အာလ်-အိမရာန် · 11/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
كَدَأْبِ آلِ فِرْعَوْنَ وَالَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِنَا فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ وَاللَّهُ شَدِيدُ الْعِقَابِ ۝١١
Kadaabi Aali Fir`awna wallazeena min qablihim; kazzaboo bi Aayaatinaa fa akhazahumul laahu bizunoo bihim; wallaahu shadeedul `iqaab
📖 မြန်မာဘာသာ
(ထိုသူတို့အလေ့အကျင့်သည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံတို့နှင့် ယင်းဖိရ်အောင်န်၏ အခြွေအရံများအလျင် ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်ကဲ့သို့ပင်ဖြစ်၏။ (ထိုအလေ့အကျင့်မှာ) ယင်းသူတို့သည် ငါအရှင်မြတ်၏အမိန့်တော် (သက်သေခံလက္ခဏာတော်) များကိုမဟုတ်မမှန် မုသားဖြစ်သည်ဟူ၍ ငြင်းဆိုခဲ့ကြလေသည်။သို့ဖြစ်ပေရာ အလ္လာဟ် အသျှင်မြတ်သည် ယင်းသူတို့အားယင်းသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် အရေးယူအပြစ်ဒဏ်ပေးတော်မူခဲ့ချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပြင်းထန်စွာအပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ခက်ခဲသောဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • كَدَأْبِ (ကာဒအ်ဗိ) — “ဒါအ်ဗ်” သည် လုပ်ငန်းတစ်ခုတွင် အဆက်မပြတ် ဇွဲလုံ့လဖြင့် လုပ်ဆောင်ခြင်း၊ စွဲစွဲမြဲမြဲ လုပ်ဆောင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် “အလေ့အထ၊ ဖြစ်စဉ်ပုံစံ၊ အခြေအနေ” ဟု ဆိုလိုသည်။
  • آلِ فِرْعَوْنَ (အာလိ ဖိရ်အောင်န) — ဖိရ်အောင်န်၏ အပေါင်းအပါများ၊ နောက်လိုက်များ။
  • كَذَّبُوا (ကာဇ်ဇဗူ) — သူတို့သည် မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်၊ မုသားဟု စွပ်စွဲကြသည်။
  • فَأَخَذَهُمُ اللَّهُ (ဖအခ်ဇဟုမုလ္လာဟ်) — ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ဖမ်းဆီးအရေးယူတော်မူသည်။
  • شَدِيدُ الْعِقَابِ (ရှဒီဒုလ် အိကာဗ်) — ပြစ်ဒဏ်ပေးရာတွင် အလွန်ပြင်းထန်တော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကာဖိရ်များ၏ အခြေအနေကို ရှင်းလင်းစွာ ဖော်ပြထားသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ခြင်း၊ တမန်တော်များကို မုသားဟု စွပ်စွဲခြင်းတွင် ဖိရ်အောင်န်၏ အပေါင်းအပါများနှင့် သူတို့အလျင် ကုန်လွန်ခဲ့သော ကာဖိရ်အမျိုးများ၏ အလေ့အထအတိုင်း လိုက်နာကျင့်သုံးနေကြသည်။ ထိုသူအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ထင်ရှားလှသော အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းဆိုခဲ့ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အပြစ်များကြောင့် သူတို့ကို ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ သူတို့၏ ဥစ္စာပစ္စည်းများနှင့် သားသမီးများသည် သူတို့အတွက် မည်သည့်အကျိုးမျှ မပေးနိုင်ခဲ့ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိကို ငြင်းပယ်သူများ၊ မိမိ၏ အာယသ်တော်များကို မုသားဟု စွပ်စွဲသူများအတွက် ပြစ်ဒဏ်ပေးရာတွင် အလွန်ပြင်းထန်တော်မူသော အရှင်ဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် ဖြစ်စဉ်တစ်ခုတည်းကို ထပ်ခါတလဲလဲ ဖော်ပြတော်မူခြင်းဖြင့် လူသားများအား သတိရစေလိုတော်မူသည်။ ရှေးကာဖိရ်များ၏ အဆုံးသတ်သည် မည်သို့ဖြစ်ခဲ့သည်ကို သိရှိခြင်းဖြင့် နောက်လူများသည် ထိုလမ်းကို မလိုက်မိရန် သင်ခန်းစာယူသင့်သည်။
  • အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို


