အလ်-ဖူရ်ကာန် · 3/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
وَاتَّخَذُوا مِن دُونِهِ آلِهَةً لَّا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ وَلَا يَمْلِكُونَ لِأَنفُسِهِمْ ضَرًّا وَلَا نَفْعًا وَلَا يَمْلِكُونَ مَوْتًا وَلَا حَيَاةً وَلَا نُشُورًا ۝٣
Wattakhazoo min dooniheee aahihatal laa yakhluqoona shai`anw wa hum yukhlaqoona wa laa yamlikoona li anfusihim darranw wa laa naf`anw wa laa yamlikoona mawtanw wa laa hayaatanw wa laa nushooraa
📖 မြန်မာဘာသာ
သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်းခံကြရလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပက်သက်၍ပင် မည်သည့် အကျိုးယုတ်စေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်၊ မည်သည့် အကျိုးဖြစ်ထွန်းစေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး (တစ်စုံတစ်ယောက်အား) အသက်သေဆုံးခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) အသက်ရှင်စေခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) ရှင်ပြန်ထစေခြင်းကိုလည်းကောင်း၊ အလျှင်း ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 1-5 — စူရာ အလ်-ဖူရ်ကာန်

1تَبَارَكَ الَّذِي نَزَّلَ الْفُرْقَانَ عَلَىٰ عَبْدِهِ لِيَكُونَ لِلْعَالَمِينَ نَذِيرًا
အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို မိမိ၏ကျွန်အပေါ်၀ယ် ချပေးသနားတော်မူခဲ့သော အရှင်မြတ်သည် ကောင်းချီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါပေသည်။ သို့ချပေးသနားတော်မူခြင်းမှာ ထိုကျွန်(ဝါ)တမန်တော်မုဟမ္မဒ်)သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ ချပေးသနားတော်မူခြင်းပင် ဖြစ်ပေသည်။ (တစ်နည်း) မိမိကျွန်၏ အပေါ်ဝယ် ထိုကျွန်သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို ချပေးသနားတော်မူသော အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါပေသည်။
2الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَلَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُن لَّهُ شَرِيكٌ فِي الْمُلْكِ وَخَلَقَ كُلَّ شَيْءٍ فَقَدَّرَهُ تَقْدِيرًا
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။
3وَاتَّخَذُوا مِن دُونِهِ آلِهَةً لَّا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ وَلَا يَمْلِكُونَ لِأَنفُسِهِمْ ضَرًّا وَلَا نَفْعًا وَلَا يَمْلِكُونَ مَوْتًا وَلَا حَيَاةً وَلَا نُشُورًا
သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်းခံကြရလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပက်သက်၍ပင် မည်သည့် အကျိုးယုတ်စေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်၊ မည်သည့် အကျိုးဖြစ်ထွန်းစေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး (တစ်စုံတစ်ယောက်အား) အသက်သေဆုံးခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) အသက်ရှင်စေခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) ရှင်ပြန်ထစေခြင်းကိုလည်းကောင်း၊ အလျှင်း ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေတကား။
4وَقَالَ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا إِفْكٌ افْتَرَاهُ وَأَعَانَهُ عَلَيْهِ قَوْمٌ آخَرُونَ ۖ فَقَدْ جَاءُوا ظُلْمًا وَزُورًا
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့က ဤ "ကုရ်အာန်ကျမ်းတော်မြတ်" သည် ဤသူ (တမန်တော်မြတ်) လီဆယ်ဖန်တီးထားသော မုသားသက်သက်ပင်ဖြစ်သည်။ ဤကိစ္စ၌ ၎င်းအား အခြားအမျိုးသားများကလည်း ကူညီရိုင်းပင်းခဲ့ကြသည်ဟု ပြောဆိုကြလေသည်။ (ယင်းသို့ ပြောဆို၍) ထိုကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြီးအကျယ် မတရားမှုကိုလည်းကောင်း၊ အကြီးအကျယ် မုသား စကားကိုလည်းကောင်း၊ ကျူးလွန်ခဲ့ကြလေပြီ။
5وَقَالُوا أَسَاطِيرُ الْأَوَّلِينَ اكْتَتَبَهَا فَهِيَ تُمْلَىٰ عَلَيْهِ بُكْرَةً وَأَصِيلًا
၎င်းပြင် ထိုကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က"(ဤကုရ်အာန်ကျမ်းမြတ်သည်)ဤသူ ရေးမှတ်စေခဲ့သော ရှေးသူဟောင်းတို့၏ အခြေအမြစ် မရှိသောပုံပြင်များသာ ဖြစ်သည်။ တစ်ဖန် ထိုအခြေအမြစ်မရှိသော၊ ပုံပြင်များကို ဤသူ၏ရှေ့ဝယ် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း ဖတ်ကြားရလေသည်" ဟု ပြောဆိုကြကုန်၏။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
3အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 3

စူရာ အလ်-ဖူရ်ကာန် အာယာသ် 3 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင်…

စူရာ အာယာသ် 3/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 1–5. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers