အလ်-အန်ကာဘူတ် · 26/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
۞ فَآمَنَ لَهُ لُوطٌ ۘ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّي ۖ إِنَّهُ هُوَ الْعَزِيزُ الْحَكِيمُ ۝٢٦
Fa aamana lahoo Loot; wa qaala innee mauhajirun ilaa Rabbee innahoo Huwal `Azeezul Hakeem
📖 မြန်မာဘာသာ
ထို့နောက် ‘လူ(တ်)’ သည် ထိုအိဗ်ရာဟီမ်အားယုံကြည် ထောက်ခံခဲ့လေ၏။ ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်က’ဧကန်မလွဲ ငါသည် နေရင်းအရပ်ဒေသကိုစွန့်၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ညွှန်တော်မူရာ)သို့ ထွက်ခွာသွားမည်။ မလွဲဧကန် ထိုအရှင်မြတ်သည်ပင်လျှင် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသည်’ ဟု ပြောဆိုခဲ့လေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • فَآمَنَ لَهُ: သူ (တမန်တော်လူသွ်) သည် သူ့ (တမန်တော်အိဗ်ရာဟီမ်) ကို ယုံကြည်ခဲ့သည်။
  • لُوطٌ: တမန်တော်လူသွ် (အလိုင်ဟိစ်စလာမ်)။
  • مُهَاجِرٌ: ရွှေ့ပြောင်းနေထိုင်သူ။
  • إِلَىٰ رَبِّي: ကျွန်ုပ်၏ အရှင်သခင်ထံသို့။
  • الْعَزِيزُ: အနိုင်ယူခြင်းခံရမည်မဟုတ်သော၊ ဘယ်သူမျှ အနိုင်မယူနိုင်သော အရှင်သခင်။
  • الْحَكِيمُ: ဉာဏ်ပညာအကြီးဆုံးဖြစ်တော်မူသော၊ အရာခပ်သိမ်းကို အကြောင်းအကျိုးနှင့်အညီ စီမံခန့်ခွဲတော်မူသော အရှင်သခင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော်လူသွ် (အလိုင်ဟိစ်စလာမ်) သည် တမန်တော်အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) ၏ ဖိတ်ခေါ်မှုကို လက်ခံပြီး သူ့ကို ယုံကြည်ခဲ့သည်။ ထို့နောက် တမန်တော်အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) က "ကျွန်ုပ်သည် ကျွန်ုပ်၏ အရှင်သခင်ထံသို့ ရွှေ့ပြောင်းသွားမည်" ဟု မိန့်ဆိုခဲ့သည်။ ဆိုလိုသည်မှာ သူသည် မိမိလူမျိုးတို့၏ နယ်မြေကို စွန့်ခွာပြီး အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူသည့်အတိုင်း ရှာမ်ဒေသ (ဆီးရီးယားနှင့် ပါလက်စတိုင်းဒေသ) သို့ ရွှေ့ပြောင်းသွားမည်ဖြစ်သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အနိုင်ယူခြင်းခံရမည်မဟုတ်သော၊ ဘယ်သူမျှ အနိုင်မယူနိုင်သော အရှင်သခင်ဖြစ်တော်မူပြီး သူ့ထံသို့ ရွှေ့ပြောင်းလာသူကို ဂုဏ်သိက္ခာချိုးနှိမ်ခြင်းမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။ ထို့အပြင် အရှင်မြတ်သည် ဉာဏ်ပညာအကြီးဆုံးဖြစ်တော်မူပြီး မိမိ၏ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်များတွင် အလွန်ပညာရှိပြီး အရာခပ်သိမ်းကို အကြောင်းအကျိုးနှင့်အညီ စီမံတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • အမှန်တရားကို လက်ခံခြင်းသည် ဂုဏ်ကျေးဇူးရှိသော အရာဖြစ်သည်။ တမန်တော်လူသွ်သည် တမန်တော်အိဗ်ရာဟီမ်၏ ဖိတ်ခေါ်မှုကို ချက်ချင်းလက်ခံပြီး ယုံကြည်ခဲ့သည်။ ဤသည်မှာ အမှန်တရားကို ရှာဖွေသူများအတွက် စံပြပုံသက်သေဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်အတွက် ရွှေ့ပြောင်းခြင်း (ဟိဂျ်ရသ်) သည် ဂုဏ်သိက္ခာနှ