📜 အာယာသ် 9-13 — စူရာ အာလ်-အိမရာန်

9رَبَّنَا إِنَّكَ جَامِعُ النَّاسِ لِيَوْمٍ لَّا رَيْبَ فِيهِ ۚ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန် အရှင်မြတ်သည် အကြင် (ရှင်ပြန်ထမည့်)နေ့တွင် လူခပ်သိမ်းတို့အား စုရုံးတော်မူမည့် အရှင်မြတ်ပင်တည်း။ထိုနေ့နှင့် စပ်လျဉ်း၍ လုံးဝ ယုံမှားသံသယမရှိပါ။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ထားရှိတော်မူသော ကတိသစ္စာတော်ကို အလျင်း ဖောက်ဖျက်တော်မူမည် မဟုတ်ပါ။
10إِنَّ الَّذِينَ كَفَرُوا لَن تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُم مِّنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။
11كَدَأْبِ آلِ فِرْعَوْنَ وَالَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِنَا فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ وَاللَّهُ شَدِيدُ الْعِقَابِ
(ထိုသူတို့အလေ့အကျင့်သည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံတို့နှင့် ယင်းဖိရ်အောင်န်၏ အခြွေအရံများအလျင် ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်ကဲ့သို့ပင်ဖြစ်၏။ (ထိုအလေ့အကျင့်မှာ) ယင်းသူတို့သည် ငါအရှင်မြတ်၏အမိန့်တော် (သက်သေခံလက္ခဏာတော်) များကိုမဟုတ်မမှန် မုသားဖြစ်သည်ဟူ၍ ငြင်းဆိုခဲ့ကြလေသည်။သို့ဖြစ်ပေရာ အလ္လာဟ် အသျှင်မြတ်သည် ယင်းသူတို့အားယင်းသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် အရေးယူအပြစ်ဒဏ်ပေးတော်မူခဲ့ချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပြင်းထန်စွာအပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။
12قُل لِّلَّذِينَ كَفَرُوا سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ الْمِهَادُ
(အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့။ ၎င်းပြင် (နောင်တမလွန်ဘဝတွင်လည်း)ဂျဟန္နမ် ငရဲဘုံ၌ စုရုံးစေခြင်းကို ခံကြရကုန်အံ့။ စင်စစ်ထို(ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှစွာတကား။
13قَدْ كَانَ لَكُمْ آيَةٌ فِي فِئَتَيْنِ الْتَقَتَا ۖ فِئَةٌ تُقَاتِلُ فِي سَبِيلِ اللَّهِ وَأُخْرَىٰ كَافِرَةٌ يَرَوْنَهُم مِّثْلَيْهِمْ رَأْيَ الْعَيْنِ ۚ وَاللَّهُ يُؤَيِّدُ بِنَصْرِهِ مَن يَشَاءُ ۗ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِّأُولِي الْأَبْصَارِ
မချွတ်ဧကန် အသင်တို့ (ဆင်ခြင်ရန်၊ ကိုးကားရန်) အတွက် (ဗဒ်ရ်)စစ်ပွဲတွင် လူနှစ်စုသည် တစဖက်နှင့်တစ်ဖက် ရင်ဆိုင်ကြသော (အခြင်းအရာ) ၌ က်သေသာဓက တစ်ရပ် ရှိပေသည်။ (ယင်းလူနှစ်စုအနက်) တစ်စုသည် (မုစ်လင်မ် များပင်ဖြစ်ကြပေရာ) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်လျက် ရှိခဲ့ကြလေသည်။သို့ရာတွင် နောက်တစ်စုသည် မယုံမကြည် သွေဖည်ငြင်းပယ်လေသော ကာဖိရ်များပင် ဖြစ်ခဲ့ကြ၏။ ယင်းသူတို့သည် မိမိတို့ကိုယ်ကို ထိုမုစ်လင်မ် များထက်နှစ်ဆ ဖြစ်နေသည်ကိုလည်းမျက်ဝါးထင်ထင် တွေ့မြင်ကြလေသည်။ သို့ရာတွင် (အနိုင်အရှုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌သာ ရှိနေပေရာ) အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုသောသူများကိုသာမိမိ အကူအညီဖြင့် အားပေး၍ (နိုင်စေ)တော်မူလေသည်။အမှန်စင်စစ်သော်ကား ယင်း(အခြင်းအရာ)၌ ဉာဏ စက္ခုဉာဏ်အမြော်အမြင်ရှိသူများ အဖို့အရာ (ကြီးကျယ်သော)သင်ခဏ်းစာသည် အမှန်ရှိပေသတည်း။ ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူ များလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ်အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
11အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 11

စူရာ အာလ်-အိမရာန် အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုသူတို့အလေ့အကျင့်သည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံတို့နှင့် ယင်းဖိရ်အောင်န်၏ အခြွေအရံများအလျင် ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်ကဲ့သို့ပင်ဖြစ်၏။ (ထိုအလေ့အကျင့်မှာ) ယင်းသူတို့သည် ငါအရှင်မြတ်၏အမိန့်တော်…

စူရာ အာယာသ် 11/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers