وَإِذَا سَمِعُوا اللَّغْوَ أَعْرَضُوا عَنْهُ وَقَالُوا لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ سَلَامٌ عَلَيْكُمْ لَا نَبْتَغِي الْجَاهِلِينَ ٥٥
🔤 Transliteration
Wa izaa sami`ul laghwa a`radoo `anhu wa qaaloo lanaaa a`maalunaa wa lakum a`maalukum salaamun `alaikum laa nabtaghil jaahileen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့မှာ အချည်းနှီးသောစကားကို ကြားကြလေသောအခါ ထိုအချည်းနှီးသောစကားမှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် ကျွန်ုပ်တို့၏ အပြုအမူများသည် ကျွန်ုပ်တို့အဖို့ဖြစ်၍ အသင်တို့၏ အပြုအမူများမှာ အသင်တို့အဖို့ ဖြစ်သည်။ ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ ရှိပါစေ။ကျွန်ုပ်တို့သည် အသိပညာ ကင်းမဲ့သူတို့အား အလိုမရှိကြပြီဟု ပြောဆိုခဲ့ကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
၁) အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ اللَّغْوَ (အလ်လဂ်ဝါ) — အဓိပ္ပာယ်မရှိသော၊ အကျိုးမဲ့သော၊ ညစ်ညမ်းသော စကားများ။أَعْرَضُوا (အာအ်ရဒူ) — မျက်နှာလွှဲထွက်သွားကြသည်၊ ဂရုမစိုက်ဘဲ လျစ်လျူရှုကြသည်။سَلَامٌ عَلَيْكُمْ (စလာမွန် အလိုင်ကွမ်) — ဤနေရာတွင် နှုတ်ဆက်ခြင်း၏ စလာမ်မဟုတ်ဘဲ၊ ခွဲခွာခြင်း၏ စလာမ်ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့ထံမှ ဘေးအန္တရာယ်မှ ကင်းဝေးပါစေ၊ ငါတို့သည် သင်တို့နှင့် မထိပါးလိုပါဟု ဆိုလိုသည်။نَبْتَغِي (နဗ်သဂီ) — ရှာဖွေသည်၊ လိုလားသည်၊ တောင့်တသည်။الْجَاهِلِينَ (အလ်ဂျာဟိလီန်) — မိုက်မဲသူများ၊ အသိပညာမဲ့သူများ။၂) အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ယခင်အာယသ်များတွင် ဖော်ပြခဲ့သော ယုံကြည်သူများ၏ ဂုဏ်ရည်လက္ခဏာများကို ဆက်လက်ဖော်ပြထားခြင်းဖြစ်သည်။ ထိုသူများသည် အကျိုးမဲ့သော၊ ညစ်ညမ်းသော စကားများကို ကြားသောအခါ ထိုစကားများကို လုံးဝဂရုမစိုက်ဘဲ မျက်နှာလွှဲထွက်သွားကြသည်။ ထိုသို့သော စကားများကို ပြောဆိုသူများကို သူတို့က ဤသို့ဆိုကြသည် — ငါတို့၏ လုပ်ရပ်များ၏ အကျိုးဆက်သည် ငါတို့အတွက်သာ ဖြစ်သည်။ သင်တို့၏ လုပ်ရပ်များ၏ အကျိုးဆက်သည်လည်း သင်တို့အတွက်သာ ဖြစ်သည်။ ငါတို့သည် သင်တို့ထံမှ ဘေးအန္တရာယ်မှ ကင်းဝေးပါစေ။ ငါတို့သည် မိုက်မဲသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို မလိုလားပါ။
ဆိုလိုသည်မှာ ထိုယုံကြည်သူများသည် မိမိတို့၏ ယုံကြည်ခြင်းကို ထိန်းသိမ်းရာတွင် အလွန်ခိုင်မာကြပြီး၊ သူတို့၏ ကိုယ်ကျင့်တရားသည် မြင့်မားလှသည်။ သူတို့သည် မိမိတို့ကို စော်ကားပြောဆိုသူများကိုပင် ပြန်လည်စော်ကားခြင်းမပြုဘဲ၊ ငါတို့သည် သင်တို့၏ မိုက်မဲမှုများတွင် ပါဝင်လိုခြင်းမရှိပါဟု ယဉ်ကျေးစွာ ပြန်လည်ဖြေကြားကြသည်။ ဤသည်မှာ အစ္စလာမ်သာသနာကို ဖိတ်ခေါ်သူများအတွက် အကောင်းဆုံး စံပြပုံစံဖြစ်သည်။ သူတို့သည် မိမိတို့၏ အချိန်နှင့် စွမ်းအင်ကို အကျိုးမဲ့သော ငြင်းခုံမှုများတွင် မကုန်ဆုံးစေဘဲ၊ အကျိုးရှိသော လုပ်ရပ်များတွင်သာ မြှုပ်နှံကြသည်။
**၃) ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို နှစ်သက်စေသော သင်ခ
وَإِذَا سَمِعُواْ ٱللَّغۡوَ أَعۡرَضُواْ عَنۡهُ وَقَالُواْ لَنَآ أَعۡمَٰلُنَا وَلَكُمۡ أَعۡمَٰلُكُمۡ سَلَٰمٌ عَلَيۡكُمۡ لَا نَبۡتَغِي ٱلۡجَٰهِلِينَ ٥٥
ထို့ပြင် ၎င်းတို့မှာ အချည်းနှီးသောစကားကို ကြားကြလေသောအခါ ထိုအချည်းနှီးသောစကားမှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် ကျွန်ုပ်တို့၏ အပြုအမူများသည် ကျွန်ုပ်တို့အဖို့ဖြစ်၍ အသင်တို့၏ အပြုအမူများမှာ အသင်တို့အဖို့ ဖြစ်သည်။ ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ ရှိပါစေ။ကျွန်ုပ်တို့သည် အသိပညာ ကင်းမဲ့သူတို့အား အလိုမရှိကြပြီဟု ပြောဆိုခဲ့ကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 53-57 — စူရာ အလ်-ကစာစ်
53 وَإِذَا يُتْلَىٰ عَلَيْهِمْ قَالُوا آمَنَّا بِهِ إِنَّهُ الْحَقُّ مِن رَّبِّنَا إِنَّا كُنَّا مِن قَبْلِهِ مُسْلِمِينَ
ထို့ပြင် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ၎င်းတို့ရှေ့ဝယ် ဖတ်ကြားသောအခါ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ပါပြီ။ ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းမြတ်)သည် ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ထုတ်ပြန်တော်မူသည့်) အမှန်တရားပင် ဖြစ်ပါသည်။ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်မကျရောက်မီ) အလျင်ကပင် ‘မွတ်စ်လင်မ်’ အမိန့်တော်ကိုလိုက်နာသူများ ဖြစ်ခဲ့ကြပါသည်ဟု ပြောဆိုခဲ့ကြကုန်၏။
54 أُولَٰئِكَ يُؤْتَوْنَ أَجْرَهُم مَّرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ
ထိုသူတို့သည် ကြံ့ခိုင်စွာ ရှိခဲ့ကြခြင်းကြောင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြင့်(တုံ့ပြန်)တွန်းလှန်ကြ သောကြောင့်လည်းကောင်း၊ ၎င်းတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ သုံးစွဲလှူဒါန်းကြ သောကြောင့်လည်းကောင်း၊ မိမိတို့၏အကျိုးကို နှစ်ဆ ပေးသနားတော်မူခြင်း ခံကြရပေမည်။
55 وَإِذَا سَمِعُوا اللَّغْوَ أَعْرَضُوا عَنْهُ وَقَالُوا لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ سَلَامٌ عَلَيْكُمْ لَا نَبْتَغِي الْجَاهِلِينَ
ထို့ပြင် ၎င်းတို့မှာ အချည်းနှီးသောစကားကို ကြားကြလေသောအခါ ထိုအချည်းနှီးသောစကားမှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် ကျွန်ုပ်တို့၏ အပြုအမူများသည် ကျွန်ုပ်တို့အဖို့ဖြစ်၍ အသင်တို့၏ အပြုအမူများမှာ အသင်တို့အဖို့ ဖြစ်သည်။ ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ ရှိပါစေ။ကျွန်ုပ်တို့သည် အသိပညာ ကင်းမဲ့သူတို့အား အလိုမရှိကြပြီဟု ပြောဆိုခဲ့ကြကုန်သတည်း။
56 إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَن يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။
57 وَقَالُوا إِن نَّتَّبِعِ الْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَا ۚ أَوَلَمْ نُمَكِّن لَّهُمْ حَرَمًا آمِنًا يُجْبَىٰ إِلَيْهِ ثَمَرَاتُ كُلِّ شَيْءٍ رِّزْقًا مِّن لَّدُنَّا وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထိုမှတစ်ပါး ၎င်းတို့က ‘အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်ကြလျှင် ကျွန်ုပ်တို့မှာ မိမိတို့၏တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံကြရပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့အား ဘေးရန်ခပ်သိမ်းကင်းငြိမ်းသော အကြင် ‘ဟရမ်’ အတွင်း၌ အတည်တကျ နေရာချပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုဟရမ်သို့ အမျိုးမျိုးသောအသီးအနှံများသည် ငါအရှင်မြတ်၏အထံတော်မှ စားနပ်ရိက္ခာအဖြစ် သယ်ယူရောက်ရှိလာပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မသိနားမလည်ကြပေတကား။
ဘာသာပြန် — အလ်-ကစာစ် 55 စူရာ အလ်-ကစာစ် အာယာသ် 55 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့မှာ အချည်းနှီးသောစကားကို ကြားကြလေသောအခါ ထိုအချည်းနှီးသောစကားမှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် ကျွန်ုပ်တို့၏ အပြုအမူများသည် ကျွန်ုပ်တို့အဖို့ဖြစ်၍…
စူရာ အာယာသ် 55/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 53–57. မြန်မာဘာသာ: ภาษาไทย.