အလ်-ဖူရ်ကာန် · 2/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَلَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُن لَّهُ شَرِيكٌ فِي الْمُلْكِ وَخَلَقَ كُلَّ شَيْءٍ فَقَدَّرَهُ تَقْدِيرًا ۝٢
Allazee lahoo mulkus samaawaati wal ardi wa lam yattakhiz waladanw wa lam yakul lahoo shareekun filmulki wa khalaqa kulla shai`in faqaddarahoo taqdeeraa
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • مُلْكُ (မုလ်က်) — ပိုင်ဆိုင်မှု၊ အုပ်စိုးမှု၊ အချုပ်အခြာအာဏာ။
  • يَتَّخِذْ (ယတ္တခိဇ်) — မိမိအတွက် ယူသည်၊ သတ်မှတ်သည်။
  • شَرِيكٌ (ရှရီက်) — ဖက်စပ်၊ တွဲဖက်၊ ပါဝင်သူ။
  • فَقَدَّرَهُ تَقْدِيرًا (ဖကဒ္ဒရဟု တက္ဒီရန်) — ထိုအရာကို တိကျစွာ သတ်မှတ်ပြီး စီစဉ်ပေးသည်၊ သင့်လျော်စွာ ဖန်တီးပေးသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းသော အနန္တတန်ခိုးတော်နှင့် ပိုင်ဆိုင်မှုကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ မိုးကောင်းကင်များနှင့် ကမ္ဘာမြေတစ်ခုလုံး၏ အချုပ်အခြာအာဏာသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအတွက်သာ ဖြစ်သည်။ အရှင်မြတ်သည် သားသမီးတစ်ဦးတစ်ယောက်ကိုမျှ မိမိအတွက် မယူဆောင်ခဲ့ပါ။ အရှင်မြတ်၏ အုပ်စိုးမှုတွင် မည်သည့်ဖက်စပ်တစ်ဦးတစ်ယောက်မျှ မရှိပါ။ အရှင်မြတ်သည် အရာအားလုံးကို ဖန်ဆင်းတော်မူပြီး ထိုဖန်ဆင်းခံအရာတစ်ခုစီကို မိမိ၏ ဉာဏ်ပညာတော်နှင့်အညီ တိကျစွာ သတ်မှတ်စီစဉ်ပေးတော်မူခဲ့သည်။ မည်သည့်အရာမျှ ချို့ယွင်းမှုမရှိဘဲ မိမိတို့၏ တာဝန်နှင့် သဘာဝနှင့်အညီ ဖြစ်တည်လျက်ရှိကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်ကြောင်း၊ အရှင်မြတ်နှင့် တွဲဖက်တုပြိုင်မည့် မည်သည့်အရာမျှ မရှိကြောင်း နားလည်စေသည်။
  • အရှင်မြတ်သည် သားသမီးမရှိကြောင်း သိရှိခြင်းဖြင့် အစ္စလာမ်၏ တစ်ဆူတည်းသော ယုံကြည်မှု (တောင်ဟီးဒ်) ကို ခိုင်မာစေသည်။
  • စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းပြီး တိကျစွာ စီစဉ်ပေးထားသော အရှင်မြတ်၏ ဉာဏ်ပညာတော်ကို ရှုမြင်ခြင်းဖြင့် အရှင်မြတ်အပေါ် ချစ်ခင်ရိုသေမှု တိုးပွားစေသည်။
  • အရာအားလုံးကို ဖန်ဆင်းပြီး သတ်မှတ်ပေးထားသော အရှင်မြတ်သည် လူသားများကိုလည်း ကြည့်ရှုစောင့်ရှောက်တော်မူကြောင်း ယုံကြည်စိတ်ချမှု ဖြစ်ပေါ်စေသည်။
  • ဤအာယသ်တော်ကို ဖတ်ရှုဆင်ခြင်ခြင်းဖြင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ပိုမိုနှစ်သက်မြတ်နိုးလာစေပြီး အရှင်မြတ်ကို ချစ်ခင်ယုံကြည်မှု ပိုမိုခိုင်မာလာစေသည်။


📜 အာယာသ် 1-4 — စူရာ အလ်-ဖူရ်ကာန်

1تَبَارَكَ الَّذِي نَزَّلَ الْفُرْقَانَ عَلَىٰ عَبْدِهِ لِيَكُونَ لِلْعَالَمِينَ نَذِيرًا
အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို မိမိ၏ကျွန်အပေါ်၀ယ် ချပေးသနားတော်မူခဲ့သော အရှင်မြတ်သည် ကောင်းချီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါပေသည်။ သို့ချပေးသနားတော်မူခြင်းမှာ ထိုကျွန်(ဝါ)တမန်တော်မုဟမ္မဒ်)သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ ချပေးသနားတော်မူခြင်းပင် ဖြစ်ပေသည်။ (တစ်နည်း) မိမိကျွန်၏ အပေါ်ဝယ် ထိုကျွန်သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို ချပေးသနားတော်မူသော အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါပေသည်။
2الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَلَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُن لَّهُ شَرِيكٌ فِي الْمُلْكِ وَخَلَقَ كُلَّ شَيْءٍ فَقَدَّرَهُ تَقْدِيرًا
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။
3وَاتَّخَذُوا مِن دُونِهِ آلِهَةً لَّا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ وَلَا يَمْلِكُونَ لِأَنفُسِهِمْ ضَرًّا وَلَا نَفْعًا وَلَا يَمْلِكُونَ مَوْتًا وَلَا حَيَاةً وَلَا نُشُورًا
သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်းခံကြရလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပက်သက်၍ပင် မည်သည့် အကျိုးယုတ်စေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်၊ မည်သည့် အကျိုးဖြစ်ထွန်းစေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး (တစ်စုံတစ်ယောက်အား) အသက်သေဆုံးခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) အသက်ရှင်စေခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) ရှင်ပြန်ထစေခြင်းကိုလည်းကောင်း၊ အလျှင်း ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေတကား။
4وَقَالَ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا إِفْكٌ افْتَرَاهُ وَأَعَانَهُ عَلَيْهِ قَوْمٌ آخَرُونَ ۖ فَقَدْ جَاءُوا ظُلْمًا وَزُورًا
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့က ဤ "ကုရ်အာန်ကျမ်းတော်မြတ်" သည် ဤသူ (တမန်တော်မြတ်) လီဆယ်ဖန်တီးထားသော မုသားသက်သက်ပင်ဖြစ်သည်။ ဤကိစ္စ၌ ၎င်းအား အခြားအမျိုးသားများကလည်း ကူညီရိုင်းပင်းခဲ့ကြသည်ဟု ပြောဆိုကြလေသည်။ (ယင်းသို့ ပြောဆို၍) ထိုကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြီးအကျယ် မတရားမှုကိုလည်းကောင်း၊ အကြီးအကျယ် မုသား စကားကိုလည်းကောင်း၊ ကျူးလွန်ခဲ့ကြလေပြီ။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
2အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 2

စူရာ အလ်-ဖူရ်ကာန် အာယာသ် 2 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ်…

စူရာ အာယာသ် 2/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 1–4. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers