၏ ချွတ် ယွင်းမှုများကို) ဝန်ချတောင်းပန်ကြအံ့၊ ၎င်းပြင် မိမိတို့၏ အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလွဲပြီး ကုသိုလ်တ�ား ပွားများကြကုန်အံ့၊ ၎င်းပြင် (ကျမ်းလာအမိန့် ပညတ်များကိုလည်း မှန်ကန်စွာ) ထုတ်ဖော်ထင်ရှား စေကြကုန်အံ့။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ထိုသူတို့ဘက်သို့ (မိမိ ကရုဏာတော်ဖြင့်) ပြန်လှည့်တော်မူအံ့။ စင်စစ် တမူကား ငါအရှင် မြတ်သည် (ဝန်ချတောင်းပန် သူများဘက်သို့) အကြိမ်ကြိမ်အဖန်ဖန် ပြန်လှည့်တော်မူထသောအရှင်၊ မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အရှင်မြတ်ဖြစ်တော်မူ၏။
161إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ أُولَٰئِكَ عَلَيْهِمْ لَعْنَةُ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ဧကန်အမှန် အကြင်သူတို့သည် တရားဒေသနာတော်များကို မယုံမကြည်သွေဖည်ငြင်းဆန်၍ ကာဖစ်ရ် အဖြစ်နှင့်ပင်သေဆုံးကြ၏။ ယင်းသူတို့ အပေါ်၌ အလ္လာဟ် အရှင်မြတ်၏ ကျိန်ဆဲခြင်း၊ အပါးတော်စေတမန်များ (၏ ကျိန်ဆဲခြင်း၊) လူများ (၏ကျိန်ဆဲခြင်း၊) အားလုံးတို့ (၏ ကျိန်ဆဲ ခြင်းသည် ကျရောက်အံ့။)
162خَالِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنظَرُونَ
(ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ခွင့်လည်း ရရှိကြမည်မဟုတ်ချေ။
163وَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ لَّا إِلَٰهَ إِلَّا هُوَ الرَّحْمَٰنُ الرَّحِيمُ
စင်စစ်အားဖြင့် တစ်ဆူတည်းဖြစ်တော်မူသော ခဝပ်ကိုးကွယ်ရာ အရှင်သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိချေ။ ထိုအသျှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။
164إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَالْفُلْكِ الَّتِي تَجْرِي فِي الْبَحْرِ بِمَا يَنفَعُ النَّاسَ وَمَا أَنزَلَ اللَّهُ مِنَ السَّمَاءِ مِن مَّاءٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِن كُلِّ دَابَّةٍ وَتَصْرِيفِ الرِّيَاحِ وَالسَّحَابِ الْمُسَخَّرِ بَيْنَ السَّمَاءِ وَالْأَرْضِ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ
မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေမြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်စေပြီး (မြေဩ ဇာဖြစ်စေ၍ သစ်ပင်ဝါးပင် အမျိုးမျိုး ပေါက်ရောက်စေရန် အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ (အလ္လာဟ် အရှင်မြတ်) ပေါက်ပွားပျံ့နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး ၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏အမိန့် တော်ကို) နာခံလျှက်ရှိသော မိုးတိမ်များ၌ လည်းကောင်း၊ နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန်( တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကို ညွှန်ပြသော) သက်သေလက္ခဏာများ ရှိပေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
162အာယာသ်

ဘာသာပြန် — အလ်-ဗကရ 162

စူရာ အလ်-ဗကရ အာယာသ် 162 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို…

စူရာ အာယာသ် 162/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 160–164. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers