အလ်-အန်ကာဘူတ် · 10/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَمِنَ النَّاسِ مَن يَقُولُ آمَنَّا بِاللَّهِ فَإِذَا أُوذِيَ فِي اللَّهِ جَعَلَ فِتْنَةَ النَّاسِ كَعَذَابِ اللَّهِ وَلَئِن جَاءَ نَصْرٌ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ ۚ أَوَلَيْسَ اللَّهُ بِأَعْلَمَ بِمَا فِي صُدُورِ الْعَالَمِينَ ۝١٠
Wa minan naasi many yaqoolu aamannaa billaahi faizaaa ooziya fil laahi ja`ala fitnatan naasi ka`azaabil laahi wa la`in jaaa`a nasrum mir Rabbika la yaqoolunna innaa kunnaa ma`akum; awa laisal laahu bi a`lama bimaa fee surdooril `aalameen
📖 မြန်မာဘာသာ
လူတို့တွင် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ" ဟု ပြောဆိုသူများလည်း ရှိကြပေသည်။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏လမ်းတော်၌) ဒုက္ခပေးခြင်းကို ခံခဲ့ကြရသောအခါ ၎င်းတို့သည် လူတို့၏ဒုက္ခပေးမှုကို အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကဲ့သို့ပင် ထင်မှတ်ယူဆကြလေသည်။ သို့ရာတွင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကူညီစောင်မမှု တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်ရှိသော် ၎င်းတို့က ‘ကျွန်ုပ်တို့သည်လည်း ဧကန်အမှန် အသင်တို့နှင့် အတူရှိခဲ့ကြပေသည်’ ဟု မုချဧကန် ပြောဆိုကြ ကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့၏စိတ်နှလုံးများအတွင်း ရှိသည်တို့ကို အသိတော်မူဆုံးပင် မဟုတ်ပါလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 8-12 — စူရာ အလ်-အန်ကာဘူတ်

8وَوَصَّيْنَا الْإِنسَانَ بِوَالِدَيْهِ حُسْنًا ۖ وَإِن جَاهَدَاكَ لِتُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۚ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား(ဤသို့)အမိန့်ပေးတော်မူ၏။ အသင်သည် မိမိ၏ မိဘနှစ်ပါးတို့အား ကောင်းစွာပြုစုရမည်။ သို့ရာတွင် အကယ်၍ အသင်၌ အသိပညာ(သက်သေအထောက်အထား) မည်သည့်တစ်စုံတစ်ရာမျှ မရှိသောအရာကို အသင့်အား ငါအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးပမ်းအားထုတ်ခဲ့ကြလျှင် အသင်သည်(ယင်းတွဲဖက် ကိုးကွယ်မှုနှင့်စပ်လျဉ်း၍) ထိုမိဘနှစ်ပါး၏ စကားကို မလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိခဲ့ကြကုန်သော အမှုကိစ္စ(အလုံးစုံ)တို့နှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်။
9وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُدْخِلَنَّهُمْ فِي الصَّالِحِينَ
၎င်းပြင် ‘အီမာန်’သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား ဧကန်စင်စစ် ငါအရှင်မြတ်သည် သူမွန်သူမြတ်တို့တွင် ဝင်ရောက်စေတော် မူအံ့သတည်း။
10وَمِنَ النَّاسِ مَن يَقُولُ آمَنَّا بِاللَّهِ فَإِذَا أُوذِيَ فِي اللَّهِ جَعَلَ فِتْنَةَ النَّاسِ كَعَذَابِ اللَّهِ وَلَئِن جَاءَ نَصْرٌ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ ۚ أَوَلَيْسَ اللَّهُ بِأَعْلَمَ بِمَا فِي صُدُورِ الْعَالَمِينَ
လူတို့တွင် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ" ဟု ပြောဆိုသူများလည်း ရှိကြပေသည်။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏လမ်းတော်၌) ဒုက္ခပေးခြင်းကို ခံခဲ့ကြရသောအခါ ၎င်းတို့သည် လူတို့၏ဒုက္ခပေးမှုကို အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကဲ့သို့ပင် ထင်မှတ်ယူဆကြလေသည်။ သို့ရာတွင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကူညီစောင်မမှု တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်ရှိသော် ၎င်းတို့က ‘ကျွန်ုပ်တို့သည်လည်း ဧကန်အမှန် အသင်တို့နှင့် အတူရှိခဲ့ကြပေသည်’ ဟု မုချဧကန် ပြောဆိုကြ ကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့၏စိတ်နှလုံးများအတွင်း ရှိသည်တို့ကို အသိတော်မူဆုံးပင် မဟုတ်ပါလော။
11وَلَيَعْلَمَنَّ اللَّهُ الَّذِينَ آمَنُوا وَلَيَعْلَمَنَّ الْمُنَافِقِينَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ‘မုနာဖစ်က်’ အယောင်ဆောင်တို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူအံ့သတည်း။
12وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا اتَّبِعُوا سَبِيلَنَا وَلْنَحْمِلْ خَطَايَاكُمْ وَمَا هُم بِحَامِلِينَ مِنْ خَطَايَاهُم مِّن شَيْءٍ ۖ إِنَّهُمْ لَكَاذِبُونَ
စင်စစ် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့က’မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ‘အသင်တို့သည် ကျွန်ုပ်တို့၏ လမ်းစဉ်လိုက်နာကြလေကုန်၊ ကျွန်ုပ်တို့သည် အသင်တို့၏ ပြစ်မှုများကို ထမ်းရွက်ကြမည်’ ဟု ဆိုကြကုန်၏။စင်စစ်သော်ကား ၎င်းတို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ ပြစ်မှုများအနက်မှ အနည်းငယ်(သောပြစ်မှု) ကိုမျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
10အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 10

စူရာ အလ်-အန်ကာဘူတ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : လူတို့တွင် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ" ဟု ပြောဆိုသူများလည်း ရှိကြပေသည်။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏လမ်းတော်၌)…

စူရာ အာယာသ် 10/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers