တာဟာ · 99/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
كَذَٰلِكَ نَقُصُّ عَلَيْكَ مِنْ أَنبَاءِ مَا قَدْ سَبَقَ ۚ وَقَدْ آتَيْنَاكَ مِن لَّدُنَّا ذِكْرًا ۝٩٩
Kazaalika naqussu `alaika min ambaaa`i maa qad sabaq; wa qad aatainaaka mil ladunnaa Zikraa
📖 မြန်မာဘာသာ
ယင်းကဲ့သို့ပင် ငါအရှင်မြတ်သည် အသင်၏ ရှေ့ဝယ် လွန်လေပြီးသောဖြစ်စဉ်များ၏ အကြောင်း သတင်းများကို ပြန်ပြောင်းမိန့်ကြားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား မိမိအထံတော် မှ (ကုရ်အာန်တည်းဟူသော)သတိပေးနှိုးဆော်သည့်ကျမ်းဂန်တစ်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 97-101 — စူရာ တာဟာ

97قَالَ فَاذْهَبْ فَإِنَّ لَكَ فِي الْحَيَاةِ أَن تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًا لَّن تُخْلَفَهُ ۖ وَانظُرْ إِلَىٰ إِلَٰهِكَ الَّذِي ظَلْتَ عَلَيْهِ عَاكِفًا ۖ لَّنُحَرِّقَنَّهُ ثُمَّ لَنَنسِفَنَّهُ فِي الْيَمِّ نَسْفًا
(သို့ဖြစ်ပေရာ) ယင်းမူစာက (စာမိရီအားဤသို့)ပြောကြားခဲ့လေ၏။ (အို-စာမိရီ) အသင်သည်ထွက်သွားလော့။ဧကန်အမှန် အသင်၌ ဤဘဝသက်တမ်းတစ်လျှောက်တွင်(ခံစားရမည့်ပြစ်ဒဏ်ကား) အသင်သည် (မိမိအပါးသို့ ချဉ်းကပ်လာသူတို့ကို ကျွန်ုပ်အား မည်သူမျှ) ‘မထိရ’ ဟု ပြောဆိုနေရန်သာရှိပေသည်။ ၎င်းပြင် အသင့်အဖို့(နောင်တမလွန်၌ပြစ်ဒဏ်ခံစားရန်လည်း) ပြဌာန်းချက်တစ်ခု ရှိသေး၏။ အသင်သည်ယင်းပြဋ္ဌာန်းချက်မှ လွဲစေခြင်းကို အလျှင်း ခံရလိမ့်မည်မဟုတ်ပေ။ ထို့ပြင် အသင်သည် အစဉ်မပြတ် စွဲလမ်းလျက်ရှိခဲ့သော မိမိ ကိုးကွယ်ရာကို ရှုလော့။ ဧကန်မလွဲ ငါတို့သည်၎င်းအား မီးချပြီးနောက် အမှန်စင်စစ် ၎င်း(၏ပြာ)ကို မြစ်ထဲ၌ကြဲ(၍မျှော)ကြမည်ဖြစ်သည်။
98إِنَّمَا إِلَٰهُكُمُ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ ۚ وَسِعَ كُلَّ شَيْءٍ عِلْمًا
(စင်စစ်မှာမူကား) အသင်တို့၏ ခဝပ်ကိုးကွယ်ရာအရှင်သည် အကြင် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ် ရာအရှင်ဟူ၍ကားအလျှင်း မရှိပြီ။ ထိုအရှင်မြတ်သည် (မိမိ)အသိပညာတော်ဖြင့်အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက် ရှိတော်မူပေသတည်း။
99كَذَٰلِكَ نَقُصُّ عَلَيْكَ مِنْ أَنبَاءِ مَا قَدْ سَبَقَ ۚ وَقَدْ آتَيْنَاكَ مِن لَّدُنَّا ذِكْرًا
ယင်းကဲ့သို့ပင် ငါအရှင်မြတ်သည် အသင်၏ ရှေ့ဝယ် လွန်လေပြီးသောဖြစ်စဉ်များ၏ အကြောင်း သတင်းများကို ပြန်ပြောင်းမိန့်ကြားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား မိမိအထံတော် မှ (ကုရ်အာန်တည်းဟူသော)သတိပေးနှိုးဆော်သည့်ကျမ်းဂန်တစ်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။
100مَّنْ أَعْرَضَ عَنْهُ فَإِنَّهُ يَحْمِلُ يَوْمَ الْقِيَامَةِ وِزْرًا
မည်သူမဆို ယင်း(ကျမ်းတော်)မှ မျက်နှာလွှဲခဲ့ပါမူ ဧကန်မလွဲ ထိုသူသည် ကိယာမတ်ရှင်ပြန်ထ ရမည့်နေ့တွင်(အလွန်လေးလံသော) ဝန်ထုပ်ကို သယ်ပိုးထမ်းဆောင်ရမည်ဖြစ်ပေသည်။
101خَالِدِينَ فِيهِ ۖ وَسَاءَ لَهُمْ يَوْمَ الْقِيَامَةِ حِمْلًا
(ထိုသူတို့သည်) ယင်း(ဝန်ထုပ်ကိုထမ်းဆောင်သယ်ပိုးခြင်း၏)အဖြစ်၌ ထာဝစဉ် ခံစားလျက် ရှိကြပေမည်။စင်စစ် ထိုဝန်ထုပ်သည် ၎င်းတို့အဖို့ ကိယာမတ် ရှင်ပြန်ထရမည့်နေ့တွင် အလွန်ဆိုးရွား လှသော ဝန်ထုပ်ပင် ဖြစ်ချိမ့်မည်။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
99အာယာသ်

ဘာသာပြန် — တာဟာ 99

စူရာ တာဟာ အာယာသ် 99 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်းကဲ့သို့ပင် ငါအရှင်မြတ်သည် အသင်၏ ရှေ့ဝယ် လွန်လေပြီးသောဖြစ်စဉ်များ၏ အကြောင်း သတင်းများကို ပြန်ပြောင်းမိန့်ကြားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည်…

စူရာ အာယာသ် 99/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 97–101. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers