ذَٰلِكَ وَمَن يُعَظِّمْ حُرُمَاتِ اللَّهِ فَهُوَ خَيْرٌ لَّهُ عِندَ رَبِّهِ ۗ وَأُحِلَّتْ لَكُمُ الْأَنْعَامُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَاجْتَنِبُوا الرِّجْسَ مِنَ الْأَوْثَانِ وَاجْتَنِبُوا قَوْلَ الزُّورِ ٣٠
🔤 Transliteration
Zaalika wa mai yu`azzim hurumaatil laahi fahuwa khairul lahoo `inda Rabbih; wa uhillat lakumul an`aamu illaa maa yutlaa `alaikum fajtanibur rijsa minal awsaani wajtaniboo qawlaz zoor
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အကောင်းဆုံးပင်ဖြစ်ပေသည်။ စင်စစ် အသင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီးဖြစ်သော တိရစ္ဆာန်များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန်များကို အသင်တို့အဖို့ "ဟလာလ်" တရားဝင် (စားသုံး)ခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ဆင်းတုများတည်းဟူသော အညစ်အကြေးမှ ရှောင်ရှား ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် မုသားပြောဆိုခြင်းမှလည်း ကြည်ရှောင်ကြလေကုန်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ ဟုရုမာသ် (حُرُمَاتِ ) — ချိုးဖောက်ရန် မသင့်သော သန့်ရှင်းမြင့်မြတ်သည့် အရာများ၊ ကန့်သတ်ချက်များ။ရိဂျ်စ် (الرِّجْسَ ) — ညစ်ညမ်းမှု၊ ရွံရှာဖွယ်ရာ၊ မသန့်ရှင်းသော အရာ။အလ်-အောင်သာန် (الْأَوْثَانِ ) — ရုပ်တုများ၊ ဆင်းတုများ။ကောင်လုဇ်ဇူရ် (قَوْلَ الزُّورِ ) — မှားယွင်းသော စကား၊ မုသားစကား၊ မဟုတ်မမှန်သော စကား။အလ်-အန်အာမ် (الْأَنْعَامُ ) — ကုလားအုတ်၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များ။၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက် ဤအာယသ်တော်သည် ဟဂ်ျပြုသူများအား ဆံပင်ရိတ်ခြင်း၊ လက်သည်းညှပ်ခြင်း၊ ညစ်ပတ်မှုများ ဖယ်ရှားခြင်း၊ သစ္စာပြုထားသည့် ကတိများ ဖြည့်ဆည်းခြင်း၊ ကအ်ဗဟ်ကျောင်းတော်ကို သဝါးဖ် လုပ်ခြင်း စသည့် ဟဂ်ျ၏ လုပ်ငန်းတာဝန်များကို ညွှန်ပြပြီး၊ ယင်းတို့ကို လေးစားလိုက်နာရန် တိုက်တွန်းထားသည်။
အလ္လာဟ်အရှင်မြတ် ချိုးဖောက်ရန် မသင့်သော သန့်ရှင်းမြင့်မြတ်သည့် အရာများကို မည်သူမဆို လေးစားတန်ဖိုးထားပြီး ရှောင်ကြဉ်လိုက်နာပါက၊ ယင်းသည် သူ့အတွက် ဤလောကနှင့် နောင်လောကတွင် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ အကောင်းဆုံးသော အကျိုးကျေးဇူးဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ကုလားအုတ်၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များကို စားသုံးခွင့် ပြုတော်မူခဲ့သည်။ သို့သော် ကုရ်အာန်တွင် ဖတ်ကြားပြသထားသည့် သေကောင်ကဲ့သို့သော ဟရာမ်ဖြစ်သည့် အရာများမှ အပ ဖြစ်သည်။ ဤသည်က အာရဗ်လူမျိုးများ မိမိတို့အလိုအရ တားမြစ်ထားခဲ့ကြသည့် တိရစ္ဆာန်အချို့ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ရုပ်တုများဖြစ်သည့် ညစ်ညမ်းမှုမှ ရှောင်ကြဉ်ကြလော့။ အလ္လာဟ်အရှင်မြတ်နှင့် သူ၏ဖန်ဆင်းခံများအပေါ် လုပ်ကြံပြောဆိုခြင်းဖြစ်သည့် မုသားစကားမှလည်း ရှောင်ကြဉ်ကြလော့။
၃။ ဤအာယသ်တော်မှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသော သန့်ရှင်းမြင့်မြတ်သည့် အရာများကို လေးစားတန်ဖိုးထားခြင်းသည် လူသားအတွက် ဤလောကနှင့် နောင်လောကတွင် ကောင်းကျိုးချမ်းသာကို ယူဆောင်ပေးသည်။ အစ္စလာမ
ذَٰلِكَۖ وَمَن يُعَظِّمۡ حُرُمَٰتِ ٱللَّهِ فَهُوَ خَيۡرٌ لَّهُۥ عِندَ رَبِّهِۦۗ وَأُحِلَّتۡ لَكُمُ ٱلۡأَنۡعَٰمُ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡۖ فَٱجۡتَنِبُواْ ٱلرِّجۡسَ مِنَ ٱلۡأَوۡثَٰنِ وَٱجۡتَنِبُواْ قَوۡلَ ٱلزُّورِ ٣٠
(အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အကောင်းဆုံးပင်ဖြစ်ပေသည်။ စင်စစ် အသင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီးဖြစ်သော တိရစ္ဆာန်များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန်များကို အသင်တို့အဖို့ "ဟလာလ်" တရားဝင် (စားသုံး)ခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ဆင်းတုများတည်းဟူသော အညစ်အကြေးမှ ရှောင်ရှား ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် မုသားပြောဆိုခြင်းမှလည်း ကြည်ရှောင်ကြလေကုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 28-32 — စူရာ အလ်-ဟဂ်ျ
28 لِّيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ فِي أَيَّامٍ مَّعْلُومَاتٍ عَلَىٰ مَا رَزَقَهُم مِّن بَهِيمَةِ الْأَنْعَامِ ۖ فَكُلُوا مِنْهَا وَأَطْعِمُوا الْبَائِسَ الْفَقِيرَ
မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ရွတ်ဖတ်)တသကြအံ့သောငှာလည်းကောင်း၊ ထို့နောက်(တမန်တော်မြတ်၏တပည့်သားတို့)(အသင်)တို့လည်း ယင်းတိရစ္ဆာန်များအနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ မရှိဆင်းရဲသောဒုက္ခိတများအားလည်း ကျွေးမွေးကြလေကုန်။
29 ثُمَّ لْيَقْضُوا تَفَثَهُمْ وَلْيُوفُوا نُذُورَهُمْ وَلْيَطَّوَّفُوا بِالْبَيْتِ الْعَتِيقِ
ထို့နောက် ၎င်းတို့သည် ကြေးညှော်ကို(သုတ်သင်)ပယ်ရှားကြရမည်။ ထို့ပြင် မိမိတို့၏(တာဝန်များ)အဓိဋ္ဌာန်များကို ပြီးဆုံးအောင် ဆောင်ရွက်ကြရမည်။ ထိုမှတစ်ပါး ရှေးကျသောအိမ်(ကအ်ဗဟ်ကျောင်း)တော်ကို တွဝါဖ် လှည့်ကြရမည်ဖြစ်ချေသတည်း။
30 ذَٰلِكَ وَمَن يُعَظِّمْ حُرُمَاتِ اللَّهِ فَهُوَ خَيْرٌ لَّهُ عِندَ رَبِّهِ ۗ وَأُحِلَّتْ لَكُمُ الْأَنْعَامُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَاجْتَنِبُوا الرِّجْسَ مِنَ الْأَوْثَانِ وَاجْتَنِبُوا قَوْلَ الزُّورِ
(အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အကောင်းဆုံးပင်ဖြစ်ပေသည်။ စင်စစ် အသင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီးဖြစ်သော တိရစ္ဆာန်များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန်များကို အသင်တို့အဖို့ "ဟလာလ်" တရားဝင် (စားသုံး)ခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ဆင်းတုများတည်းဟူသော အညစ်အကြေးမှ ရှောင်ရှား ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် မုသားပြောဆိုခြင်းမှလည်း ကြည်ရှောင်ကြလေကုန်။
31 حُنَفَاءَ لِلَّهِ غَيْرَ مُشْرِكِينَ بِهِ ۚ وَمَن يُشْرِكْ بِاللَّهِ فَكَأَنَّمَا خَرَّ مِنَ السَّمَاءِ فَتَخْطَفُهُ الطَّيْرُ أَوْ تَهْوِي بِهِ الرِّيحُ فِي مَكَانٍ سَحِيقٍ
(တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ် ဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ကြလျက် (မည်သည့် တစ်စုံတစ်ရာကိုမျှပင်) ထိုအရှင်မြတ်နှင့် တွဲဖက်(နှိုင်းယှဉ် ကိုးကွယ်)သူများ မဖြစ်ကြဘဲ။ စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ပါလျှင် ထိုသူသည် မိုးကောင်းကင်မှ ကျလာဘိသကဲ့သို့ပင်။ ထို့နောက် ၎င်းအား (အသေသားစားသော) ငှက်တိရစ္ဆာန်များက သုတ်ယူမည်ဖြစ်ပေသည်။ သို့တည်းမဟုတ် လေသည် ၎င်းအားဝေးလံစွာသောနေရာသို့ (ပို့ဆောင်) ပစ်ချေမည်ပင် ဖြစ်ချေသတည်း။
32 ذَٰلِكَ وَمَن يُعَظِّمْ شَعَائِرَ اللَّهِ فَإِنَّهَا مِن تَقْوَى الْقُلُوبِ
(အမိန့်တော်သည်)ဤသည်ပင်၊ စင်စစ်မူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် စိတ်နှလုံးများမှ ရိုသေလိုက်နာမှုပင်ဖြစ်ပေသည်။
ဘာသာပြန် — အလ်-ဟဂ်ျ 30 စူရာ အလ်-ဟဂ်ျ အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား…
စူရာ အာယာသ် 30/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.