အာလ်-အိမရာန် · 188/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
لَا تَحْسَبَنَّ الَّذِينَ يَفْرَحُونَ بِمَا أَتَوا وَّيُحِبُّونَ أَن يُحْمَدُوا بِمَا لَمْ يَفْعَلُوا فَلَا تَحْسَبَنَّهُم بِمَفَازَةٍ مِّنَ الْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌ ۝١٨٨
Laa tahsabannal lazeena yafrahoona bimaaa ataw wa yuhibbona ai yuhmadoo bimaa lam yaf`aloo falaa tahsabunnahum bimafaazatim minal `azaabi wa lahum `azaabun aleem
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် အလျင်းမထင်မှတ်လေနှင့်။ အကြင်သူတို့သည် မိမိတို့၏ (မဟုတ်မလျား) အကျင့်မှားဖြင့် အားရဝမ်းသာ မွေ့လျော်ပျော်ရွှင်လျက်ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် မိမိတို့ မပြုခဲ့ကြသော(ကောင်းမှု)ကိစ္စနှင့်စပ်လျဉ်း၍ (လူအများ၏) ချီးမွမ်းခြင်းကိုခံလိုကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား (ဤလောကတွင်လည်း) ပြစ်ဒဏ်မှ လွတ်မြောက်ကြမည်ဟူ၍အလျင်း မထင်မှတ်လေနှင့်။ ၎င်းပြင် ထိုသူတို့အဖို့ (နောင်တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • လာ တဟ်စဗန်နာ (لَا تَحْسَبَنَّ) — မတွက်ဆပါနှင့်၊ မထင်မှတ်ပါနှင့်၊ စိတ်ထဲ မထားပါနှင့်။
  • ယဖ်ရဟူန (يَفْرَحُونَ) — ဝမ်းမြောက်ကြသည်၊ ရွှင်လန်းကြသည်။
  • ဗိ မာ အသ၀် (بِمَا أَتَوا) — သူတို့ ပြုလုပ်ခဲ့သော အမှုများအတွက်။
  • ယုဟိဗ္ဗူန (يُحِبُّونَ) — နှစ်သက်ကြသည်၊ လိုလားကြသည်။
  • အန် ယုဟ်မဒူ (أَن يُحْمَدُوا) — ချီးမွမ်းခံရရန်။
  • ဗိ မာ လမ် ယဖ်အလူ (بِمَا لَمْ يَفْعَلُوا) — သူတို့ မပြုလုပ်ခဲ့သော အမှုများအတွက်။
  • ဗိ မဖာဇသင်း (بِمَفَازَةٍ) — လွတ်မြောက်မှုတစ်ခုခုဖြင့်၊ ကယ်တင်ခြင်းတစ်ခုခုဖြင့်။
  • အန် သုန်ဒါဗုန (مِّنَ الْعَذَابِ) — ပြစ်ဒဏ်မှ။
  • အဇာဗုန် အလီမုန် (عَذَابٌ أَلِيمٌ) — ပြင်းထန်နာကျင်ဖွယ်သော ပြစ်ဒဏ်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၊ မိမိတို့ ပြုလုပ်ခဲ့သော မကောင်းမှုများ၊ ဆိုးသွမ်းသော အမှုများအတွက် ဝမ်းမြောက်ရွှင်လန်းနေကြသူများ၊ မိမိတို့ အမှန်တကယ် မပြုလုပ်ခဲ့သော ကောင်းမှုများအတွက် လူများက ချီးမွမ်းကြရန် နှစ်သက်လိုလားနေကြသူများကို ပြစ်ဒဏ်မှ လွတ်မြောက်ကြလိမ့်မည်ဟု မထင်မှတ်ပါနှင့်။ သူတို့သည် မည်သည့်နည်းနှင့်မျှ ပြစ်ဒဏ်မှ လွတ်မြောက်မည် မဟုတ်ပေ။ အမှန်စင်စစ် သူတို့အတွက် ပြင်းထန်နာကျင်ဖွယ်သော ပြစ်ဒဏ်သည် အသင့်ရှိနေပေသည်။

ဤအာယသ်တော်သည် အစ္စလာမ်သာသနာ အစောပိုင်းကာလက မုနာဖိကူန်များ (အယောင်ဆောင် မွတ်စ်လင်မ်များ) နှင့် ယဟူဒီများ၏ အခြေအနေနှင့် ဆက်စပ်၍ ကျရောက်ခဲ့သည်။ သူတို့သည် တမန်တော်မြတ် (ဆွ) စစ်ပွဲများအတွက် ထွက်ခွာသောအခါ နောက်တွင်ကျန်ရစ်ခဲ့ကြပြီး၊ တမန်တော်မြတ် (ဆွ) ပြန်လာသောအခါ မိမိတို့ မပါဝင်ခဲ့သည့်အတွက် ကြိမ်ဆိုကြပြီး ဆင်ခြေပေးကြသည်။ ထို့နောက် မိမိတို့ မပြုလုပ်ခဲ့သော ကောင်းမှုများအတွက် ချီးမွမ်းခံရရန် လိုလားကြသည်။ ဤသို့သော အပြုအမူသည် အလ္လာဟ်အရှင်မြတ်ရှေ့တော်တွင် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။

ဤအာယသ်တော်သည် ယေဘုယျအားဖြင့် လူတိုင်းအတွက် သတိပေးချက်ဖြစ်သည်။ မည်သူမဆို မကောင်းမှုကို ပြ



📜 အာယာသ် 186-190 — စူရာ အာလ်-အိမရာန်

186۞ لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِن تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ ဧကန်မလွဲ အသင်တို့ သည် မိမိတို့အလျင်(အလ္လာဟ်အရှင်မြတ်အထံ တော်မှ) ဒေသနာတော် ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့ထံမှလည်းကောင်း၊ (အခြားအရာကိုအလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြကုန်သော သူတို့ထံမှလည်းကောင်း စိတ်နှလုံးထိခိုက် နာကြည်းဖွယ်ရာများစွာကိုလည်း အမှန်စင်စစ်ကြားကြရပေမည်။ သို့ရာတွင်မူကား အသင်တို့သည် (ဘေးဒုက္ခများနှင့် ရင်ဆိုင်ရာ၌)အကယ်၍သာ ခနီ္တတရားထားရှိကာ(အဓမ္မတည်းဟူသော မတရားမှု ခပ်သိမ်းတို့မှ) ကြဉ်ရှောင်ကြပါလျှင် ယင်း(ကဲ့သို့ သည်းခံခြင်းနှင့်မတရားမှုတို့မှ ကြဉ်ရှောင်ခြင်းတို့)သည် စိတ်ဓာတ်ကြံ့ခိုင်စွာ ပြုမူရသောအရေးကိစ္စများ အနက်ပင်ဖြစ်သည်။
187وَإِذْ أَخَذَ اللَّهُ مِيثَاقَ الَّذِينَ أُوتُوا الْكِتَابَ لَتُبَيِّنُنَّهُ لِلنَّاسِ وَلَا تَكْتُمُونَهُ فَنَبَذُوهُ وَرَاءَ ظُهُورِهِمْ وَاشْتَرَوْا بِهِ ثَمَنًا قَلِيلًا ۖ فَبِئْسَ مَا يَشْتَرُونَ
ထို့ပြင်တဝ (အသင်တို့သည် ပြန်လည် အောက်မေ့သတိရရှိကြလေကုန်) အခါတစ်ပါး၌ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အလျင်) ကျမ်းဂန်ကို ချီးမြှင်ပေးသနားတော်မူခြင်းခံကြရသောသူတို့၏ထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူခဲ့လေသည်။ မုချဧကန် အသင်တို့သည် ယင်းကျမ်းဂန် (လာတရားဒေသနာတော်များ)ကို ထိမ်ချန်မထားကြဘဲလူသားတို့ (သိစိမ့်သော)ငှာ အတိအကျ ထင်ရှားစေကြရမည်။(သို့ရာတွင်) ထိုသူတို့သည် သို့(ပဋိညာဉ် ဝန်ခံချက်ထားရှိခဲ့ကြ)ပါလျက်နှင့်ပင်၊ ယင်းကျမ်းဂန်ကို မိမိတို့၏ ကျောနောက်သို့ပစ်ထားခဲ့ကြ၏။ ၎င်းပြင် အနည်းငယ်မျှသော အဘိုးအခနှင့်ယင်းကျမ်းဂန်(လာဒေသနာတော်များ)ကို ရောင်းစားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုသူတို့လဲလှယ်ဝယ်ယူကြကုန်သောအဖိုးအခသည် အလွန်တရာမျှပင် ယုတ်ညံ့သိမ်ဖျင်း လှပေသည်တကား။
188لَا تَحْسَبَنَّ الَّذِينَ يَفْرَحُونَ بِمَا أَتَوا وَّيُحِبُّونَ أَن يُحْمَدُوا بِمَا لَمْ يَفْعَلُوا فَلَا تَحْسَبَنَّهُم بِمَفَازَةٍ مِّنَ الْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် အလျင်းမထင်မှတ်လေနှင့်။ အကြင်သူတို့သည် မိမိတို့၏ (မဟုတ်မလျား) အကျင့်မှားဖြင့် အားရဝမ်းသာ မွေ့လျော်ပျော်ရွှင်လျက်ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် မိမိတို့ မပြုခဲ့ကြသော(ကောင်းမှု)ကိစ္စနှင့်စပ်လျဉ်း၍ (လူအများ၏) ချီးမွမ်းခြင်းကိုခံလိုကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား (ဤလောကတွင်လည်း) ပြစ်ဒဏ်မှ လွတ်မြောက်ကြမည်ဟူ၍အလျင်း မထင်မှတ်လေနှင့်။ ၎င်းပြင် ထိုသူတို့အဖို့ (နောင်တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။
189وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အမှန် စင်စစ်သော်ကား အာကာသကောင်းကင်များနှင့်ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို စွမ်းဆောင်တော်မူနိုင်သော အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူပေသတည်း။
190إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ لَآيَاتٍ لِّأُولِي الْأَلْبَابِ
ဧကန်စင်စစ် အာကာသကောင်းကင်ဘုံများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊ နေ့နှင့်ညဉ့်တို့၏ ပြောင်းလဲမှု၌လည်းကောင်း နိသမ္မဉာဏ်ရှင်များအဖို့(တစ်ဆူတည်းဖြစ်တော် မူသောအလ္လာဟ်အရှင်မြတ်အားထင်ရှားသိစေနိုင်သော)သက်သေသာဓကများ မုချရှိပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
188အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 188

စူရာ အာလ်-အိမရာန် အာယာသ် 188 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် အလျင်းမထင်မှတ်လေနှင့်။ အကြင်သူတို့သည် မိမိတို့၏ (မဟုတ်မလျား) အကျင့်မှားဖြင့် အားရဝမ်းသာ မွေ့လျော်ပျော်ရွှင်လျက်ရှိကြကုန်၏။ ၎င်းပြင်…

စူရာ အာယာသ် 188/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 186–190. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers