أُولَٰئِكَ يُؤْتَوْنَ أَجْرَهُم مَّرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ ٥٤
🔤 Transliteration
Ulaaa`ika yu`tawna ajrahum marratayni bimaa sabaroo wa yadra`oona bil hasanatis saiyi`ata wa mimmmaa razaq naahum yunfiqoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုသူတို့သည် ကြံ့ခိုင်စွာ ရှိခဲ့ကြခြင်းကြောင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြင့်(တုံ့ပြန်)တွန်းလှန်ကြ သောကြောင့်လည်းကောင်း၊ ၎င်းတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ သုံးစွဲလှူဒါန်းကြ သောကြောင့်လည်းကောင်း၊ မိမိတို့၏အကျိုးကို နှစ်ဆ ပေးသနားတော်မူခြင်း ခံကြရပေမည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်၏ ဝေါဟာရအဓိပ္ပာယ်များ أُولَٰئِكَ — ထိုသူများသည်၊ ဤဂုဏ်တော်များဖြင့် ဖော်ပြခံရသောသူများ။يُؤْتَوْنَ — ပေးခံရကြမည်၊ ချီးမြှင့်ခံရကြမည်။أَجْرَهُم — သူတို့၏အကျိုးကို၊ သူတို့၏ဆုလာဘ်ကို။مَرَّتَيْنِ — နှစ်ကြိမ်၊ နှစ်ဆ။بِمَا صَبَرُوا — သူတို့သည်းခံခဲ့ကြသည့်အတွက်ကြောင့်။يَدْرَءُونَ — တွန်းလှန်ဖယ်ရှားကြသည်၊ ဖျောက်ဖျက်ကြသည်။بِالْحَسَنَةِ — ကောင်းမှုဖြင့်၊ ကောင်းသောအပြုအမူဖြင့်။السَّيِّئَةَ — မကောင်းမှုကို၊ အကုသိုလ်ကို။رَزَقْنَاهُمْ — ငါအရှင်မြတ် ချီးမြှင့်ပေးအပ်ထားသော ရိက္ခာများထဲမှ။يُنفِقُونَ — သုံးစွဲလှူဒါန်းကြသည်။၂။ အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤဂုဏ်တော်များဖြင့် ဖော်ပြခံခဲ့ရသော သူများသည် မိမိတို့၏ ကောင်းမှုအကျိုးကို နှစ်ကြိမ်ပေးခံရမည်ဖြစ်သည်။ အကြောင်းမှာ သူတို့သည် မိမိတို့၏ ကျမ်းတော်ကို ယုံကြည်ခြင်း၊ ထို့နောက် တမန်တော်မုဟမ္မဒ် (ဆွ) အပေါ် ယုံကြည်ခြင်းတို့အတွက် သည်းခံခဲ့ကြသောကြောင့် ဖြစ်သည်။ သူတို့သည် ကောင်းမှုများဖြင့် မကောင်းမှုများကို တွန်းလှန်ဖယ်ရှားကြသည်။ ထို့အပြင် ငါအရှင်မြတ် ချီးမြှင့်ပေးအပ်ထားသော ရိက္ခာများထဲမှ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းကြသည်။
ဆိုလိုသည်မှာ ဤသူများသည် ယခင်ကျမ်းတော်များကို ယုံကြည်ခဲ့ကြပြီး နောက်ဆုံးကျမ်းတော် ကုရ်အာန်ကိုလည်း ယုံကြည်လက်ခံခဲ့ကြသဖြင့် သူတို့၏ ကောင်းမှုအကျိုးသည် နှစ်ဆဖြစ်သည်။ သူတို့သည် မိမိတို့၏ ကောင်းသောအပြုအမူများဖြင့် မိမိတို့ ကျူးလွန်မိခဲ့သော အပြစ်များကို ဖျောက်ဖျက်ကြသည်။ မိမိတို့ထံ ရောက်ရှိလာသော ရိက္ခာများထဲမှ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းကြသည်။ ဤအရည်အချင်းများသည် အစ္စလာမ်သာသနာကို ဖိတ်ခေါ်သူများ ပိုင်ဆိုင်သင့်သော အကောင်းဆုံးအရည်အချင်းများဖြစ်သည်။
၃။ ဤအာယသ်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ သည်းခံခြင်းသည် ကြီးမားသော အကျိုးဆုလာဘ်ကို ရရှိစေသည်။ သည်းခံသူများအတွက် အကျိုးသည် နှစ်ဆဖြစ်နိုင်သည်။ ယုံကြည်ခြင်းသည် ကျမ်းတစ်စောင်တည်းအတွက်မဟုတ်ဘဲ ကျမ်းအားလုံးကို လက်ခံယုံကြည်ခြင်းဖြစ်သည်။ ထိုသ
أُوْلَٰٓئِكَ يُؤۡتَوۡنَ أَجۡرَهُم مَّرَّتَيۡنِ بِمَا صَبَرُواْ وَيَدۡرَءُونَ بِٱلۡحَسَنَةِ ٱلسَّيِّئَةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ٥٤
ထိုသူတို့သည် ကြံ့ခိုင်စွာ ရှိခဲ့ကြခြင်းကြောင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြင့်(တုံ့ပြန်)တွန်းလှန်ကြ သောကြောင့်လည်းကောင်း၊ ၎င်းတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ သုံးစွဲလှူဒါန်းကြ သောကြောင့်လည်းကောင်း၊ မိမိတို့၏အကျိုးကို နှစ်ဆ ပေးသနားတော်မူခြင်း ခံကြရပေမည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 52-56 — စူရာ အလ်-ကစာစ်
52 الَّذِينَ آتَيْنَاهُمُ الْكِتَابَ مِن قَبْلِهِ هُم بِهِ يُؤْمِنُونَ
ဤ(ကုရ်အာန်ကျမ်းမြတ်)၏အလျင် ငါအရှင် ကျမ်းဂန်ချီးမြှင့် ပေးသနားတော်မူခဲ့သော သူတို့မှာကား ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ကြပေသည်။
53 وَإِذَا يُتْلَىٰ عَلَيْهِمْ قَالُوا آمَنَّا بِهِ إِنَّهُ الْحَقُّ مِن رَّبِّنَا إِنَّا كُنَّا مِن قَبْلِهِ مُسْلِمِينَ
ထို့ပြင် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ၎င်းတို့ရှေ့ဝယ် ဖတ်ကြားသောအခါ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ပါပြီ။ ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းမြတ်)သည် ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ထုတ်ပြန်တော်မူသည့်) အမှန်တရားပင် ဖြစ်ပါသည်။ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်မကျရောက်မီ) အလျင်ကပင် ‘မွတ်စ်လင်မ်’ အမိန့်တော်ကိုလိုက်နာသူများ ဖြစ်ခဲ့ကြပါသည်ဟု ပြောဆိုခဲ့ကြကုန်၏။
54 أُولَٰئِكَ يُؤْتَوْنَ أَجْرَهُم مَّرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ
ထိုသူတို့သည် ကြံ့ခိုင်စွာ ရှိခဲ့ကြခြင်းကြောင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြင့်(တုံ့ပြန်)တွန်းလှန်ကြ သောကြောင့်လည်းကောင်း၊ ၎င်းတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ သုံးစွဲလှူဒါန်းကြ သောကြောင့်လည်းကောင်း၊ မိမိတို့၏အကျိုးကို နှစ်ဆ ပေးသနားတော်မူခြင်း ခံကြရပေမည်။
55 وَإِذَا سَمِعُوا اللَّغْوَ أَعْرَضُوا عَنْهُ وَقَالُوا لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ سَلَامٌ عَلَيْكُمْ لَا نَبْتَغِي الْجَاهِلِينَ
ထို့ပြင် ၎င်းတို့မှာ အချည်းနှီးသောစကားကို ကြားကြလေသောအခါ ထိုအချည်းနှီးသောစကားမှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် ကျွန်ုပ်တို့၏ အပြုအမူများသည် ကျွန်ုပ်တို့အဖို့ဖြစ်၍ အသင်တို့၏ အပြုအမူများမှာ အသင်တို့အဖို့ ဖြစ်သည်။ ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ ရှိပါစေ။ကျွန်ုပ်တို့သည် အသိပညာ ကင်းမဲ့သူတို့အား အလိုမရှိကြပြီဟု ပြောဆိုခဲ့ကြကုန်သတည်း။
56 إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَن يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။
ဘာသာပြန် — အလ်-ကစာစ် 54 စူရာ အလ်-ကစာစ် အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူတို့သည် ကြံ့ခိုင်စွာ ရှိခဲ့ကြခြင်းကြောင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြင့်(တုံ့ပြန်)တွန်းလှန်ကြ သောကြောင့်လည်းကောင်း၊ ၎င်းတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ…
စူရာ အာယာသ် 54/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.