📜 အာယာသ် 24-28 — စူရာ အလ်-အန်ကာဘူတ်

24فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا اقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَاهُ اللَّهُ مِنَ النَّارِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ အဖြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား မီးမှ ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်အမှန် ဤသည့်(ဖြစ်ရပ်)၌ သက်ဝင်ယုံကြည်ကုန်သော အမျိုးသားတို့အဖို့ သက်သေသာဓကများရှိပေသည်။
25وَقَالَ إِنَّمَا اتَّخَذْتُم مِّن دُونِ اللَّهِ أَوْثَانًا مَّوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ۖ ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُم بِبَعْضٍ وَيَلْعَنُ بَعْضُكُم بَعْضًا وَمَأْوَاكُمُ النَّارُ وَمَا لَكُم مِّن نَّاصِرِينَ
၎င်းပြင် ထိုအီဗ်ရာဟီမ်က(မိမိ၏အမျိုးသားတို့အား)ပြောကြားခဲ့သေး၏။ အသင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ မိမိတို့အချင်းချင်း မေတ္တာ ရှိကြသောကြောင့်သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ရုပ်တုများကို ရွေးချယ်ပြုလုပ်ကြခြင်း ဖြစ်ပေသည်။ ထို့နောက် ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့ တွင်မူကား၊ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ အချင်းချင်း အချို့ကအချို့ကို ကျိန်ဆဲကြပေမည်။ ၎င်းပြင် ငရဲသည် အသင်တို့၏ ခိုလှုံရာဌာန ဖြစ်မည်။ထိုမှတစ်ပါး အသင်တို့အဖို့ ကူညီစောင်မအံ့သော သူများဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေတကား။
26۞ فَآمَنَ لَهُ لُوطٌ ۘ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّي ۖ إِنَّهُ هُوَ الْعَزِيزُ الْحَكِيمُ
ထို့နောက် ‘လူ(တ်)’ သည် ထိုအိဗ်ရာဟီမ်အားယုံကြည် ထောက်ခံခဲ့လေ၏။ ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်က’ဧကန်မလွဲ ငါသည် နေရင်းအရပ်ဒေသကိုစွန့်၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ညွှန်တော်မူရာ)သို့ ထွက်ခွာသွားမည်။ မလွဲဧကန် ထိုအရှင်မြတ်သည်ပင်လျှင် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသည်’ ဟု ပြောဆိုခဲ့လေ၏။
27وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် နဗီတမန်တော်ဖြစ်ခြင်းကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ ထိုအိဗ်ရာဟီမ် ၏သားမြေးတို့၌တည်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ၎င်း၏အကျိုးကို ဤပစ္စက္ခဘဝတွင် (လည်း)ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး တမလွန်ဘဝ၌လည်း ထိုအိဗ်ရာဟီမ်သည် သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေအံ့သတည်း။
28وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍ مِّنَ الْعَالَمِينَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)’လူ(တ်)’အား (လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) တစ်ရံရောအခါဝယ် ထို ‘လူ(တ်)’ က မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် အသင်တို့သည် ကမ္ဘာသူကမ္ဘာသားခပ်သိမ်းအနက် မည်သူတစ်ဦးတစ်ယောက်မျှပင် အသင်တို့အလျင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန့်အလွန် ဆိုးယုတ်လှစွာသောအမှုကို ကျူးလွန်ကြကုန်၏။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
26အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 26

စူရာ အလ်-အန်ကာဘူတ် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ‘လူ(တ်)’ သည် ထိုအိဗ်ရာဟီမ်အားယုံကြည် ထောက်ခံခဲ့လေ၏။ ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်က’ဧကန်မလွဲ ငါသည် နေရင်းအရပ်ဒေသကိုစွန့်၍ ငါ့အား…

စူရာ အာယာသ် 26/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers