အာလ်-အိမရာန် · 12/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
قُل لِّلَّذِينَ كَفَرُوا سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ الْمِهَادُ ۝١٢
Qul lillazeena kafaroosatughlaboona wa tuhsharoona ilaa jahannam; wa bi`sal mihaad
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့။ ၎င်းပြင် (နောင်တမလွန်ဘဝတွင်လည်း)ဂျဟန္နမ် ငရဲဘုံ၌ စုရုံးစေခြင်းကို ခံကြရကုန်အံ့။ စင်စစ်ထို(ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှစွာတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မပဒအဓိပ္ပာယ်ရှင်းလင်းချက်
  • كَفَرُوا (ကာဖရူ)။ ။ မယုံကြည်ငြင်းပယ်သူများ၊ အစ္စလာမ်ကို ငြင်းပယ်သူများ။
  • سَتُغْلَبُونَ (စတုဂ်လဗူန)။ ။ သင်တို့သည် ရှုံးနိမ့်ခြင်းခံရမည်၊ အောင်နိုင်ခြင်းခံရမည်။
  • وَتُحْشَرُونَ (ဝတုဟ်ရှရူန)။ ။ သင်တို့သည် စုရုံးခေါ်ယူခြင်းခံရမည်၊ ထိုးထွက်စေခြင်းခံရမည်။
  • جَهَنَّمَ (ဂျဟန်နမ်)။ ။ ငရဲမီး။
  • الْمِهَادُ (အလ်မိဟာဒ်)။ ။ ခင်းကျင်းထားသောနေရာ၊ အိပ်ရာထိုင်ခင်း။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်(ဆွ)၊ သင်သည် မယုံကြည်ငြင်းပယ်သူများအား ပြောကြားလိုက်ပါ။ သူတို့သည် မည်သည့်ဘာသာဝင်ဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ၊ ဤလောကတွင် မုအ်မင်န်များ၏ လက်တွင် ရှုံးနိမ့်ခြင်းကို မကြာမီ မြည်းစမ်းရမည်ဖြစ်သည်။ သူတို့သည် ကာဖိရ်အဖြစ်ဖြင့်ပင် သေဆုံးကြရမည်။ ထို့နောက် သူတို့အားလုံးကို ငရဲမီးထဲသို့ စုရုံးခေါ်ယူခြင်းခံရမည်။ ငရဲမီးသည် သူတို့အတွက် အလွန်ဆိုးရွားသော ခင်းကျင်းထားသည့်နေရာ၊ အိပ်ရာထိုင်ခင်းပင် ဖြစ်သည်။ ဤအာယသ်တော်သည် ဗဒ်ရ်စစ်ပွဲမတိုင်မီ ကာဖိရ်များအား သတိပေးချက်အဖြစ် ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ထိုသတိပေးချက် အတိအကျ ဖြစ်ပေါ်ခဲ့သည်။ မုအ်မင်န်များသည် ဗဒ်ရ်စစ်ပွဲတွင် အောင်ပွဲရရှိခဲ့ကြပြီး၊ ကာဖိရ်များသည် အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ကြရသည်။ ဤသည်က အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် ဧကန်အမှန် ပြည့်စုံလာမည်ကို ထင်ရှားစွာ ဖော်ပြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကတိတော်ကို အမြဲတမ်း ပြည့်စုံစေတော်မူသည်။ မုအ်မင်န်များကို အောင်ပွဲပေးမည်ဟု ကတိပြုထားသည့်အတိုင်း ဗဒ်ရ်စစ်ပွဲတွင် အောင်ပွဲပေးတော်မူခဲ့သည်။
  • မယုံကြည်ငြင်းပယ်ခြင်း၏ အဆုံးသတ်သည် ဆိုးရွားလှသည်။ ကာဖိရ်အဖြစ်ဖြင့် သေဆုံးသွားသူများအတွက် ငရဲမီးသည် ထာဝရနေရာဖြစ်သည်။
  • ဤလောကတွင် ရရှိသော အောင်ပွဲနှင့် ရှုံးနိမ့်ခြင်းသည် ယာယီသာဖြစ်သည်။ အရေးကြီးဆုံးမှာ နောင်တမလွန်ဘဝတွင် အောင်မြင်ခြင်းပင်ဖြစ်သည်။
  • အစ္စလာမ်သည် အမှန်တရားကို အခြေခံသော ဘာသာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ကတိတော်များသည် အမြဲတမ


📜 အာယာသ် 10-14 — စူရာ အာလ်-အိမရာန်

10إِنَّ الَّذِينَ كَفَرُوا لَن تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُم مِّنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။
11كَدَأْبِ آلِ فِرْعَوْنَ وَالَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِنَا فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ وَاللَّهُ شَدِيدُ الْعِقَابِ
(ထိုသူတို့အလေ့အကျင့်သည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံတို့နှင့် ယင်းဖိရ်အောင်န်၏ အခြွေအရံများအလျင် ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်ကဲ့သို့ပင်ဖြစ်၏။ (ထိုအလေ့အကျင့်မှာ) ယင်းသူတို့သည် ငါအရှင်မြတ်၏အမိန့်တော် (သက်သေခံလက္ခဏာတော်) များကိုမဟုတ်မမှန် မုသားဖြစ်သည်ဟူ၍ ငြင်းဆိုခဲ့ကြလေသည်။သို့ဖြစ်ပေရာ အလ္လာဟ် အသျှင်မြတ်သည် ယင်းသူတို့အားယင်းသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် အရေးယူအပြစ်ဒဏ်ပေးတော်မူခဲ့ချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပြင်းထန်စွာအပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။
12قُل لِّلَّذِينَ كَفَرُوا سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ الْمِهَادُ
(အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့။ ၎င်းပြင် (နောင်တမလွန်ဘဝတွင်လည်း)ဂျဟန္နမ် ငရဲဘုံ၌ စုရုံးစေခြင်းကို ခံကြရကုန်အံ့။ စင်စစ်ထို(ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှစွာတကား။
13قَدْ كَانَ لَكُمْ آيَةٌ فِي فِئَتَيْنِ الْتَقَتَا ۖ فِئَةٌ تُقَاتِلُ فِي سَبِيلِ اللَّهِ وَأُخْرَىٰ كَافِرَةٌ يَرَوْنَهُم مِّثْلَيْهِمْ رَأْيَ الْعَيْنِ ۚ وَاللَّهُ يُؤَيِّدُ بِنَصْرِهِ مَن يَشَاءُ ۗ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِّأُولِي الْأَبْصَارِ
မချွတ်ဧကန် အသင်တို့ (ဆင်ခြင်ရန်၊ ကိုးကားရန်) အတွက် (ဗဒ်ရ်)စစ်ပွဲတွင် လူနှစ်စုသည် တစဖက်နှင့်တစ်ဖက် ရင်ဆိုင်ကြသော (အခြင်းအရာ) ၌ က်သေသာဓက တစ်ရပ် ရှိပေသည်။ (ယင်းလူနှစ်စုအနက်) တစ်စုသည် (မုစ်လင်မ် များပင်ဖြစ်ကြပေရာ) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်လျက် ရှိခဲ့ကြလေသည်။သို့ရာတွင် နောက်တစ်စုသည် မယုံမကြည် သွေဖည်ငြင်းပယ်လေသော ကာဖိရ်များပင် ဖြစ်ခဲ့ကြ၏။ ယင်းသူတို့သည် မိမိတို့ကိုယ်ကို ထိုမုစ်လင်မ် များထက်နှစ်ဆ ဖြစ်နေသည်ကိုလည်းမျက်ဝါးထင်ထင် တွေ့မြင်ကြလေသည်။ သို့ရာတွင် (အနိုင်အရှုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌သာ ရှိနေပေရာ) အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုသောသူများကိုသာမိမိ အကူအညီဖြင့် အားပေး၍ (နိုင်စေ)တော်မူလေသည်။အမှန်စင်စစ်သော်ကား ယင်း(အခြင်းအရာ)၌ ဉာဏ စက္ခုဉာဏ်အမြော်အမြင်ရှိသူများ အဖို့အရာ (ကြီးကျယ်သော)သင်ခဏ်းစာသည် အမှန်ရှိပေသတည်း။ ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူ များလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ်အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။
14زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِينَ وَالْقَنَاطِيرِ الْمُقَنطَرَةِ مِنَ الذَّهَبِ وَالْفِضَّةِ وَالْخَيْلِ الْمُسَوَّمَةِ وَالْأَنْعَامِ وَالْحَرْثِ ۗ ذَٰلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَاللَّهُ عِندَهُ حُسْنُ الْمَآبِ
လူခပင်းတို့ အဖို့အရာ၊ မိန်းမများကိုလည်းကောင်း၊ သားရတနာများကိုလည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကိုလည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန်မျိုးကောင်း မြင်းများကိုလည်းကောင်း၊ (နွား၊ သိုး၊ ဆိတ်) ကုလားအုတ် စသည့်တိရိစ္ဆာန်များကိုလည်းကောင်း၊ လယ်ယာဥယျာဉ်များကို လည်းကောင်း၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုး၊ လှပတင့်တယ်ဤသည်တို့ကား ပစ္စပ္ပုန် လောကီဘဝ၏ အသုံးအဆောင်များသာတည်း။ အမှန်စင်စစ်အားဖြင့် အမြင့်မြတ်ဆုံးသောပြန်လည်ရာ ဌာနသည်ကား အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာလျှင် ရှိပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
12အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 12

စူရာ အာလ်-အိမရာန် အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို…

စူရာ အာယာသ် 12/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers