အာလ်-အိမရာန် · 103/200
ဘာသာပြန် အသံနိုင်ငံ — အာလ်-အိမရာန်
وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُم بِنِعْمَتِهِ إِخْوَانًا وَكُنتُمْ عَلَىٰ شَفَا حُفْرَةٍ مِّنَ النَّارِ فَأَنقَذَكُم مِّنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ ۝١٠٣
Wa`tasimoo bi Hablil laahi jamee`anw wa laa tafarraqoo; wazkuroo ni`matal laahi alaikum iz kuntum a`daaa`an fa allafa baina quloobikum fa asbah tum bini`matiheee ikhwaananw wa kuntum `alaa shafaa hufratim minan Naari fa anqazakum minhaa; kazaalika yubaiyinul laahu lakum aayaatihee la`allakum tahtadoon
📖 မြန်မာဘာသာ
ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြန်လည်၍သတိရကြကုန်လော့။ အခါတပါး၌ အသင်တို့သည် (မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး) ရန်သူများပင် ဖြစ်ခဲ့ကြပေရာထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ စိတ်နှလုံးများကိုချစ်ခင်ညီညွတ်စေတော်မူခဲ့၏။ သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင် အသင်တို့သည်ဂျဟန္နမ် ငရဲမီး၏ နှုတ်ခမ်းသို့ (လုံးဝ) ရောက်ရှိခဲ့ကြပေရာထို အရှင်မြတ်သည် အသင်တို့အား (အစ္စလာမ် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူခြင်း အားဖြင့်) ယင်းငရဲမီးမှကယ်ဆယ်တော်မူခဲ့လေပြီ။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။

🎧 နားထောင်

📜 အာယာသ် 101-105 — အာလ်-အိမရာန်

101وَكَيْفَ تَكْفُرُونَ وَأَنتُمْ تُتْلَىٰ عَلَيْكُمْ آيَاتُ اللَّهِ وَفِيكُمْ رَسُولُهُ ۗ وَمَن يَعْتَصِم بِاللَّهِ فَقَدْ هُدِيَ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး ထို(အလ္လာဟ်)အရှင်မြတ်၏ ရစူလ် တမန်တော် [မုဟမ္မဒ်(ဆွ)]သည်လည်း အသင်တို့အတွင်း၌ ရှိနေလေပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်ကို မြဲမြံစွာ ဖက်ကိုင်၍ ထားပါလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ဧကန်မလွဲ ညွှန်ကြားပြသခြင်း ခံရလတ္တံ့။
102يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ
အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မုစ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။
103وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُم بِنِعْمَتِهِ إِخْوَانًا وَكُنتُمْ عَلَىٰ شَفَا حُفْرَةٍ مِّنَ النَّارِ فَأَنقَذَكُم مِّنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ
ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြန်လည်၍သတိရကြကုန်လော့။ အခါတပါး၌ အသင်တို့သည် (မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး) ရန်သူများပင် ဖြစ်ခဲ့ကြပေရာထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ စိတ်နှလုံးများကိုချစ်ခင်ညီညွတ်စေတော်မူခဲ့၏။ သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင် အသင်တို့သည်ဂျဟန္နမ် ငရဲမီး၏ နှုတ်ခမ်းသို့ (လုံးဝ) ရောက်ရှိခဲ့ကြပေရာထို အရှင်မြတ်သည် အသင်တို့အား (အစ္စလာမ် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူခြင်း အားဖြင့်) ယင်းငရဲမီးမှကယ်ဆယ်တော်မူခဲ့လေပြီ။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။
104وَلْتَكُن مِّنكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنكَرِ ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
၎င်းပြင် အသင်တို့တွင် (အကြင်သို့သော) အဖွဲ့အစည်းတစ်ခု ရှိရပေမည်။ ထိုအဖွဲ့အစည်းသည် (လူသားတို့အား) ကောင်းရာကောင်းကြောင်းဖက်သို့ ဖိတ်ခေါ်ကြရမည်။ထို့ပြင် ကောင်းမြတ်သောအရာ များကို ညွှန်ကြားကြရမည်။၎င်းပြင် ထိုအဖွဲ့ အစည်းသည် မကောင်းမှုများမှ မြစ်တားကြရမည်။ ဤသို့သောသူများသည်ပင်လျှင် (လုံးဝ) အောင်မြင်မည့်သူများ ဖြစ်ကြပေသတည်း။
105وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِن بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ
၎င်းပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်၊ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏တစ်ခုတည်းသော သာသနာကိုတစည်းတလုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲကြသည့်အပြင် မိမိတို့ထံ (အလ္လာဟ်အရှင်မြတ်၏) ထင်ရှားလှစွာသော သက်သေသာဓကများရောက်ရှိလာပြီးသည့်နောက်တွင်လည်း (ဂုဏ်တု ဂုဏ်ပြိုင်ပြုလိုကြ၍) အချင်းချင်းကွဲလွဲခဲ့ကြကုန်၏။ အမှန်သော်ကားယင်း(ကဲ့သို့သော) သူတို့အဘို့သာ လျှင် ကြီးလေ�သောအပြစ်ဒဏ်သည် ရှိပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
103အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 103

စူရာ အာလ်-အိမရာန် အာယာသ် 103 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။…

စူရာ အာယာသ် 103/200 — အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အာလ်-အိမရာန် နားထောင်, အာလ်-အိမရာန် ဘာသာပြန်, အာလ်-အိမရာန် mp3, အာလ်-အိမရာန် pdf. အာယာသ် 101–105. မြန်မာဘာသာ: ภาษาไทย.

ကုရ်အာန်ကျမ်း

Tuesday, August 18, 2026

Don't forget us in your sincere prayers