لِّيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ فِي أَيَّامٍ مَّعْلُومَاتٍ عَلَىٰ مَا رَزَقَهُم مِّن بَهِيمَةِ الْأَنْعَامِ ۖ فَكُلُوا مِنْهَا وَأَطْعِمُوا الْبَائِسَ الْفَقِيرَ ٢٨
🔤 Transliteration
Li yashhadoo manaafi`a lahum wa yazkurus mal laahi feee ayyaamimma`loomaatin `alaa maa razaqahum mim baheematil an`aami fakuloo minhaa wa at`imul baaa`isal faqeer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ရွတ်ဖတ်)တသကြအံ့သောငှာလည်းကောင်း၊ ထို့နောက်(တမန်တော်မြတ်၏တပည့်သားတို့)(အသင်)တို့လည်း ယင်းတိရစ္ဆာန်များအနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ မရှိဆင်းရဲသောဒုက္ခိတများအားလည်း ကျွေးမွေးကြလေကုန်။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက် لِيَشْهَدُوا (လိယဿ်ဟာဒူး) — သူတို့တက်ရောက်ရန်၊ မျက်မြင်တွေ့ရန်။مَنَافِعَ (မာနာဖိအ်) — အကျိုးကျေးဇူးများ။ ဤနေရာတွင် ဒီန်(ဘာသာရေး)ဆိုင်ရာ အကျိုးကျေးဇူးများနှင့် လောကီ(ဒုန်ယာ)ဆိုင်ရာ အကျိုးကျေးဇူးများ နှစ်မျိုးလုံးကို ရည်ညွှန်းသည်။أَيَّامٍ مَّعْلُومَاتٍ (အိုင်ယာမိန် မာ့်လူမာသ်) — သတ်မှတ်ထားသော ရက်များ။ ဇုလ်ဟိဂျ္ဂျာလ၏ ဆယ်ရက်များ၊ အထူးသဖြင့် ဇုလ်ဟိဂျ္ဂျာလ ၁၀ ရက်နေ့နှင့် ယင်းနောက် သုံးရက် (သျှုရ်က်ရက်များ) ဖြစ်သည်။بَهِيمَةِ الْأَنْعَامِ (ဗဟီမသိလ် အန်အာမ်) — ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များ။الْبَائِسَ (ဗာ့အိစ်) — ဆင်းရဲဒုက္ခရောက်နေသူ၊ ပြင်းထန်သော ဆင်းရဲမွဲတေမှုကို ခံစားနေရသူ။الْفَقِيرَ (ဖကီရ်) — ဘာမျှမပိုင်ဆိုင်သော ဆင်းရဲသား။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ဟဂျ်ျ(ဟဂ်ျျ်မင်္ဂလာ)၏ ရည်ရွယ်ချက်များနှင့် ကုရ်ဘာနီ(သတ်ကောင်ပူဇော်ခြင်း)ဆိုင်ရာ လမ်းညွှန်ချက်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)အား လူသားများကို ဟဂျ်ျပြုရန် ဖိတ်ခေါ်ရန် အမိန့်ပေးတော်မူခဲ့ပြီးနောက်၊ ထိုဖိတ်ခေါ်မှုကို လက်ခံသူများ၏ ရည်ရွယ်ချက်များကို ဤတွင် ဖော်ပြတော်မူသည်။
သူတို့သည် ဟဂျ်ျသို့ လာရောက်ခြင်းဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးများကို မျက်မြင်တွေ့ရှိရမည်။ ထိုအကျိုးကျေးဇူးများတွင် အပြစ်များ ခွင့်လွှတ်ခံရခြင်း၊ ဟဂျ်ျနှင့် အခြားကိုးကွယ်မှုများ၏ အကျိုးဆုလာဘ်များ ရရှိခြင်း၊ စီးပွားရေးအရ အမြတ်အစွန်းများ ရရှိခြင်း၊ မွတ်စ်လင်မ်များ စည်းလုံးညီညွတ်ခြင်း စသည်တို့ ပါဝင်သည်။
ထို့ပြင် သူတို့သည် သတ်မှတ်ထားသော ရက်များ—ဇုလ်ဟိဂျ္ဂျာလ ၁၀ ရက်နေ့နှင့် ယင်းနောက် သုံးရက်—တွင် အလ္လာဟ်အရှင်မြတ် ပေးအပ်တော်မူသော ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ်စသည့် တိရစ္ဆာန်များကို သတ်ကောင်ပူဇော်ရာတွင် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို သတိရတင်ရှိရမည်။ ဤသတ်ကောင်ပူဇော်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိ
لِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٍ مَّعۡلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۖ فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡبَآئِسَ ٱلۡفَقِيرَ ٢٨
မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ရွတ်ဖတ်)တသကြအံ့သောငှာလည်းကောင်း၊ ထို့နောက်(တမန်တော်မြတ်၏တပည့်သားတို့)(အသင်)တို့လည်း ယင်းတိရစ္ဆာန်များအနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ မရှိဆင်းရဲသောဒုက္ခိတများအားလည်း ကျွေးမွေးကြလေကုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 26-30 — စူရာ အလ်-ဟဂ်ျ
26 وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ أَن لَّا تُشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ
ထိုမှတစ်ပါး(အို-နဗီတမန်တော်၊ ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် (နဗီတမန်တော်) အိဗ်ရာဟီမ်အား (ထူးမြတ်သော)အိမ်တော်၏နေရာကိုညွှန်ပြ၍ ပေးတော်မူခဲ့၏။ အမိန့်တော်ထုတ်ပြန်တော်မူခဲ့၏။အို-အိဗ်ရာဟီမ်) အသင်သည် မည်သည့်တစ်စုံတစ်ရာကိုပင်ငါအရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ခြင်းကို မပြုပါလေနှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ (ထူးမြတ်လှသော)အိမ်တော်ကို တွဝါဖ်လှည့်သူတို့အဖို့လည်းကောင်း၊ ‘ကိယာမ်’ရပ်သူတို့အဖို့လည်းကောင်း၊ ‘ရုကူအ်’ ဦးညွတ်သူတို့နှင့်’စဂျီဒဟ်’ ပျပ်ဝပ် ဦးချသူတို့အဖို့လည်းကောင်း၊ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်၍ထားရှိပါလေ။
27 وَأَذِّن فِي النَّاسِ بِالْحَجِّ يَأْتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأْتِينَ مِن كُلِّ فَجٍّ عَمِيقٍ
၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊အသင့်ထံသို့ လာရောက်ကြပေမည်။
28 لِّيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ فِي أَيَّامٍ مَّعْلُومَاتٍ عَلَىٰ مَا رَزَقَهُم مِّن بَهِيمَةِ الْأَنْعَامِ ۖ فَكُلُوا مِنْهَا وَأَطْعِمُوا الْبَائِسَ الْفَقِيرَ
မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ရွတ်ဖတ်)တသကြအံ့သောငှာလည်းကောင်း၊ ထို့နောက်(တမန်တော်မြတ်၏တပည့်သားတို့)(အသင်)တို့လည်း ယင်းတိရစ္ဆာန်များအနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ မရှိဆင်းရဲသောဒုက္ခိတများအားလည်း ကျွေးမွေးကြလေကုန်။
29 ثُمَّ لْيَقْضُوا تَفَثَهُمْ وَلْيُوفُوا نُذُورَهُمْ وَلْيَطَّوَّفُوا بِالْبَيْتِ الْعَتِيقِ
ထို့နောက် ၎င်းတို့သည် ကြေးညှော်ကို(သုတ်သင်)ပယ်ရှားကြရမည်။ ထို့ပြင် မိမိတို့၏(တာဝန်များ)အဓိဋ္ဌာန်များကို ပြီးဆုံးအောင် ဆောင်ရွက်ကြရမည်။ ထိုမှတစ်ပါး ရှေးကျသောအိမ်(ကအ်ဗဟ်ကျောင်း)တော်ကို တွဝါဖ် လှည့်ကြရမည်ဖြစ်ချေသတည်း။
30 ذَٰلِكَ وَمَن يُعَظِّمْ حُرُمَاتِ اللَّهِ فَهُوَ خَيْرٌ لَّهُ عِندَ رَبِّهِ ۗ وَأُحِلَّتْ لَكُمُ الْأَنْعَامُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَاجْتَنِبُوا الرِّجْسَ مِنَ الْأَوْثَانِ وَاجْتَنِبُوا قَوْلَ الزُّورِ
(အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အကောင်းဆုံးပင်ဖြစ်ပေသည်။ စင်စစ် အသင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီးဖြစ်သော တိရစ္ဆာန်များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန်များကို အသင်တို့အဖို့ "ဟလာလ်" တရားဝင် (စားသုံး)ခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ဆင်းတုများတည်းဟူသော အညစ်အကြေးမှ ရှောင်ရှား ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် မုသားပြောဆိုခြင်းမှလည်း ကြည်ရှောင်ကြလေကုန်။
ဘာသာပြန် — အလ်-ဟဂ်ျ 28 စူရာ အလ်-ဟဂ်ျ အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင်…
စူရာ အာယာသ် 28/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.