အလ်-အန်ကာဘူတ် · 27/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ ۝٢٧
Wa wahabnaa lahoo Ishaaqa wa Ya`Qooba wa ja`alnaa fee zurriyyatihin Nubuwwata wal Kitaaba wa aatainaahu ajrahoo fid dunyaa wa innahoo fil aakhirati laminas saaliheen
📖 မြန်မာဘာသာ
ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် နဗီတမန်တော်ဖြစ်ခြင်းကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ ထိုအိဗ်ရာဟီမ် ၏သားမြေးတို့၌တည်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ၎င်း၏အကျိုးကို ဤပစ္စက္ခဘဝတွင် (လည်း)ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး တမလွန်ဘဝ၌လည်း ထိုအိဗ်ရာဟီမ်သည် သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • وَهَبْنَا (ဝဟဗ်နာ) — ငါအရှင်မြတ်သည် ပေးသနားတော်မူခဲ့သည်။
  • ذُرِّيَّتِهِ (ဇုရ္ရိယသိဟိ) — ၎င်း၏ သားစဉ်မြေးဆက် အမျိုးအနွယ်။
  • النُّبُوَّةَ (အန္နုဗုဝ္ဝဟ်) — တမန်တော်ဖြစ်ခြင်း၊ နဗီဖြစ်ခြင်း။
  • الْكِتَابَ (အလ်ကီသာဗ) — အလ္လာဟ်အရှင်မြတ်ထံတော်မှ ချပေးသနားတော်မူသော ကျမ်းတော်များ။
  • أَجْرَهُ (အဂျ်ရဟူ) — ၎င်း၏ အကျိုးဆုလာဘ်။
  • الصَّالِحِينَ (ဆွာလိဟီန) — သူတော်ကောင်းများ၊ ဖြောင့်မတ်သော သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ငါအရှင်မြတ်သည် တမန်တော် အီဗရာဟီမ် (အလိုင်ဟိဆလာမ်) အား အစ္စဟာက် (ဣဇာက်) ကို သားတော်အဖြစ် ပေးသနားတော်မူခဲ့သည်။ ထို့နောက် ယအ်ကူဗ် (ယာကုပ်) ကိုလည်း မြေးတော်အဖြစ် ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ၎င်း၏ သားစဉ်မြေးဆက် အမျိုးအနွယ်ထဲတွင် တမန်တော်ဖြစ်ခြင်းနှင့် ကျမ်းတော်များ ချပေးသနားတော်မူခြင်းကို ထားရှိတော်မူခဲ့သည်။ ဆိုလိုသည်မှာ တမန်တော် အီဗရာဟီမ် (အလိုင်ဟိဆလာမ်) နောက်ပိုင်း စေလွှတ်တော်မူခဲ့သော တမန်တော်အားလုံးသည် ၎င်း၏ အမျိုးအနွယ်ထဲမှသာ ဖြစ်ကြသည်။ ထိုကျမ်းတော်များတွင် တောင်ရသ်၊ ဇဗူရ်၊ အိန်ဂျီလ်နှင့် ကုရ်အာန်တို့ ပါဝင်သည်။

ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ဤလောကီဘဝတွင်ပင် ၎င်း၏ အကျိုးဆုလာဘ်ကို ပေးသနားတော်မူခဲ့သည်။ ဆိုလိုသည်မှာ လူအများက ၎င်းကို ကောင်းမွန်စွာ ချီးမွမ်းပြောဆိုခြင်း၊ သားကောင်းမြေးကောင်းများ ရရှိခြင်းတို့ဖြစ်သည်။ ထို့ပြင် ဧကန်စင်စစ် ၎င်းသည် နောင်တမလွန်ဘဝတွင်လည်း သူတော်ကောင်းများ၊ ဖြောင့်မတ်သော သူများထဲတွင် အပါအဝင် ဖြစ်လိမ့်မည်။ ဤလောကီဘဝတွင် ပေးသနားတော်မူခဲ့သော ဂုဏ်ကျေးဇူးများသည် နောင်တမလွန်ဘဝအတွက် အရှင်မြတ် ပြင်ဆင်ထားတော်မူသော မြင့်မြတ်လှသော အကျိုးဆုလာဘ်များကို လျော့နည်းစေမည် မဟုတ်ပေ။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ သစ္စာရှိသော ကျေးကျွန်များအား ဤလောကီဘဝတွင်ပင် ဂုဏ်ကျေးဇူးများ ပေးသနားတော်မူကြောင်း သိရှိရသည်။ သားကောင်းမြေးကောင်းများ၊ ကောင်းမွန်သော ဂုဏ်သတင်း ချီးမ


📜 အာယာသ် 25-29 — စူရာ အလ်-အန်ကာဘူတ်

25وَقَالَ إِنَّمَا اتَّخَذْتُم مِّن دُونِ اللَّهِ أَوْثَانًا مَّوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ۖ ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُم بِبَعْضٍ وَيَلْعَنُ بَعْضُكُم بَعْضًا وَمَأْوَاكُمُ النَّارُ وَمَا لَكُم مِّن نَّاصِرِينَ
၎င်းပြင် ထိုအီဗ်ရာဟီမ်က(မိမိ၏အမျိုးသားတို့အား)ပြောကြားခဲ့သေး၏။ အသင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ မိမိတို့အချင်းချင်း မေတ္တာ ရှိကြသောကြောင့်သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ရုပ်တုများကို ရွေးချယ်ပြုလုပ်ကြခြင်း ဖြစ်ပေသည်။ ထို့နောက် ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့ တွင်မူကား၊ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ အချင်းချင်း အချို့ကအချို့ကို ကျိန်ဆဲကြပေမည်။ ၎င်းပြင် ငရဲသည် အသင်တို့၏ ခိုလှုံရာဌာန ဖြစ်မည်။ထိုမှတစ်ပါး အသင်တို့အဖို့ ကူညီစောင်မအံ့သော သူများဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေတကား။
26۞ فَآمَنَ لَهُ لُوطٌ ۘ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّي ۖ إِنَّهُ هُوَ الْعَزِيزُ الْحَكِيمُ
ထို့နောက် ‘လူ(တ်)’ သည် ထိုအိဗ်ရာဟီမ်အားယုံကြည် ထောက်ခံခဲ့လေ၏။ ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်က’ဧကန်မလွဲ ငါသည် နေရင်းအရပ်ဒေသကိုစွန့်၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ညွှန်တော်မူရာ)သို့ ထွက်ခွာသွားမည်။ မလွဲဧကန် ထိုအရှင်မြတ်သည်ပင်လျှင် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသည်’ ဟု ပြောဆိုခဲ့လေ၏။
27وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် နဗီတမန်တော်ဖြစ်ခြင်းကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ ထိုအိဗ်ရာဟီမ် ၏သားမြေးတို့၌တည်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ၎င်း၏အကျိုးကို ဤပစ္စက္ခဘဝတွင် (လည်း)ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး တမလွန်ဘဝ၌လည်း ထိုအိဗ်ရာဟီမ်သည် သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေအံ့သတည်း။
28وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍ مِّنَ الْعَالَمِينَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)’လူ(တ်)’အား (လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) တစ်ရံရောအခါဝယ် ထို ‘လူ(တ်)’ က မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် အသင်တို့သည် ကမ္ဘာသူကမ္ဘာသားခပ်သိမ်းအနက် မည်သူတစ်ဦးတစ်ယောက်မျှပင် အသင်တို့အလျင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန့်အလွန် ဆိုးယုတ်လှစွာသောအမှုကို ကျူးလွန်ကြကုန်၏။
29أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيكُمُ الْمُنكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا ائْتِنَا بِعَذَابِ اللَّهِ إِن كُنتَ مِنَ الصَّادِقِينَ
အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။ ထိုမှတစ်ပါးအသင်တို့သည် မိမိတို့၏စုဝေးရာ၌ စက်ဆုပ်ရွံရှာဖွယ် ကိစ္စများကို ကျူးလွန်ကြလေသလော။ ထိုအခါ လူ(တ်)၏အမျိုးသားတို့က ‘[အို-လူ(တ်)]၊ အကယ်၍ အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ခဲ့ပါမူ ကျွန်ုပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ဆောင်ယူခဲ့လော့’ဟု ပြောဆိုခဲ့ကြခြင်းမှတစ်ပါး အခြားမည်သည့်အဖြေမျှပင် ပေးနိုင်ခဲ့ကြသည်မရှိချေ။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
27အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 27

စူရာ အလ်-အန်ကာဘူတ် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်…

စူရာ အာယာသ် 27/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers