အာလ်-အိမရာန် · 167/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَلِيَعْلَمَ الَّذِينَ نَافَقُوا ۚ وَقِيلَ لَهُمْ تَعَالَوْا قَاتِلُوا فِي سَبِيلِ اللَّهِ أَوِ ادْفَعُوا ۖ قَالُوا لَوْ نَعْلَمُ قِتَالًا لَّاتَّبَعْنَاكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَانِ ۚ يَقُولُونَ بِأَفْوَاهِهِم مَّا لَيْسَ فِي قُلُوبِهِمْ ۗ وَاللَّهُ أَعْلَمُ بِمَا يَكْتُمُونَ ۝١٦٧
Wa liya`lamal lazeena naafaqoo; wa qeela lahum ta`aalaw qaatiloo fee sabeelil laahi awid fa`oo qaaloo law na`lamu qitaalallat taba`naakum; hum lilkufri yawma`izin aqrabu minhum lil eemaan; yaqooloona bi afwaahihim maa laisa fee quloobihim; wallaahu a`lamu bimaa yaktumoon
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ယင်းကဲ့သို့ ဆင်းရဲဒုက္ခ ဆိုက်ရောက်ခြင်းမှာ) ထိုအရှင်မြတ်သည် မုစ်လင်မ် ယောင်ဆောင်သောသူတို့ကို သိရှိတော်မူခြင်းငှာ ဖြစ်ချေသည်။ စင်စစ် ထို(မုစ်လင်မ်ယောင်ဆောင် သော)သူတို့အား (ဟယ်-အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌လာရောက် တိုက်ခိုက်ကြ�ေကုန်။ သို့တည်းမဟုတ် ခုခံကြလေကုန် ဟု ပြောဆိုသောအခါထိုသူတို့က အကယ်၍သာ(စံနစ်ကျသော) စစ်ပွဲဟု ကျွန်ုပ်တို့ယူဆခဲ့ပါလျှင် ဧကန်မလွဲအသင်တို့နှင့် အတူ လိုက်ခဲ့ကြမည် ဟု ဖြေဆိုကြကုန်သည်။ထိုသူတို့သည်(ယင်းကဲ့သို့ ဖြေဆိုသော)နေ့တွင် အီမာန်ယုံကြည်ခြင်းဘက်ထက်ကုဖ်ရ်ငြင်းပယ်ခြင်းဘက်သို့ ပို၍ နီးကပ်သူများဖြစ်ခဲ့ကြကုန်၏။ ထိုသူတို့သည် မိမိတို့စိတ်နှလုံး၌ မရှိသော အကြောင်းအရာများကို မိမိတို့နှုတ်များဖြင့်ပြောဆို ကြလေသည်။ သို့ရာတွင်မူကား အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့ထိမ်ချန်လျှို့ဝှက်ကြကုန်သော အကြောင်းအရာများကို အကြွင်းမဲ့သိရှိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 165-169 — စူရာ အာလ်-အိမရာန်

165أَوَلَمَّا أَصَابَتْكُم مُّصِيبَةٌ قَدْ أَصَبْتُم مِّثْلَيْهَا قُلْتُمْ أَنَّىٰ هَٰذَا ۖ قُلْ هُوَ مِنْ عِندِ أَنفُسِكُمْ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
တဖန် (အုဟုဒ် စစ်မြေပြင်ဝယ်) အသင်တို့၌အတိဒုက္ခသည် ဆိုက်ရောက်ခဲ့လေသည်။ အသင်တို့သည်ယင်းအတိဒုက္ခ၏ နှစ်ဆမျှသော အတိဒုက္ခများကိုမူ (ရန်သူတို့၌) စင်စစ်ဧကန် ဆိုက်ရောက် စေခဲ့ကြပြီးဖြစ်၏။ (သို့အတိဒုက္ခဆိုက်ရောက်သောအခါ) အသင်တို့က ဤ(ဒုက္ခ)သည်(ကျွန်ုပ်တို့၌) အဘယ်မှ ဆိုက်ရောက်ပါသနည်းဟု (ညည်းညူ)ပြောဆိုခဲ့ကြလေသည်။ (အို-နဗီတမန်တော် စင်စစ်) ယင်းဒုက္ခသည် အသင်တို့ထံမှပင် (ဆိုက်ရောက်ခြင်း) ဖြစ်သည်ဟု ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပသိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူပေသည်။
166وَمَا أَصَابَكُمْ يَوْمَ الْتَقَى الْجَمْعَانِ فَبِإِذْنِ اللَّهِ وَلِيَعْلَمَ الْمُؤْمِنِينَ
၎င်းပြင် (အုဟုဒ်စစ်မြေပြင်ဝယ်) လူစုနှစ်စုတို့သည် တစ်စုနှင့်တစ်စု ရင်ဆိုင်ကြသောနေ့တွင် အသင်တို့၌ဆိုက်ရောက်ခဲ့သော ဆင်းရဲဒုက္ခသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (ဆိုက်ရောက်သောဆင်းရဲဒုက္ခပင်) ဖြစ်ပေသည်။ (ယင်းသို့ ဆိုက်ရောက်ခြင်းသည်ကား) အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူတို့အား သိရှိ တော် မူခြင်းငှာဖြစ်ပေသည်။
167وَلِيَعْلَمَ الَّذِينَ نَافَقُوا ۚ وَقِيلَ لَهُمْ تَعَالَوْا قَاتِلُوا فِي سَبِيلِ اللَّهِ أَوِ ادْفَعُوا ۖ قَالُوا لَوْ نَعْلَمُ قِتَالًا لَّاتَّبَعْنَاكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَانِ ۚ يَقُولُونَ بِأَفْوَاهِهِم مَّا لَيْسَ فِي قُلُوبِهِمْ ۗ وَاللَّهُ أَعْلَمُ بِمَا يَكْتُمُونَ
ထိုနည်းတူစွာ (ယင်းကဲ့သို့ ဆင်းရဲဒုက္ခ ဆိုက်ရောက်ခြင်းမှာ) ထိုအရှင်မြတ်သည် မုစ်လင်မ် ယောင်ဆောင်သောသူတို့ကို သိရှိတော်မူခြင်းငှာ ဖြစ်ချေသည်။ စင်စစ် ထို(မုစ်လင်မ်ယောင်ဆောင် သော)သူတို့အား (ဟယ်-အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌လာရောက် တိုက်ခိုက်ကြ�ေကုန်။ သို့တည်းမဟုတ် ခုခံကြလေကုန် ဟု ပြောဆိုသောအခါထိုသူတို့က အကယ်၍သာ(စံနစ်ကျသော) စစ်ပွဲဟု ကျွန်ုပ်တို့ယူဆခဲ့ပါလျှင် ဧကန်မလွဲအသင်တို့နှင့် အတူ လိုက်ခဲ့ကြမည် ဟု ဖြေဆိုကြကုန်သည်။ထိုသူတို့သည်(ယင်းကဲ့သို့ ဖြေဆိုသော)နေ့တွင် အီမာန်ယုံကြည်ခြင်းဘက်ထက်ကုဖ်ရ်ငြင်းပယ်ခြင်းဘက်သို့ ပို၍ နီးကပ်သူများဖြစ်ခဲ့ကြကုန်၏။ ထိုသူတို့သည် မိမိတို့စိတ်နှလုံး၌ မရှိသော အကြောင်းအရာများကို မိမိတို့နှုတ်များဖြင့်ပြောဆို ကြလေသည်။ သို့ရာတွင်မူကား အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့ထိမ်ချန်လျှို့ဝှက်ကြကုန်သော အကြောင်းအရာများကို အကြွင်းမဲ့သိရှိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသည်။
168الَّذِينَ قَالُوا لِإِخْوَانِهِمْ وَقَعَدُوا لَوْ أَطَاعُونَا مَا قُتِلُوا ۗ قُلْ فَادْرَءُوا عَنْ أَنفُسِكُمُ الْمَوْتَ إِن كُنتُمْ صَادِقِينَ
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်စဉ်က) ကိုယ်တိုင် (မိမိတို့အိမ်များတွင်) ထိုင်နေခဲ့ကြပါလျက်(အုဟုဒ်စစ်မြေပြင်၌ကျဆုံးခဲ့သော) မိမိတို့၏ ညီသားအစ်ကိုများနှင့် ပတ်သက်ပြီး အကယ်၍သာ ထိုသူတို့သည် ကျွန်ုပ်တို့(ပြောစကား)ကို နာယူခဲ့ကြပါမူ (ယင်းကဲ့သို့) သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်ပေတကား ဟု ပြောဆို (ဝေဘန်) ကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့ အား)သို့ဖြစ်လျှင် အကယ်၍သာ အသင်တို့သည် မှန်ကန်စွာပြောဆိုသူများဖြစ်ခဲ့ကြပါလျှင် မိမိ တို့ကိုယ်မှ ‘မရဏ’ သေခြင်းတရားကို ဖယ်ရှား ကြပါလေကုန် ဟု ပြောဆိုဖြေကြားပါလေ။
169وَلَا تَحْسَبَنَّ الَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ أَمْوَاتًا ۚ بَلْ أَحْيَاءٌ عِندَ رَبِّهِمْ يُرْزَقُونَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌ (စစ်တိုက်စဉ်)အသတ်ခံရသော သူတို့ကို သူသေများဟူ၍ အလျင်း မထင်မှတ်ပါလေနှင့်။ (ထိုသူတို့ကား သူသေများ) အလျင်းမဟုတ်၊ စင်စစ်မှာမူကား ထိုသူများသည် ၎င်းတို့၏ အရှင်မြတ်အထံတော်ဝယ်အသက်ရှင်နေသော သူများပင်ဖြစ်ကြသည့်ပြင် (အလ္လာဟ်အရှင်မြတ်၏) ကျွေးမွေးတော်မူခြင်းကိုလည်း ခံကြရကုန်၏။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
167အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 167

စူရာ အာလ်-အိမရာန် အာယာသ် 167 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ယင်းကဲ့သို့ ဆင်းရဲဒုက္ခ ဆိုက်ရောက်ခြင်းမှာ) ထိုအရှင်မြတ်သည် မုစ်လင်မ် ယောင်ဆောင်သောသူတို့ကို သိရှိတော်မူခြင်းငှာ ဖြစ်ချေသည်။ စင်စစ်…

စူရာ အာယာသ် 167/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 165–169. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers