အာလ်-အိမရာန် · 10/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ الَّذِينَ كَفَرُوا لَن تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُم مِّنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ ۝١٠
Innal lazeena kafaroo lan tughniya `anhum amwaaluhum wa laaa awlaaduhum minal laahi shai`anw wa ulaaa`ika hum waqoodun Naar
📖 မြန်မာဘာသာ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 8-12 — စူရာ အာလ်-အိမရာန်

8رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً ۚ إِنَّكَ أَنتَ الْوَهَّابُ
(ဉာဏ်ပညာအရာ၌ ရင့်သန်သောသူတို့သည်ဤကဲ့သို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား တရားလမ်းမှန်သို့ ပို့�ောင်တော်မူပြီးနောက်ကျွန်တော်မျိုး တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင်ပြုတော်မမူပါနှင့်။ ကျွန်တော်မျိုးအား (တရားလမ်း ပေါ်၌မြဲမြံစွာ တည်တံ့နိုင်စေခြင်းငှာ) မိမိအထံတော်မှ ကရုဏာတရားကို ပေးသနားတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည်သာလျှင် ရက်ရောစွာ ပေးသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူပါသည်။
9رَبَّنَا إِنَّكَ جَامِعُ النَّاسِ لِيَوْمٍ لَّا رَيْبَ فِيهِ ۚ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန် အရှင်မြတ်သည် အကြင် (ရှင်ပြန်ထမည့်)နေ့တွင် လူခပ်သိမ်းတို့အား စုရုံးတော်မူမည့် အရှင်မြတ်ပင်တည်း။ထိုနေ့နှင့် စပ်လျဉ်း၍ လုံးဝ ယုံမှားသံသယမရှိပါ။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ထားရှိတော်မူသော ကတိသစ္စာတော်ကို အလျင်း ဖောက်ဖျက်တော်မူမည် မဟုတ်ပါ။
10إِنَّ الَّذِينَ كَفَرُوا لَن تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُم مِّنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။
11كَدَأْبِ آلِ فِرْعَوْنَ وَالَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِنَا فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ وَاللَّهُ شَدِيدُ الْعِقَابِ
(ထိုသူတို့အလေ့အကျင့်သည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံတို့နှင့် ယင်းဖိရ်အောင်န်၏ အခြွေအရံများအလျင် ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်ကဲ့သို့ပင်ဖြစ်၏။ (ထိုအလေ့အကျင့်မှာ) ယင်းသူတို့သည် ငါအရှင်မြတ်၏အမိန့်တော် (သက်သေခံလက္ခဏာတော်) များကိုမဟုတ်မမှန် မုသားဖြစ်သည်ဟူ၍ ငြင်းဆိုခဲ့ကြလေသည်။သို့ဖြစ်ပေရာ အလ္လာဟ် အသျှင်မြတ်သည် ယင်းသူတို့အားယင်းသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် အရေးယူအပြစ်ဒဏ်ပေးတော်မူခဲ့ချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပြင်းထန်စွာအပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။
12قُل لِّلَّذِينَ كَفَرُوا سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ الْمِهَادُ
(အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့။ ၎င်းပြင် (နောင်တမလွန်ဘဝတွင်လည်း)ဂျဟန္နမ် ငရဲဘုံ၌ စုရုံးစေခြင်းကို ခံကြရကုန်အံ့။ စင်စစ်ထို(ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှစွာတကား။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
10အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 10

စူရာ အာလ်-အိမရာန် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်)…

စူရာ အာယာသ် 10/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers